menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

စက်ဘီးဘာကြောင့်စီးသင့်တာလဲ?

 


✅ စက်ဘီးဘာကြောင့်စီးသင့်တာလဲ? ✅
စက်ဘီးစီးခြင်းဟာ မပင်ပန်းဘဲ လုပ်လို့ရတဲ့ Work Out ဆိုရင်ယုံမလား?
ဘာလို့လဲ? 🤔
စက်ဘီးစီးခြင်းက ရုပ်ပိုင်းဆိုင်ရာမက စိတ်ပိုင်းဆိုင်ရာမှာပါ အတော်ကောင်းမွန်စေပါတယ်နော်။
သုတေသန ပြုလုပ်ချက်များအရ စက်ဘီးစီးသူများဟာသာမန်လူများထက် ကျန်းမာရေး ၂၅%ပိုမိုကောင်းမွန်နေတာကို တွေ့ရှိရပါတယ်❤️ 
စက်ဘီးစီးခြင်းက ဘယ်လိုကောင်းကျိုးတွေရမလဲဆိုတာ တချက်ဖတ်ကြည့်လိုက်တော့နော် မိတ်ဆွေတို့ 😉
1️⃣ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းစေတယ် ။ 
ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် နေ့စဉ်ကျန်းမာစွာလှုပ်ရှားဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုရှိဖို့မဖြစ်မ‌‌ေနလိုအပ်ပါတယ်။ကိုယ်လက်လှုပ်ရှားမှုတွေ အများကြီးထဲကမှ 
စက်ဘီးစီးခြင်းက အကောင်းဆုံးပါပဲ။ပေါင်တွေ ခြေသားလုံးကြွက်သားတွေအတွက်ကောင်းတဲ့အပြင် ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးပါ 
လှုပ်ရှားရတဲ့အတွက်ကြောင့် ကိုယ်ကာယတစ်ခုလုံးကို ကြံ့ခိုင်သန်စွမ်းစေပါတယ်ခင်ဗျာ။👍
2️⃣ နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ် ။
စက်ဘီးစီးခြင်းဟာ အသက်ရှုခြင်းနဲ့ နှလုံးကျန်းမာရေးကိုပိုမိုကောင်းမွန်စေတဲ့အတွက် ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။ နောက်ပြီး စက်ဘီးနင်းတဲ့အခါ 
ခြေထောက်ကြွက်သားတွေကို အဓိကထားရတဲ့အတွက် နှလုံးခုန်နှုန်း ပိုမြန်စေပြီး သက်လုံပိုမိုကောင်းမွန်ကောင်းမွန်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောဆိုင်ရာ
ကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။
3️⃣ စိတ်ဖိစီးမှုကိုလည်းဖြေဖျောက်စေပါတယ် ။
စက်ဘီးစီးခြင်းဟာရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပဲကောင်းမွန်တယ်ထင်နေရင်တော့ သင်မှားသွားပါပြီနော်။
စက်ဘီး နင်းတာဟာ ဈာန်ဝင်နေသလိုမျိုး စီးမျောနေတဲ့အတွက်ကြောင့် စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ စက်ဘီးစီးခြင်းက သဘာဝတရားကြီးရဲ့ အလှအပ တွေနဲ့ထိတွေ့ဖို့ အနီးစပ်ဆုံးပြီးဖြစ်ပြီး 
အချိတ်ဆက်မိဖို့လည်း အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။
4️⃣ ခန္ဓာကိုယ်တွင်းပိုင်းအဆီများလျော့ကျ‌စေတယ်
သာမန်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းက အရေပြားအောက်က အဆီများကိုလျော့ကြစေပေမယ့်၊ စက်ဘီးခြင်းဟာ ကျွန်တော်တို့ရဲ့မမြင်ရတဲ့ဝမ်းတွင်းကလီစာ တဝိုက်အဆီများကိုပါ လျော့ကြစေဖို့ အကောင်းဆုံး အားကစားတခုလည်းဖြစ်နေပြန်ပါတယ်ခင်ဗျ။
ဒါတွေကတော့ စက်ဘီးစီးခြင်းရဲ့ နောက်ကွယ်က ကောင်းကျိူးတွေထဲကမှ အချို့အချက်တွေပဲဖြစ်ပါတယ်။
#Kokyawbicycleshop

No comments:

Post a Comment

မင်္ဂလာပါ..