menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone Second ဝယ်တော့မယ်ဆိုရင် မှုတ်ကြည့်ပါ

 


iPhone Second ဝယ်တော့မယ်ဆိုရင် မှုတ်ကြည့်ပါ 😬🙃
======
(ပိုင်ရှင်ကပါးချရင်တော့ ကွကိုယ်ခံနော်🙃🙃)
iPhone X ( iPhone 7,8 တွေလည်း ဒီနည်းအတိုင်းစစ်လို့ရလောက်မယ် ) နောက်ပိုင်းထွက်ဖုန်းတွေကို
Second ဝယ်ကိုင်တော့မယ်ဆိုရင်
အဲ့ဒီဖုန်းက ဖြုတ်ထားဖူးလား မဖြုတ်ရသေးဘူးလားဆိုတာ ဂျင်းမမိရလေအောင် အလွယ်စစ်နိုင်တဲ့နည်း။

ပုံထဲကအတိုင်းပဲ iPhone ရဲ့ Sim ကဒ်ထည့်တဲ့ tray လေးကိုထုတ်ပြီး လေနဲ့မှုတ်ထည့်ကြည့်လို့ ပါးစပ်ထဲက "လေ" ချက်ချင်းမလျော့သွားဘူးဆိုရင် လုံးဝမဖြုတ်ထားသေးတဲ့ဖုန်းလို့ သတ်မှတ်လို့ရပါတယ်။

ဆိုလိုတာက ရေစိုခံတဲ့ Seal က Original အတိုင်းဖြစ်နေသေးလို့ပါ။
ဖြုတ်ပြီးလို့ အပြင်က တရုတ်လုပ် ရေလုံ Seal ပြန်ထည့်တောင် သူ့ Apple Original အတိုင်း 100% လုံဖို့ မလွယ်တော့လို့ပါ။
နောက်တစ်မျိုးကတော့

နောက်တစ်မျိုးကတော့ လေ အစား၊ Vape သောက်တဲ့သူတွေဆိုရင် အငွေ့နဲ့ Sim tray ထဲမှုတ်ထည့်လိုက်လို့ မှန်တွေကြားကနေ Vape အငွေ့တွေထွက်လာ/မလာ ကြည့်ပြီး ဖြုတ်ထား/မဖြုတ်ထား စစ်ကြည့်နိုင်ပါတယ်။

ပုံကတော့ တရုတ် Video တစ်ခုကနေ အခုနည်းအတိုင်းစစ်ပြထားတာကို Screenshot ရိုက်ယူထားတာပါ။

Edit : ဆေးလိပ်ငွေ့နဲ့ စမ်းပြထားတဲ့ Photo လေး မန့်ထဲမှာတင်ပေးထားပါတယ်




No comments:

Post a Comment

မင်္ဂလာပါ..