menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

EV ကားတွေ ဘယ်လိုအလုပ်လုပ်လဲ..?


ခုကာလမှာတော့ ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်နေတဲ့အကြောင်းအရာက အားလုံးလည်း စိတ်ဝင်စားတဲ့ EVs အကြောင်းပါပဲ။ ဒါကြောင့် EV အကြောင်း ဒီပိုစ့်လေးကို မဖတ်လိုက်ရင် ခေတ်နောက်ကျသွားနိုင်ပါတယ် မိတ်ဆွေ.. 
EVs တွေက ပြုပြင်မှု ကုန်ကျစရိတ်နည်းတယ်
သဘာဝပတ်ဝန်းကျင်ကို ကောင်းကျိုးဖြစ်စေတယ် ဘာညာ စတဲ့
EVs တွေရဲ့ အားသာချက် အားနည်းချက်တွေကို တော်တော်များများလည်း သိပြီးလောက်ပြီထင်တယ်။
ဒီတော့ အခုဖော်ပြပေးမှာက EV ကားတွေမှာ ပါဝင်တဲ့ အဓိကအစိတ်အပိုင်းတွေ နဲ့ သူတို့တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာပါပဲ။ အခြေခံ စက်ပစ္စည်းတွေကစလို့ လည်ပတ်မောင်းနှင်တဲ့ ပုံစံ နဲ့ ပြုပြင်ထိန်းသိမ်းမှုတွေမEVs တွေဟာ ပုံမှန်ရိုးရိုး အင်ဂျင်ကားတွေ နဲ့ မတူတာတော့ သိမှာပါ။
EVs တွေရဲ့ အဓိက အစိတ်အပိုင်းများ
EVs တွေမှာ အဓိက အစိတ်အပိုင်း (၅) မျိုးရှိပါတယ်။
1/ Motor
2/ Reducer
3/ Battery
4/ On-board charger နဲ့
5/ Electric Power Control Unit တွေပါ။
⚡️Motor
EV မှာပါတဲ့ မော်တာဟာ လျှပ်စစ်စွမ်းအင်ကို ကားဘီးတွေကို ရွေ့လျားစေတဲ့ အရွေ့စွမ်းအင်အနေနဲ့ ပြောင်းလဲပေးပါတယ်။ အင်ဂျင်အစား မော်တာအသုံးပြုခြင်းရဲ့ အားသာချက်က ပုံမှန် ရိုးရိုးကားတွေလို ဆူညံသံ နဲ့ တုန်ခါမှု နည်းပါးတာဖြစ်ပါတယ်။ EV ကို ပထမဆုံးမောင်းဖူးတဲ့သူတွေအပြောအရ အံ့သြစရာကောင်းလောက်အောင်ကို တိတ်ဆိတ်ငြိမ်သက်ပြီး သက်သောင့်သက်သာ ငြိမ့်ငြိမ့်ညောင်းညောင်းရှိပါတယ်တဲ့။
ဒါ့အပြင် EVs တွေရဲ့ မော်တာဟာ ပုံမှန်ရိုးရိုးကားတွေရဲ့ အင်ဂျင်ထက်သေးတာကြောင့် ကားအတွင်းပိုင်းမှာ နေရာကျယ်ကျယ်ပိုရစေသလို ကားဒီဇိုင်းပိုင်းကိုလည်း အထောက်အကူပြုပါတယ်။
⚡️Reducer
Reducer ဆိုတာက သင့်တော်တဲ့ အားလယ်ဗယ်တစ်ခုကို ထုတ်ပေးနိုင်ဖို့အတွက် မော်တာရဲ့ RPM ကို လျော့ချပေးတဲ့အရာဖြစ်ပြီး မော်တာရဲ့ ပါဝါကို ကားဘီးဆီထိ ထိထိရောက်ရောက် ပို့ဆောင်ပေးပါတယ်။ EV တွေမှာသုံးတဲ့ မော်တာဟာ ပုံမှန်ကားအင်ဂျင်တွေထက် RPM များပါတယ်။ဒါကြောင့် မောင်းနှင်တဲ့အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ အားတစ်ခုရဖို့ Reducer ကနေ RPM ကိုလျော့ချပေးပါတယ်။
⚡️Battery
EV ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လျှပ်စစ်စွမ်းအင်ကို သိုလှောင်ပေးပါတယ်။ EV ကားတွေဘယ်လောက်အကွာအဝေးသွားနိုင်လဲဆိုတာ သူ့ရဲ့ Battery Capacity အပေါ်မူတည်ပြီး ဆုံးဖြတ်တာဖြစ်ပါတယ်။ Battery capacity များလေ ဝေးဝေးသွားနိုင်လေပါပဲ။ ဒါပေမယ့်
Battery capacity ပမာဏများတာနဲ့ battery ရဲ့ အရွယ်အစားနဲ့ အလေးချိန်က ကြီးမှာဖြစ်ပြီး ကားရဲ့ နေရာအကျယ်အဝန်းကို ထိခိုက်စေနိုင်ပါတယ်။
⚡️On-board Charger (OBC)
