menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ပုံနှိပ် လုပ်ငန်းသုံး စာရွက် အချိုးတွက်နည်း

 

ပုံနှိပ် လုပ်ငန်းသုံး စာရွက် အချိုးတွက်နည်း


( အပိုင်း - ၁ )

****************************

ကျနော်တို့ ပုံနှိပ်သမားတွေ သုံးတဲ့စာရွက်တွေထဲမှာ ချွင်းချက် တချို့ကို ထားခဲ့ပြီး အသုံး အများဆုံး စာရွက်ဆိုဒ်တွေနဲ့ အရင်ဆုံး မိတ်ဆက်ပေးပါရစေ... စာရွက်ဆိုဒ်တွေကတော့ 

• Wood free (or) ကိုရီးယားစာရွက် (W/F)

========================

မိတ္တူ ဆိုင်တွေမှာ လက်ရှိသုံးနေတဲ့ စာရွက် အဖြူတွေပါ ပုံမှန် အသုံး အများဆုံးကတော့ 70g, 80g, တွေဖြစ်ပြီး 60g တွေလည်း ရှိပါသေးတယ် 

• China Paper တရုတ်စက္ကူ

================

အထက်ပါ wood free လိုဖြစ်ပြီး သူ့ထက် အရည်အသွေး နိမ့်ပါတယ် နည်းနည်း ပါးပြီး ကြမ်းပါတယ် 55g, 60g, 70g တွေ ရှိပါတယ်


• Air letter (A/L)

==========

Wood free အမျိုးအစားကို ကာလာ စာရွက်ပါ


• Art Paper (A/P)

==========

လက်ကမ်းကြော်ငြာ နံရံကပ် ပြက္ခဒိန်တချို့နဲ့ ဘောက်ချာ အချို့တို့မှာ သုံးပါတယ် Photo Paper အပါးလိုပါပဲ နှစ်ဖက်စလုံး ပြောင်ပြောင် ချောချောလေးပါ ဒါပေမယ့် ပါးပါတယ် သူကတော့ 85g, 100g, 128g, 148g စသဖြင့် လာပါတယ်


• Art Card (A/C)

==========

စောစောက art paper အခုဟာက art card ပါ.. ဟုတ်ကဲ့ Card ဆိုတဲ့အတိုင်း ဂျပ် တခုအနေနဲ့ ထူပါတယ် နှစ်ဖက် အဖြူ အချောပါ စာအုပ် အဖုံး ဂျပ် အိတ်/ဗူး ဖိတ်စာကဒ် အဖုံး လိပ်စာကဒ် စသည်ဖြင့် သုံးပါတယ်.. 210g, 230g, 250g, 300g, 350g စသည်ဖြင့် အထူ အစားစား ရှိပါတယ်


• Duplex (D/P)

==========

Art Card လို ဂျပ် အထူပါ မတူတာက D/P က တဖက် အဖြူချော တဖက် အညို အကြမ်းပါ သူကိုလည်း Art Card သုံးသလို အသုံးပြုပြီး A/C ထက် စျေးနှုန်းသက်သာတဲ့အတွက် ချွေတာတဲ့နေရာမှာ သုံးပါတယ်


• Ivory Card

=========

Art Card လိုပါပဲ အဖြူစွတ်စွတ်ကြီးမဟုတ်ဘဲ (Ivory) ဆင်စွယ်ရောင်လေးပါ သူက တဖက်ကအပြောင်အချော တဖက်က နည်းနည်းဗြုတ်ပုံစံလေးပါ ပိုပြီးတော့လည်း ကျစ်လစ်ပါတယ် ဈေးကတော့ Art Card နဲ့ မတိမ်းမယိမ်းပါပဲ 190g, 210g, 250g, 270g, 300g, 350g, အထူ အစားစားရှိပါတယ် Art card လိုပဲ နေရာတော်တော်များများ သုံးကြပါတယ်။ lamination matte နဲ့ သုံးတဲ့သူတွေ ကြိုက်ကြပါတယ်

__________________

အထက် ဖော်ပြပါ စာရွက်အမျိုးအစားအားလုံး အရွယ်အစား အနေနဲ့ပြောရင်.. အလျား ၄၃ လက်မ အနံ ၃၁ လက်မ ဆိုဒ်အကြီး အနေနဲ့ လာပါတယ် 100 g ဆိုတာကတော့ စာရွက်ရဲ့ အထူ/အပါးကို ပြောတာပါ နံပါတ်ကြီးရင် ထူပြီး နံပါတ်သေးရင် ပါးပါတယ်.. ဟုတ်ကဲ့ အပိုင်း ( ၁ ) မှာတော့ ဒီလောက်ပါပဲ အပိုင်း ( ၂ ) မှာ အဲ့ဆိုဒ်ကြီးကို အပိုင်းပိုင်း ဖြတ်ကြရအောင်ပါ 


