menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

အဝတ်လျှော်စက် ဝယ်မယ်ဆိုရင် တစ်ခန်း-နှစ်ခန်း ဘယ်ဟာရွေးမလဲ

 

အဝတ်လျှော်စက် ဝယ်မယ်ဆိုရင် တစ်ခန်း-နှစ်ခန်း ဘယ်ဟာရွေးမလဲ

++++++++++++++

အဝတ်လျှော်စက်ဝယ်တော့မယ် ဆိုရင်ဘယ်လိုBrand ပဲဖြစ်ဖြစ်အဓိက ၁။ fully auto ( တစ်ကန် ) နဲ့ ၂။ semi auto ( နှစ်ကန် ) ဆိုပြီး ၂ မျိုး လာပါတယ်။ဟုတ်ကဲ့ fully auto ဆိုတာက တစ်ကန် ပါ။ လျှော်တာရော ညှစ်တာပါ တစ်ကန်တည်းနဲ့ အလုပ်လုပ်တာပါ။semiauto ကတော့ နှစ်ကန် ပါ။ လျှော်တာက တစ်ကန် ညှစ်တာက တစ်ကန် ခွဲထားတာပါ။အလွယ် ပြောရင်တော့ တစ်ကန်က fully auto ဖြစ်တဲ့ အတွက် ပိုကောင်းတယ်လို့ ယူဆ ရပါမယ် ။ ဒါဆို နှစ်ကန်က မကောင်းဘူးလား ဆိုတော့လည်း မဟုတ်ပါဘူး။


တစ်ကန် ပဲဖြစ်ဖြစ် နှစ်ကန် ပဲဖြစ်ဖြစ် အားသာချက် အားနည်းချက် ကိုယ်စီ ရှိကြပါတယ်။အဲတော့ တစ်ခုချင်းစီရဲ့ အားသာချက် အားနည်းချက် တွေကို အသေးစိတ် သိရှိနိုင်ဘို့ ခွဲပြီး ရေးပြ ပေးပါမယ်။၁။ Fully auto ( တစ်ကန် ) – Fully auto ကတော့ အားလုံး auto ပါ။ လူက ဘာဆို ဘာမှ လုပ်ပေးစရာ မလိုဘူးဗျ။ ရေထည့်ဘို့ အတွက် ဘုံဘိုင်ခေါင်းမှာ ရေပိုက်အပြီး တပ်ထား ပေးရမှာပါ။ ဘုံဘိုင်ခေါင်း ကိုလည်း အမြဲဖွင့်ထား ပေးရမှာပါ။ ရေအထွက်ပိုက်လည်း အဆင်သင့် တပ်ပေး ထားရပါမယ်။ အဲတာတွေကလည်း ပိုက်သမား တစ်ယောက် ခေါ်လုပ်လို့ ရပါတယ်။


ရေအဝင်ပိုက် အထွက်ပိုက် join ပြီးသွားတာနဲ့ အဝတ်လျှော်စက် စ သုံးလို့ ရပါပြီ။ သုံးတော့မယ် ဆိုရင်လည်း လွယ်ပါတယ်။အဝတ်ထည့် ဆပ်ပြာထည့် power ခလုတ်နှိပ် ပြီး start ခလုတ်နှိပ် လိုက်ရုံပါပဲ။ ဘုံဘိုင် အသေဖွင့်ထားပြီး မို့လို့ ရေလည်း auto ဝင်မှာပါ။ ထည့်ထားတဲ့ အဝတ်အနည်း အများပေါ်မူတည်ပြီး ရေလိုသလောက် auto ဖြည့်ပေးမှာပါ။ လျှော်တာရော ညှစ်တာပါ အားလုံး လုပ်သွားမှာပါ။ အားလုံး ပြီးသွားပြီ ဆိုရင်တော့ ပြီးဆုံးကြောင်း alarm မြည်ပြီး ပါဝါအားလုံး ပိတ်သွား မှာပါ။ အဲတော့မှ အဝတ်ထုတ် လှန်းရုံပါပဲ။ လူအရမ်း သက်သာပါတယ်။အားနည်းချက်။ ။ Fully auto အဝတ်လျှော်စက် တစ်လုံး အသုံးပြု တော့မယ် ဆိုရင် သူ့အတွက် နေရာတစ်ခု အသေ သတ်မှတ်ပြီး ရေဝင်ဘို့ ရေထုတ်ဘို့ စီစဉ်ပေးထားရပါမယ်။