Alternating Current (AC) ကနေ Direct Current (DC) ကိုပြောင်းပေးတာ On-board Charger(OBC) ဖြစ်ပါတယ်။ပုံမှန်ရိုးရိုး အင်ဗာတာနဲ့ ဆင်တူပြီး အနှေးအားသွင်းကိရိယာတွေ ဒါမှမဟုတ် အိမ်သုံး မီးပလပ်တွေမှာ အသုံးပြုတဲ့ Portable charger တွေရဲ့ Current (AC) ကို Direct Current (DC) သို့ ပြောင်းပေးပါတယ်။ ဒါပေမယ့် အင်ဗာတာနဲ့ လုပ်ဆောင်တဲ့ ပုံစံချင်းတော့မတူပါဘူး။ On-board Charger(OBC)က အားသွင်းဖို့အတွက်ဖြစ်ပြီး အင်ဗာတာက acceleration/deceleration အတွက်ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ fast chargers တွေ support လာတာကြောင့် On-board Charger(OBC) က မလိုအပ်တော့ပါဘူး။
⚡️Electric Power Control Unit (EPCU)
EPCU လို့အတိုကောက်ခေါ်တဲ့ Electric Power Control Unit မှာ Inverter, the Low voltage DC-DC Converter(LDC) နဲ့ Vehicle Control Unit(VCU).ဆိုတဲ့ အစိတ်အပိုင်း ၃ ခုရှိပြီး ကားရဲ့လျှပ်စစ်ဓာတ်အား စီးဆင်းမှုကို ထိန်းချုပ်ထားတဲ့ Unit တစ်ခုဖြစ်ပါတယ်။
Inverter
အင်ဗာတာဟာ ကားဘက်ထရီရဲ့ DC ကို AC သို့ ပြောင်းပေးပြီး မော်တာအမြန်နှုန်းကို ထိန်းချုပ်ပေးပါတယ်။ အရှိန် ကန့်သတ်တာနဲ့ အရှိန်လျှော့ချတာတွေကို လုပ်ဆောင်ပေးသလို ကားရဲ့ မောင်းနှင်နိုင်မှုကို အမြင့်ဆုံးဖြစ်စေဖို့ကိုလည်း ဆောင်ရွက်ပေးပါတယ်။
Low voltage DC-DC Converter
အရိုးရှင်းဆုံးပြောရရင် EV’s high-voltage battery မှာပါတဲ့ high voltage electricity ကို low-voltage(12V) ပြောင်းပေးပြီး ကားရဲ့ electronic system အမျိုးမျိုးဆီကို ထောက်ပံ့ပေးတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် EV တွေရဲ့ electronic system တွေက low voltage ကိုသာသုံးတာကြောင့်ပါ။
Vehicle Control Unit
Vehicle Control Unit ဟာ EPCU ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး motor control, regenerative braking control, A/C load management နဲ့ electronic systems တွေအတွက် power supply အပါအဝင် ကားရဲ့ ပါဝါထိန်းချုပ်မှု အားလုံးနီးပါးကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဒီလောက်ဆို EV ကားတွေမှာ ပါဝင်တဲ့ အဓိကအစိတ်အပိုင်းတွေ နဲ့ သူတို့တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ဗဟုသုတအနေနဲ့ သိသွားလောက်ပြီလို့ထင်ပါတယ်။
EV ကားတွေရဲ့ Pre-Order နဲ့ ပတ်သက်ပြီး Services အသေးစိတ်သိရှိလိုပါက Phone Call & Chat Box တို့မှဖြစ်စေ ကိုယ်တိုင်လာရောက် မေးမြန်းမှုများကိုလဲ စိတ်ကျေနပ်မှုရသည်အထိ ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါတယ်။
BYD Prime Myint Myat Maung
Open Daily 9:00 AM to 5:00 PM
Hotline No.: 09-455012633/09-785012633
206 အင်းစိန်လမ်းမ(သံလမ်းမှတ်တိုင်အနီး)
13 ရပ်ကွက် လှိုင်မြို့နယ် ရန်ကုန်။
#EV #PrimeMyintMyatMaung #D1 #
 #electricvehicles #BYD

No comments:

Post a Comment

မင်္ဂလာပါ..