အပိုင်း ( ၂ )

မနေ့က ပြောခဲ့တဲ့  အလျား ၄၃ လက်မ အနံ ၃၁ လက်မ ရှိတဲ့ စာရွက်ကို  အချိုး အမျိုးမျိုးနဲ့ ပိုင်းဖြတ်ကြရအောင် ပုံနှိပ်လိုင်းဖြစ်တဲ့အတွက် ပုံနှိပ်လုပ်ငန်းမှာ အသုံးအများဆုံး အချိုးတွေကို အရင် ပြောပါမယ် စာရွက်တွေကို ပုံနှိပ်စက်တင်တဲ့အခါ စာရွက်အပြည့် ပုံရိပ်တင်လို့ မရပါဘူး အနည်းဆုံး လက်မဝက်ခန့် (0.5") ချန်ရပါတယ် အခု အောက်မှာ စာရွက်အချိုးတွေပြောတဲ့အခါ စာရွက်ဆိုဒ်အပြင် ပုံရိပ် အသုံးပြုလို့ရမယ့် ဆိုဒ်တွေကို လွတ်လွတ်ကင်းကင်းဖြစ်အောင် ပြောသွားပါ့မယ် ဒီဇိုင်းတွေ စာဖောင်တွေဆွဲတဲ့အခါမှာ ပုံရိပ်ဆိုဒ်ရဲ့အပြင်ကို စာသား ပုံရိပ်မရောက်အောင် အထူး သတိပြုပေးပါ မှားတာရှိရင် အပြစ်တင်မယ့်အစား ဝေဖန်ထောက်ပြ ပြုပြင်ပေးပါ ဆိုဒ် တစ်ခုချင်းဆီအတွက် ပုံတွေထောက်ကြည့်ပေးပါ။     

Original owner >> STAR Printing Service


ဒါက နဂို မူရင်းဆိုဒ်ပါ
စာရွက်ဆိုဒ် - 43" x 31"


၄ ချိုး
အလွယ် ပြောရရင် စာရွက်ကို အလျား အနံ ၄ ပိုင်း ဖြတ်လိုက်တာပါပဲ
ပြက္ခဒိန် ၊ ဂျပ်အိတ် / ဂျပ်ဘူးတွေစာဖောင်တွေမှာ အသုံးများပါတယ်

စာရွက်ဆိုဒ် - 21.5" x 15.5"
ပုံရိပ်ဆိုဒ် - 20" x 15"

၈ ချိုး
စောစောက ၄ ချိုးကိုတဝက် ထပ်ဖြတ်တယ်လို့ အလွယ် မှတ်ယူပေးပါ
စာအုပ် အဖုံးတွေ ၊ ဖိတ်စာ အတွင်းသားလက်ကမ်းကြော်ငြာ တွေမှာ အသုံးများပါတယ်

စာရွက်ဆိုဒ် - 10.5" x 15.5"
ပုံရိပ်ဆိုဒ် - 10" x 15"

၆ ချိုး ( ပထမနည်း )
စာရွက်ကို ပုံပါအတိုင်း ၆ ပိုင်း ပိုင်းလိုက်တာ ပါပဲ
သူကတော့ လေးထောင့်ကျကျ ဖြစ်နေတော့အသုံးတော့ နည်းပါတယ်

စာရွက်ဆိုဒ် - 14.25" x 15.5"
(ဆယ့်လေးတမတ် ဆယ့်ငါးခွဲ လို့ခေါ်ကြတယ်)
ပုံရိပ်ဆိုဒ် - 14" x 15" 

၆ ချိုး ( ဒုတိယနည်း )
ပုံပါအတိုင်း အလျားလိုက် ပိုင်းလိုက်တာပါ ပိန်ရှည်ပုံစံ ဖြစ်သွားပါတယ်
ယပ်တောင်မှာ အများဆုံး သုံးပါတယ်
အခြား လက်ကမ်းကြော်ငြာမှာလည်း သုံးကြပါတယ်

စာရွက်ဆိုဒ် - 21" x 10.25"
ပုံရိပ်ဆိုဒ် - 20" x 9.75"

၅ ချိုး
Legal စာရွက် နှစ်ရွက် ဆက်လိုက်ပါ = အဲ့ဒီ ဆိုဒ်ပါပဲ
legal ခေါက်ချိုး စာအုပ်တွေ ဘောက်ချာ စာအုပ်တွေ
စာဖောင်တွေမှာ အသုံး အများဆုံးပါပဲ.. ချွင်းချက်အနေနဲ့ အရွက်ကြီး တရွက်ကို ဖြတ်ရင်
legal တရွက်စာ အပိုရပါတယ် စာရွက်ဆိုင်ကနေမှာရင် legal အပိုရပါတယ်