အဝင် ရေအား ကောင်းဘို့တော့ လိုပါတယ်။ ရေဝင်အား ကောင်းအောင် ရေစည် တစ်ခုကို အနည်းအဆုံး ၁၀ပေခန့့် အမြင့်မှာ တင်ထားပေးရပါမယ်။ ရန်ကုန်တိုက်ခန်းတွေလို ရေချိးခန်းပေါ် တင်ထားတဲ့ ရေစည် အမြင့်မျိုး နဲ့ဆိုရင် လျှော်စက်ထဲ ရေဝင်နိုင်မှာ မဟုတ်ပါဘူး။အဲအတွက် pressure pump ဆင်ပေးရပါမယ်။ အဲ pressure pump အတွက်ပဲ တပ်ဆင်ခ အပါ ၅၀၀၀၀၊ ၆၀၀၀၀ လောက် ထပ်ကုန်ပါမယ်။ အဓိက ပြောချင်တာကတော့ တစ်ကန် အဝတ်လျှော်စက်တွေဟာ စက်တန်ဘိုး စျေးကြီးသလို အသုံးမပြုခင် သူ့ရဲ့ လိုအပ်ချက်တွေ ပြည့်စုံအောင် ဖန်တီး ပေးရတာပါ။Japanကလာတဲ့110V fully auto အဝတ်လျှော်စက် တွေမှာတော့


ရေတိုင်ကီ အမြင့် ရှိစရာမလို ရေအဝင် အား မကောင်းလည်း pressure pump ဝယ်သုံးစရာ မလိုအောင် အဝတ်လျှော်စက်ထဲမှာ pump ထည့်ပေး ထားတဲ့ အမျိုးအစားတွေ ရှိပါတယ်။အဝတ်လျှော်စက်က ပိုက်ကို ဘေးက ရေတိုင်ကီတစ်ခုခု သိို့မဟုတ် ရေပုံးတစ်ခုခုထဲ နှစ်ထားရုံနဲ့ auto ရေစုပ်ယူပြီး အစအဆုံး လျှော်ပေးသွားမှာပါ။ အဲလို ဆိုရင်တော့ pump ဆင်ရတဲ့ ကုန်ကျစရိတ်တွေ၊ အလုပ်ရှုပ်တာတွေ အများကြီး သက်သာ သွားမှာပါ။အားသာချက် ။ ။ သူ့ရဲ့ လိုအပ်ချက်တွေ အားလုံး ပြည့်စုံအောင် ဖန်တီး ပေးပြီးရင်တော့ အရမ်းကို လွယ်ကူ အဆင်ပြေ သွားပါတယ်။


ခလုတ်တစ်ချက် နှိပ်ရုံနဲ့ ရေထည့်တာ လျှော်တာ ရေထုတ်တာ ညှစ်တာ အားလုံး လူက ဘာဆိုဘာမှ လုပ်ပေးစရာ မလိုပဲ အစ အဆုံး ပြီးမြောက်စေပါတယ်။အားနည်းချက် ။ ။ နောက်ထပ် အားနည်းချက်က ရေမသန့်ရင် ရေဝင် valve ခဏခဏ ဆိုသလို လဲ ရတတ်ပါတယ်။ မီးအား အတက် အကျများရင် ( သို့ ) circuit ထဲ ရေဝင်တာမျိုး ဖြစ်ရင် control circuit တွေ ပျက်လေ့ပျက်ထ ရှိပါတယ်။ fully auto ဖြစ်လို့ control တွေ sensor တွေ နဲ့ တစ်ခြား အစိတ်အပိုင်း တွေ မြောက်များစွာ ပါရှိတဲ့ အတွက် ပျက်မယ်ဆိုရင် ပျက်စရာ အစိတ်အပိုင်းတွေ အများကြီး ရှိပါတယ်။


