menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Free fonts download

 


    Computer တစ်လုံး ပိုင်ဆိုင်ထားပြီဆိုရင် အရေးကြီးဆုံး လုပ်ဆောင်ရမယ့် အချက်ထဲမှာ မြန်မာဖောင့် ထည့်သွင်းခြင်း ဖြစ်ပါတယ်.. ဒီနေရာမှာ သုံးဆွဲသူ User အလိုက် လုပ်ငန်းအတွက်လား၊ ရုံးအတွက်လား၊ သင်တန်းအတွက်လား၊ နောက်ဆုံး ကုန်ကုန်ပြောရရင် အပျင်းပြေ သုံးမယ့်သူများအတွက်အတွက်ပါ မဖြစ်မနေ ထည့်ရမှာတော့ မြန်မာဖောင့်တွေပဲဖြစ်ပါတယ်..   တချို့ကြတော့ ဇော်ဂျီလက်ကွက်ရိုက်ရတာ အသားကျနေတဲ့သူများအတွက်တော့ Zawgyi fonts များကိုပဲ သုံးနေတာ တွေ့ရပါတယ်..  International အဖြစ်သုံးချင်သူများအတွက် Pyidaungsu fonts များကို သုံးသင့်ပါတယ်..
    တခြားသော Photoshop, Design, Video Edit လုပ်မယ့်သူများအတွက်တော့.. မဖြစ်မနေ ထည့်ရမှာက မြန်ဖောင့် အလှများ ဖြစ်ကြသော Win fonts, Yamin fonts, YG fonts အစရှိသော ဖောင့်အလှများပဲဖြစ်ပါတယ်.. အဲဒါတွေအားလုံးကို စုမိဆောင်းမိထာားသလောက် သုံးဆွဲသူများ အဆင်ပြေ လွယ်ကူစေရန်  ပြန်လည် တင်ပြပေးထားပါတယ်.. 

ဒီနေရာမှာ တစ်ခုပြောရမှာက
ယမင်းဖောင့်များကိုလည်း ငွေကြေးနဲ့ ရောင်းချပါတယ်.. (စီးပွားရေးအတွက်ဆိုတာကိုလည်းလက်ခံပါတယ်..) သူသူကိုယ်ကိုယ် အပင်ပန်းခံပြီးလုပ်ထားရတာပါ. အလကားတော့မရပါဘူး.. သို့သော်လည်း ဒီဖောင့်တွေထဲက တချို့တဝက်ကို   admin ကိုယ်တိုင်ဝယ်ထားတာ ဖြစ်တဲ့အတွက် ဝယ်ယူပြီး ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ်..  ထည့်သွင်းနည်း မသိတဲ့သူများကတော့ ဒီနေရာမှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်.. 

ဖောင့်များအတွက် အောက်လင့်များမှာ ဒေါင်းယူနိုင်ပါတယ်..


Pyidaungsu fonts - Download Here

Zawgyi fonts - Download Here

Yamin fonts - Download Here

Win fonts - Download Here

No comments:

Post a Comment

မင်္ဂလာပါ..