စာရွက်ဆိုဒ် - 17" x 14"
ပုံရိပ်ဆိုဒ် - 16.5" x 13.5" 

၁၁ ချိုး
သူကတော့ အားလုံး ရင်းနှီးပါလိမ့်မယ် legal ဆိုဒ်ပါပဲ
၁၁ ချိုး , legal အစသဖြင့် ခေါ်ကြပါတယ် ပုံနှိပ်လောကက ဟိုးအရင်လူတွေကတော့
ဝမ်းဖိုး လို့လဲ ခေါ်ကြပါတယ် ( အဲ့ဒါ ဘာ့ကြောင့်ခေါ်လဲတော့ ကျနော်လဲ မသိဘူး )
ဘယ်နေရာတွေမှာ သုံးလဲဆိုတာတော့ မိတ်မဆက်တော့ပါဘူး

စာရွက်ဆိုဒ် - 14" x 8.5"
ပုံရိပ်ဆိုဒ် - 13.5" x 8"

သတိပြုရန်
တချို့ မိတ္တူ လိုင်းက လာတဲ့သူတွေက A4 ဆိုဒ်ကို အရမ်းကြိုက်ကြပါတယ်
A4 size က 8.268" x 11.693" ရှိပါတယ် ပုံနှိပ်စက်တင်တဲ့အခါ Legal ဆိုဒ်က အသေးဆုံးပါ
ပုံရိပ်ဆိုဒ်ကို သတိပြုပါ အနံ 8" ထိပဲ အဆင်ပြေပါတယ် ဒါကြောင့် A4 ဆိုဒ်နဲ့ ပုံနှိပ်စက်တင်ရင်
အနံကို 8" ထက် မပိုအောင် ဂရုပြုပါ 

( အပိုင်း - ၃ )
****************************
ယခင် ( အပိုင်း - ၂ ) မှာ
အသုံးများတဲ့ ဆိုဒ် အမျိုးမျိုး ပြောပြခဲ့ပေးပါပြီ ။
ယခု ( အပိုင်း - ၃ ) မှာတော့
အသုံးနည်းတဲ့ ဆိုဒ်တွေ ဆက်ပြောပေးသွားပါ့မယ်
အသုံးနည်းပေမယ့် ရံဖန်ရံခါ လိုအပ်ရင် သုံးရအောင်
သိထားသင့်ပါတယ် ။
အဆင်ပြေသလို သုံးပါ
အသုံးနည်းတဲ့အတွက် သုံးတတ်တဲ့နေကာတွေ ထည့်မပြောတော့ပါဘူး။
မှားတာရှိရင် အပြစ်တင်မယ့်အစား
ဝေဖန်ထောက်ပြ ပြုပြင်ပေးပါ
ဆိုဒ် တစ်ခုချင်းဆီအတွက်
ပုံတွေထောက်ကြည့်ပေးပါ။

၇ ချိုး
စာရွက်ဆိုဒ် - 21.5" x 8.5"
ပုံရိပ်ဆိုဒ် - 20" x 8"

၉ ချိုး
စာရွက်ဆိုဒ် - 14.5" x 10"
ပုံရိပ်ဆိုဒ် - 14" x 9.5"

၁၀ ချိုး
စာရွက်ဆိုဒ် - 15.5" x 8.5"
ပုံရိပ်ဆိုဒ် - 15" x 8"

၃ ချိုး
စာရွက်ဆိုဒ် - 26" x 15.5"
ပုံရိပ်ဆိုဒ် - 25" x 15"

ဒီ အချိုးမှာတော့ ဆိုဒ်ကိုကိုယ် ရိုက်မယ့် စက်နဲ့ တွက်ချက်ပြီး ချိန်သင့်ပါတယ်
Komori 26 မှာ 26" x 19.5"
Fuji 66 မှာ 26" x 19"
Fuji 58 မှာ 21.5" x 15.5" ပဲ ဆံ့ပါတယ် ။

၂ ချိုး
စာရွက်ဆိုဒ် - 23" x 19.5"
ပုံရိပ်ဆိုဒ် - 21" x 18"

ဒီ အချိုးမှာတော့ ဆိုဒ်ကို ကိုယ် ရိုက်မယ့် စက်နဲ့ တွက်ချက်ပြီး ချိန်သင့်ပါတယ်
Komori 26 မှာ 26" x 19.5"
Fuji 66 မှာ 26" x 19"
Fuji 58 မှာ 21.5" x 15.5" ပဲ ဆံ့ပါတယ် ။




1 comment:

  1. ှဟုသုတ ဝေမျှပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်
    တစ်ကယ့်လိုအပ်တဲ့ အချက်အလက်တွေပါ

    ReplyDelete

မင်္ဂလာပါ..