နောက်တစ်ခုက အသုံးပြုပုံ instruction ပါပေမယ့် မဖတ်ဖြစ်ကြတဲ့အတွက် လူတိုင်းလိုလို ချက်ချင်း အကျွမ်းတစ်ဝင် အသုံ မပြုတတ် ကြပါဘူး။ တစ်ချို့ ဆိုရင် နှစ် အတော်ကြာကြာ သုံးလာတာတောင် လျှော်ရုံပဲလျှော်ရင် ဘယ်လိုနှိပ် ရမလဲ၊ ညှစ်ရုံပဲ ညှစ်ရင် ဘယ်လိုနှိပ် ရမလဲ၊ မသိကြပါဘူး။အားသာချက် ။ ။ နောက်ထပ် အားသာချက် တစ်ခုကတော့ မော်တာနဲ့ ဂီယာအုံ တော်တော်နဲ့ မပျက်တဲ့ အတွက် control ပိုင်း လုံးဝပြင်လို့ မရတော့ဘူး ဆိုရင်တောင် တိုင်မာ တစ်လုံး ခလုတ် တစ်ခု ထည့်ပြီး semi auto အဖြစ် ပြောင်းသုံးလို့ ရပါတယ်။ ကျွန်တော် ပြောင်းပေး ဘူးတဲ့ အလုံး တော်တော်များများကတော့ ထပ်ကို မပျက်တော့ဘူးဗျ။ မပျက်ဆို ပျက်စရာလည်း ဘာမှ မရှိတော့ဘူးလေ။


၂။ Semi auto ( နှစ်ကန် ) ( Manual ) – semi auto ကတော့ manual အမျိုးအစားပါ။ လျှော်ကန် နဲ့ ညှစ်ကန်် ၂ကန် ပါ ပါတယ်။ အလုပ် လုပ်ပုံက ရှင်းပါတယ်။ အားလုံး လိုလို လူကိုယ်တိုင် လုပ်ပေး ရပါတယ်။ အရင်ဆုံး အဝတ်ထည့် ဆပ်ပြာထည့် ရေထည့် ပေးရတယ်။ ရေပေါ်မှာ အဝတ်တွေ ပေါ်လာပြီ ဆိုရင် လျှော်လို့ ရပါပြီ။ ရေ မနည်း မများဘို့ ဂရုစိုက်ပေးရပါမယ်။လျှော်မယ်ဆို လျှော် timer လှည့်ပေးရပါမယ်။ လျှော်ချိန် ပြည့်သွားရင် ရေထုတ်ဗား လှည့်ပြီး ရေထုတ် ပေးရပါမယ်။အဲပုံစံ အတိုင်း ဆပ်ပြာမထည့်ပဲ နောက်တစ်ခါ ထပ်လျှော်ပေး ရပါမယ်။ ပထမ လျှော်ထားတဲ့ ဆပ်ပြာရေ ကို ဆေးတဲ့ သဘောပါ။ပြီးရင်တော့ လျှော်ထားတဲ့ အဝတ်တွေကို ညှစ်ကန်ဘက် ပြောင်းထည့်ပေးရပါမယ်။ ညှစ် timer လှည့်ပြီး ရေညှစ်ပေးပါ။


ပြီးရင်တော့ အဝတ်တွေထုတ် နေလှန်းနိုင်ပါပြီ။ ခြောက်လုနီးပါး အထိ ညှစ်ပေးတာ မို့လို့ လေသလပ် ခံပေးရုံနဲ့တင် ခြောက်နိုင်ပါတယ်။ ဒါပေမယ့် အစအဆုံး လူ လိုက်လုပ် ပေးနေရတော့ အလုပ်တော့ နဲနဲ ရှုပ်မယ်ဗျ။အား နည်းချက်။ ။ Semi auto သုံးစွဲသူတွေဟာ လျှော်ကန်ထဲကို ရေ ထည့်ပေးရမယ်။ လျှော်ဘို့ လျှော်တိုင်မာလှည့် ပေးရမယ်။ ရေထုတ် ခ လုတ် လှည့်ပြီး ရေထုတ် ပေးရမယ်။ လျှော်ပြီးသား အဝတ်တွေကို ညှစ်ကန်ဘက် ပြောင်းထည့်ပြီး ညှစ်တိုင်မာလှည့် ပေးရမယ်။ အဲဒီလို သုံးစွဲသူ ကိုယ်တိုင် တစ်ဝက်တစ်ပျက် ပါဝင် ကူညီ ပေးနေရတာဟာ နှစ်ကန်တွေရဲ့ အဓိက အားနည်းချက်ပါ


