menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

အိမ်သုတ်ဆေး တွက်နည်း

 

အိမ်သုတ်ဆေး တွက်နည်း

~~~~~~~~~~~~~~~~~~

အခန်းတစ်ခန်း၏ နံရံများကို ဆေးသုတ်ရန် လိုအပ်သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံများ၏ အလျားနှင့် အရှည်ပေများ အားလုံးကို ပေါင်းပါ၊ ထို့နောက် ရလာသော အဖြေကို အခန်း၏အမြင့်ပေ (ကြမ်းခင်းမှ မျက်နှာကြတ် အထိ)ဖြင့် မြှောက်ပါ၊ ရလာသော အဖြေသည် ယင်းအခန်း၏ဆေးသုတ်ရမည့်   square footage ဖြစ်ပါတယ်

ဆေးသုတ်ရမည့် square footage တွက်နည်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တံခါးရွက်နှင့် ပြူတင်းပေါက်များသည် မတူညီသော ဆေးအမျိုးအစား သုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကို နုတ်ပေးရပါမည်၊ ယေဘူယျအားဖြင့် တံခါးတစ်ချပ်ချင်းစီ အတွက် (20)  square feet   နှင့်ပြူတင်းပေါက် တစ်ခုချင်းစီအတွက် (15) square feet  နုတ်ရမည် ဖြစ်ပါသည်။

ရလာသော အဖြေသည် ဆေးသုတ်ရမည့် အနီးစပ်ဆုံး နံရံဧရိယာ ဖြစ်ပါသည်၊ ယင်းဧရိယာကို တစ်ဂါလံမှာ (350) square feet   ရှိတဲ့အတွက် (350) ဖြင့် စားလိုက်ပါက နံရံအတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)ကို ရရှိပါမည်၊ အဖြေတွင် စားကြွင်းက (0.5) ထက်နည်းပါက ကွာတား (2) ဗူးဖြင့် လုံလောက်နိုင်သော်လည်း (0.5) ထက်များပါက (1) ဂါလံ ဝယ်ရပါမည်။

14 × 20   ပေအခန်း အမြင့် (😎 ပေ တံခါး (2) ပေါက်၊ ပြူတင်းပေါက် (2) ခုရှိသော အခန်းကို ဥပမာ အနေနဲ့ တွက်ပြပေးပါမည်။

ceiling ဆေးတွက်ဆမှု

~~~~~~~~~~~~~~~~

ceiling ၏ အလျားပေ x အနံပေ =  ceiling area 

14 × 20 = 280 Square feet 

Ceiling  အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)

280 ÷ 350 = 0.8 

ထိုအဖြေအရ  ဆေးတစ်ထပ် သုတ်ရန် (1) ဂါလံ လိုအပ်ပါမည်၊ (2) ထပ်သုတ်လျင် (2) ဂါလံလိုအပ်ပါမည်။

နံရံဆေးတွက်ဆမှု

~~~~~~~~~~

နံရံတစ်ချပ်ချင်းစီ၏ အလျားပေကို ပေါင်းပါ။

14 + 20 + 14 + 20 = 68 ပေ

နံရံဧရိယာ တွက်ရန် အဖြေကို နံရံအမြင့်ပေဖြင့် မြှောက်ပါ။

68 × 8 = 544 square feet  

ဆေးတကယ်သုတ်ရန် လိုအပ်သောနံရံ ဧရိယာကို ရှာရန် တံခါး (1) ချပ်စီတိုင်း အတွက် (20 ) ft   နုတ်ပါ (   20 × 2 = 40 ) ပြူတင်းပေါက် တစ်ခုချင်းစီတိုင်း အတွက်  (15) ft  နုတ်ပါ (  15×2 = 30 )

544 - 70 = 474 square feet

နံရံ အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)

474 ÷ 350 = 1.4 

ထိုအဖြေအရ နံရံ ဆေးတစ်ထပ် သုတ်ရန် (1) ဂါလံ (2) ကွာတားနှင့် (2) ထပ်သုတ်လျင် (2) ဆ လိုအပ်ပါမည်။

တံခါးနှင့် ပြူတင်းပေါက် ဆေးတွက်ဆမှု

~~~~~~~~~~~~~~~~~~~~~~~~~~~~

20 square feet   = တံခါး (1) ချပ် 

တံခါးအရေအတွက်ကို (20) ဖြင့် မြှောက်ပါ။

   2 ×20= 40 square feet  

ပြုတင်းပေါက် အရေအတွက်ကို (7.5) ဖြင့်မြှောက်ပါ။

  .

2 × 7.5 = 15 square feet 

ထိုနောက် ရလာတဲ့ အဖြေများကို ပေါင်းပါ။

40 + 15 = 55

ပြီးလျှင် 350 ဖြင့်စားပါ။

   54 ÷ 350 = 0.16

ထိုအဖြေအရ  တံခါးနှင့် ပြူတင်းပေါက် အတွက် ဆေး (1) ကွာတား ဝယ်ဖို့ လိုအပ်မည် ဖြစ်ပြီး တံခါးနှင့် ပြူတင်းပေါက် တို့အား နှစ်ဖက်စလုံး သုတ်မည်ဆိုပါက အဖြေကို (2) ဖြင့် မြှောက်ရမည် ဖြစ်ပါသည်။

မူရင်း​ရေးသားသူအား​လေးစားလျှက်

No comments:

Post a Comment

မင်္ဂလာပါ..