menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPad နဲ့ MacBook ဘာကိုရွေးရမလဲ?

 


iPad နဲ့ MacBook ဘာကိုရွေးရမလဲ? 

iPad Pro+Keyboard+Pencil အပြည့်အစုံတစ်လုံးနဲ့ MacBook တစ်လုံးစျေးက တကယ်တန်းတော့ မကွာလှတော့ပါဘူး။ 

iPad လား? MacBook လား? iKey မှာ MacBook နဲ့ iPad ကိုရွေးချယ်ရခက်နေတဲ့ User တွေမေးလေ့ရှိတဲ့မေးခွန်းပါပဲ။ 

✅ iPad 

iPad ကတော့ entertainment ဘက်ကို ပိုသွားပါလိမ့်မယ်။ Crack Software တွေ သုံးလို့မရပါဘူး။ Software တော်တော်များများက ဝယ်သုံးရပါတယ် [iKey မှာလည်း တော်တော်များများဝယ်လို့ရတယ်နော်]

ကိုယ်က Streaming ကြည့်တာတွေ၊ Movie ကြည့်တာတွေနဲ့ Mobile Game တွေဆော့မယ်ဆိုရင် iPad ကအဆင်ပြေပါလိမ့်မယ်။ 

နောက်တစ်ချက်က ပေါ့ပေါ့ပါးပါးသယ်သွားပြီး Pencil Drawing နဲ့ Notes မှတ်တာကို အဓိကထားမယ်။  Meeting တွေ၊ Office Apps တွေနဲ့နည်းနည်းပါးပါးပြင်ပြီး အလုပ်သုံးမယ် ဆိုတဲ့သူတွေအတွက် iPad ကိုရွေးချယ်နိုင်ပါတယ်။

✅ MacBook 

MacBook ကို PC လို့သဘောထားပြီးပြောရမယ်ထင်ပါတယ်။ Apple က PC နဲ့ Mobile သဘောဆန်တဲ့ပေါင်းစပ်မှုအနေနဲ့ iPad တွေကို Upgrade လုပ်လာသလို MacBook တွေရဲ့ PC လောကကိုကြီးစိုးထားတာကိုလည်း လက်လွှတ်မခံပါဘူး။ 

MacBook ဟာ PC ပဲဖြစ်တာကြောင့် MacBook ရဲ့Desktop Version အနေနဲ့သုံးရတဲ့ Browser က iPad ထက်ပိုအဆင်ပြေသလို MacBook မှာက Application တော်တော်များများ Cracked Version အနေနဲ့သုံးနိုင်ပါသေးတယ်။ 

နောက်ပြီး Professional သုံးတွေဖြစ်တဲ့ Adobe, AutoCAD, Video Editing Software တွေတော်တော်များများဟာ iPad မှာတော့ Mobile Version အနေနဲ့သာထွက်တာကြောင့် Feature အစုံအလင်နဲ့သေသေချာချာသုံးနိုင်ဖို့အတွက် MacBook ကိုလိုအပ်နေတုန်းပါပဲ။ 

ဒါပေမယ့် MacBook က WiFi မရနိုင်တဲ့နေရာတွေမှာ Mobile Data နဲ့သုံးနိုင်ဦးမဟုတ်သလို Mobile Game တွေနဲ့ Pencil သုံးနိုင်တဲ့အချက်တွေမှာတော့ iPad လိုစွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။ 

ဒီလောက်ဆိုရင်တော့ iPad နဲ့ MacBook ကိုရွေးချယ်ရခက်နေတဲ့သူတွေအတွက် ကိုယ်နဲ့သင့်တော်တာကိုစဉ်းစားလို့ရမယ်လို့တော့ထင်ပါတယ်။ 

Credit by iKey - https://www.facebook.com/KeysforiKey/posts/pfbid0nGDWucsfVTzWfj3Ra4NAYQnofsfKZFR3UVoKq49pfSDXScZvU1nEmwY6DkTsLs3hl

No comments:

Post a Comment

မင်္ဂလာပါ..