အားသာချက် ။ ။ Semi auto ( နှစ်ကန် ) တွေရဲ့ အဓိက အားသာချက်ကတော့ တပ်ဆင်ရလွယ်ကူတာပဲ ဖြစ်ပါတယ်။ နေရာ အသေထားစရာ မလိုဘူး။ ရေစင် အမြင့် ရှိဘို့ မလိုဘူး။ ရေအား ကောင်းဘို့ မလိုဘူး။ pressure pump မလိုဘူး။ ပိုက်သမား ခေါ်ဆင်ဘို့ မလိုဘူး။ ကြိုက်တဲ့ နေရာမှာ ကြိုက်သလိုထား။ ရေကို ပုံးနဲ့ ခပ်ထည့်လည်း ရတယ်။ ဘုံဘိုင်နဲ့ ဆက်ပြီး ထည့်လည်း ရတယ်။အားနည်းချက်။ ။ Semi auto တွေမှာ လျှော်ကန်ထဲက အဝတ်တွေကို ညှစ်ကန်ထဲကို ပြောင်းထည့်တဲ့ အခါ အဝတ်တွေကို ညှစ်ကန်ရဲ့ အလယ်တည့်တည့်မှာ ဖိထည့် ပေးမှ အဆင်ပြေမှာပါ။


အဲလိုမဟုတ်ဘဲ အဝတ်တွေ တစ်ဘက်ကပ် နေတာမျိုး ဆိိုရင် ညှစ်ကန် လည်တဲ့အခါမှာ unbalance ဖြစ်ပြီး မလည်နိုင်ဘဲ ဘေးရမ်းပြီး ဒုန်းဒုန်း ဒုန်းဒုန်း အသံဆူနေ ပါလိမ့်မယ်။ အဲဒါဆိုရင် အဖုံးလှန်ပြီး အဝတ်တွေ သေချာပြန်ထည့် ပေးရပါတယ်။ ဒါကတော့ နှစ်ကန်တွေရဲ့ မပြောပလောက်တဲ့ အားနည်းချက် ပေါ့နော်။အားသာချက် ။ ။ Semi auto ( နှစ်ကန် ) တွေဟာ လူတိုင်း လွယ်ကူစွာ အသုံးပြုနိုင်တယ်။ ခလုတ် မနှိပ်တတ်စရာမရှိဘူး။ ခလုတ်တိုင်းရဲ့ အလုပ်လုပ်ပုံ ကို လူတိုင်းနားလည် လွယ်တယ်။ ပါဝင် ဆက်စပ် ပစ္စည်း အနည်းငယ်သာ ရှိတဲ့ အတွက် fully auto ထက်စာရင် ပျက်ခဲတယ်၊ပျက်ရင် ပြင်ရ လွယ်တယ်။ အပိုပစ္စည်း ပေါတယ်

အားနည်းချက်။ ။ ပျက်ခဲတယ်၊ ပျက်ရင် ပြင်ရ လွယ်တယ်၊ ဆိုပေမယ့် မော်တာနဲ့ ဂီယာအုံ မှာတော့ fully auto လောက် မခံဘူးဗျ။ ဒါလည်း အားနည်းချက်ပဲလေ။အားသာချက် ။ ။ Semi auto မှာ fully auto ထက်သာတဲ့ အရည်းအချင်း ကတော့ တပြိုင်တည်း အလုပ်နှစ်ခု ခိုင်းနိုင်တာပဲ ခင်ဗျ။ တစ်ဖက်မှာ လျှော်နေတုန်း တစ် ဖက်မှာ ညှစ်ထားလို့ ရတယ် ခင်ဗျ။ကဲ . . . အဝတ်လျှော်စက် အမျိုးအစား တွေရော အသုံးပြုပုံံ တွေရော နားလည်လွယ်အောင် တတ်နိုင်သလောက် ကြိုးစား ရှင်းပြ ပေးထားပါတယ် ခင်ဗျာ။ မိမိအိမ်နဲ့ ဘယ်လို အမျိုးအစားမျိုး ဝယ်သုံးရင် အဆင်ပြေမလဲ ဆိုတာ ဆုံးဖြတ်ဘို့ လွယ်သွားလောက်ပါပြီ။


