menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Toyota Myanmar ကားများအကြောင်း

 




မကြာခင်ကမှ ကားထုတ်လုပ်မှုရပ်ဆိုင်းထားတဲ့ SKD/CKD ကားတွေအပါအဝင် JDM လို့လူသိများတဲ့ (ဂျပန်တစ်ပတ်ရစ်)  ကားဟောင်းတွေကို   အကြောင်းစုံလေ့လာသိရှိနိုင်ဖို့ အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်⏬

၁ #JDM  ( Japanese Domestic Market )

JDM ဆိုတာ ဂျပန်ပြည်တွင်းသုံးဖို့ သီးသန့်ထုတ် လုပ်ထားတဲ့ ဂျပန်နိုင်ငံစက်ရုံထုတ်ကားများဖြစ်ပြီး၊ သူတို့နိုင်ငံမှာ အသုံးပြုခွင့်မရှိတော့တဲ့ကားများ၊  (နောက်တစ်ခုက) ရေနစ်မြှပ်တာတို့၊ မုန်တိုင်းမိပြီး ပျက်ဆီးသွားတာတို့ အဲ့ဒီလို ကားမျိုးတွေကို မြန်မာနိုင်ငံက မှာယူတင်သွင်းပြီး အခွန်အမျိုးမျိုးပေးဆောင်စေကာ ယနေ့အချိန်အထိ မြန်မာနိုင်ငံမှာ ကောင်းပါတယ်ဆိုတဲ့ နာမည်တစ်လုံးကိုရရှိထားပြီး မြန်မာနိုင်ငံ ယာဥ်အစီးရေအားလုံးရဲ့ ၇၅% ခန့်ရှိသောကားများမှာ JDM လို့ခေါ်တဲ့ ဂျပန်တစ်ပတ်ရစ် Used ကားများပင်ဖြစ်သည်။ (ဥပမာ- Toyota Mark2 ၊ Honda Fit တို့လိုကားအမျိုးအစားတွေပါ)

၂ #SKD  ( Semi Knock Down )

SKD စနစ်နဲ့ ထုတ်လုပ်တင်သွင်းတဲ့နိုင်ငံတွေကတော့

ဂျပန်၊ တရုတ် နဲ့ ထိုင်း နိုင်ငံတို့လောက်သာရှိနေပြီး

ဂျပန်နိုင်ငံထုတ်ဆို အများသိကြတဲ့ Suzuki ၊ Isuzu တို့လိုကားမျိုးတွေကို ဆိုလိုတာပါ။ ၎င်းကားအမျိုးအစားတွေ ဘယ်လိုပုံစံနဲ့ ထုတ်လည်းဆိုရင် သက်ဆိုင်ရာ နိုင်ငံအလိုက် သူတို့ကားကုမ္ပဏီတွေကနေတဆင့် ထုတ်လုပ်မည့်မော်တော်ယာဥ်တစ်စီးလုံးစာ Parts (အစိတ်အပိုင်း) တွေကို ရေကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံကိုတင်သွင်းသယ်ဆောင်လာပြီး ရန်ကုန်မြို့ရှိ သီလဝါ Suzuki Myanmar Co.,Ltd တို့လို ကားစက်ရုံကြီးတွေမှာ အစ အဆုံး တစ်ခုချင်းစီ အဆင့်ဆင့် ထုတ်လုပ်တပ်ဆင်ပြီး Showroom တွေကနေတစ်ဆင့် ရောင်းချပေးနေတဲ့ ယနေ့ခေတ် Suzuki Swift၊ Suzuki Ciaz၊ Suzuki Ertiga တို့လို Brand New 0 Km ကားမျိုးတွေပဲဖြစ်ပါတယ်။ 

၃ #CKD  ( Completely Knocked Down )

CKD ဆိုတာကတော့ SKD လို ကားအစိတ်အပိုင်းတွေကိုပြည်ပကနေတင်သွင်းနေစရာမလိုတော့ဘဲ ဒီနိုင်ငံရှိ သက်ဆိုင်ရာ ကားစက်ရုံတွေမှတင် အစိတ်အပိုင်းအားလုံးထုတ်လုပ်ပြီးတပ်ဆင်နေတဲ့

Brand New ကားအသစ်များပင် ဖြစ်ပါသည်။ 

၄ #CBU  ( Completely Built-Up )

CBU ဆိုတာကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ မော်တော်ကားကုမ္ပဏီအားလုံးက ထုတ်လုပ်ရောင်းချနေတဲ့ ( US $ ) ဖြင့်ငွေပေးချေရသော လက်ရှိမြန်မာနိုင်ငံမှာ တင်သွင်းခွင့်ပိတ်ထားတဲ့

ပြည်ပတင်သွင်းယာဥ်လို့ လူသိများကြတဲ့ သိန်းထောင်ကျော်တန်  Brand New ကား အသစ် စက်စက် ကြီးတွေကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

(ဥပမာ- Toyota Landcruiser 2022 Model ၊ BMW/Marcedes / Audi/ Mazda/ Porsche တို့လိုကားအမျိုးအစားတွေပဲဖြစ်ပါတယ်)

ဒါဆိုရင် မိမိတို့ စီးနေတဲ့ မော်တော်ယာဥ်ဟာ မည့်သည့်အမျိုးအစားထဲတွင် ပါဝင်တယ်ဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်။ ( သိပြီးသားသူတွေလည်း များစွာရှိနေမှာပါ ) ဗဟုသုတအဖြစ် ရေးသားမျှဝေခြင်းသာ ဖြစ်ပါသည်။ 

စိတ်ဝင်စားစရာ ကားအကြောင်းအရာတွေနဲ့ ကားစျေးကွက်အခြေနေတွေကို အမြဲတမ်း Sharing လုပ်ပေးနေတာဖြစ်လို့  Page ကို Like & Follow လုပ်ထားကြဖို့လည်းမမေ့ပါနဲ့ခင်ဗျာ🙏

မူရင်း = Page Link⏬

https://www.facebook.com/Vehicle-Like-Myanmar-107131481702365/

အားလုံးကိုချစ်ခင်လေးစားလျှက်

#Vehicle_Like_Myanmar

#JDM

#SKD

#CKD

#CBU

No comments:

Post a Comment

မင်္ဂလာပါ..