နောက်ထပ် အားနည်းတာ အားသာတာလေးတွေ တွေ့ရင်လည်း ထပ်ဖြည့် ပေးပါဦးမယ် ခင်ဗျာ။မသိသေးသူများအတွက် အနည်းငယ်မျှ အထောက်အကူ ဖြစ်စေဘို့ ကိုယ်သိသလောက် မျှဝေ ပေးတာပါခင်ဗျာ။အဲဒီ အားသာချက် အားနည်းချက် တွေကို နှိုင်းယှဉ်ပြီး ကိုယ့်အိမ်မှာ ဘာသုံး ရင် သင့်တော်မလဲ ဆိုတာ ဆုံးဖြတ်လို့ ရနိုင်ပါပြီ ခင်ဗျား။ ။မှတ်ချက်။ ။ နေ့စဉ် ကိုယ်လျှော်ရမယ့် အဝတ်ပမာဏ ပေါ်မူတည်ပြီး kg အနည်းအများ ရွေးဝယ်ဘို့တော့ လိုအပ်ပါတယ်။တစ်ချို့က စောင်တွေ ခြင်ထောင်တွေပါ တစ်ခါတည်း လျှော်လို့ရအောင်ဆိုပြီး kg ကြီးကြီး လိုချင်တတ်ကြပါတယ်။ kg ကြီးတိုင်းလည်း မကောင်းပါဘူး ခင်ဗျ။ အိမ်မှာ လူ နှစ်ယောက် သုံးယောက်ပဲ ရှိတယ်။


တစ်နေ့ကို အဝတ် ၁၀ထည် ၁၅ထည်လောက်ပဲ လျှော်မယ်ဆိုရင် 5.5 kg, 6kg လောက်ဆို အဖိုးနည်းဝန်ပါ လုံလောက်ပါပြီ ခင်ဗျ။kg ကြီးရင် ပိုက်ဆံ ပိုကုန်၊ ရေလည်း ပိုကုန်သလို မီးလည်း ပိုကုန်ပါတယ်။ အရွယ်အစားကြီးလို့ နေရာလည်း ပိုယူသလို ရွှေ့ရ ပြောင်းရလည်း ခက်ခဲ ပါမယ်။ တစ်ကယ် လိုအပ်မှသာ kg အကြီး ဝယ်သင့်ပါတယ် ခင်ဗျာ။အိမ်သုံးဆိုရင် 4.5 kg ကနေ 8 kg အထိ ရှိိပါတယ်။ ကိုယ် ဝယ်မယ့် အဝတ်လျှော်စက် ဘယ်လောက် kg ရှိလည်း ဆိုတာကတော့ စက်ရဲ့ မော်ဒယ် နံပါတ်ကို ကြည့်ပြီး သိနိုင်ပါတယ်။ဥပမာ ။ ။ SANYO မော်ဒယ်နံပါတ် ASW- 70A ( W ) ဆိုရင် 70 ပါတဲ့အတွက် 7.0 kg။SANYO မော်ဒယ်နံပါတ် ASW- 60A ( W ) ဆိိုရင် 60 ပါတဲ့အတွက် 6.0 kg ဆိုပြီး အလွယ် သတ်မှတ်နိုင်ပါတယ်။ အားလုံး ကျန်းမာ ချမ်းသာ စိတ်ချမ်းမြေ့ ပျော်ရွှင်ကြပါစေ။

Credit – ကိုထိုက် ( မေတ္တာအိမ် )

No comments:

Post a Comment

မင်္ဂလာပါ..