MacBook Pro M1 ကိုသုံးသပ်ကြည့်ရအောင် -------
entry level Macbook pro ကို အလွယ်ပြောရင် fan တပ်ထားတဲ့ Macbook Air လို့လဲ ပြောလို့ရပါတယ်။အမှန်ပါပဲ Fan က M1 chips သုံး Air အသစ်နဲ့ အဓိကသိသိသာသာ မတူတဲ့ အချက်ဖြစ်ပြီး fan မပါတဲ့ အတွက် performance throttle ဖြစ်ပြီး temperature မြင့်လာပါတယ်။Pro က fan ဖွင် လို့ရပြီး Performance ကို အချိန်ကြာကြာ ထိန်းထားနိုင်ပါတယ်။ အခြား အတူတာလေးတွေလဲ ရှိပေမဲ့ နောက်မှ သေချာ compare လုပ်ထားတဲ့ post ကိုတင်ပေပါမယ်။Macbook pro entry-model 8core, 8Gb Ram, 256Gb storage က base model air ထက် $300 ပိုများပြီး 512Gb option ချင်းဆိုရင် $250 လောက်ပို များပါတယ်။တစ်ချို့ လူတွေ အတွက် တော့ ဒီPerformance ပိုသာတာလေးက ပိုးပေးရတဲ့ ဈေးထက်တန်နိုင်ပါတယ်။ အရင် model macbook pro ထက်တော့ ဒီအသစ်က keyboard တွေ battery life တွေ, ပိုကောင်းတဲ့ performance တွေကြောင့်
စိတ်ပူစရာမရှိ ပါဘူး။ တော်တော် များများ upgrade ဖြစ်တယ်လို့ဆိုလို့ရပါတယ်။ M1 ဟာ intel base app တွေကို ဘယ်လို handles လုပ်လဲ, Apple Mac တွေ ရဲ့ အနားဂတ်က ဘယ်လိုနေမလဲ စတဲ့ technical details ဘာညာတွေ ပြောစရာများပေမဲ့ short answer အနေနဲ့ ပြောရင် အတော်ကို impressive ဖြစ်ဖို့ကောင်းပြီး Macbook pro ဟာ battery life ကောင်းကောင်း နဲ့ grate performance နဲ့ အတော်ကိုကောင်းတဲ့ laptopပါ။ သင်က M1 Mac အသစ်ကို ဝယ်ချင်တယ် ဒါအေမဲ့ Air ထက် ပိုပေရမှာ တန်ပါ့မလား လို့ တွေးနေရင်တော့ ……….. Macbook Pro ကို အပိုင်းနှစ်ပိုင်း နဲ့ ပြောရအောင်။ အရင်ဆုံး အပြင်ပိုင်းကိုကြည့်မယ်ဆိုရင် M1 Macbook Proက 13-inch intel machine နဲ့ ကွဲပြားတာမရှိပါဘူး။ chassis တူ keyboard တူ trackpad တူ fingerprint တူ webcam တူ touchbar လဲအတူတူပါပဲ။ SD card slot လဲ အမပါ ပါဘူး။ ဒီ laptop နှစ်ခုကြားမှာ မတူတာ က Thunderbolt 3 ports တွေပါ။ top-end intel Macbook pro မှာ 4 Ports ပါဝင်နေသေးပြီး apple Silicon Macbook Pro မှာတော့ 2 ports ပဲပါ ပါတယ်။ ဒါက တစ်ချို့လူတွေ အတွက် တော့ deal-breaker ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ ဒါကသင့်ကို စောင့်စေချင်တာဖြစ်ပါတယ်။ Ports ပိုပါတဲ့ Mac တွေ ထွက်လာအုံးမှာပါ။ Port နည်းတာက လွဲရင် သူ့ရဲ့ အရင် model အတိုင်ပါပဲ။Magic keyboard က market ထဲမှာ အကောင်းဆုံးဖြစ်သလို, touchpad ကလဲ သင် laptop တွေမှာ တွေ့ရသမျှထက် responsive အဖြစ်ဆုံး ဖြစ်နေတုန်းပါ။ Display ကလဲ bright ဖြစ်ပြီ color accurate ဖြစ်ပါတယ်။ 100% Display P3 gamut, 90% Adobe RGB လောက်ရှိပါတယ်။overall ပြောရရင် အပြင်ပိုင်ကတော့ ပုံမှန်ပါပဲ။ များများစားစား မပြောင်းသွားပါဘူး။ ကျွန်တော်က bezels တွေသေးပြီဂ Battery size ပိုကြီးတဲ့ 14-inch Macbook Pro ကို မြင်ချင်ပေမဲ့ ခု design နဲ့ build quality ခေတ်နောက်ကျတယ်လို့ ထင်ရပေမဲ့ “premium” ဖြစ်နေတုန်းပါပဲ။ ဒီlaptop ရဲ့ အမိုက်စားတွေကတော့ အတွင်းပိုင်းမှာပါ။Apple ရဲ့ M1 Silicon M1 Chip နဲ့ software ပေါင်းစပ်မှု နဲ့ Macbook Pro ကို အရင် intel-base laptop တွေမှာ မတွေ့ရတာတွေလုပ်ဆောင်နိုင်ပါတယ်။ M1 ဆိုတာက အရင်ကလဲ ပြောဖူးပေမဲ့ ပြန်ပြောရရင် Apple ရဲ့ custom soc ဖြစ်ပြီး intel ကို မသုံးတော့ပဲ စွန့်ခွာတဲ့ပထမဆုံး ခြေလှမ်း ဖြစ်ပြီး Apple ကတော့ 2 yr အတွင်း အပြီးပိုင် လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ARM-base 5 nanometer chip ဖြစ်ပြီး 16billion transistors ပါဝင်ပါတယ်။ဒါ့အပြင်8 core processor , integrated graphic, unified memory architecture, Apple ရဲ့ Neural Engine ပြီးတော့ ပိုကောင်းလာတဲ့ image signal processor နဲ့ Secure Enclave တွေပါဝင်ပါတယ်။ M1 ရဲ့ 8 core မှာ 4 core က high performance အတွက်ဖြစ်ပြီး ကျန်တဲ့ 4 coreကတော့ efficiency အတွက် focus လုပ်ပါတယ်။ High-performance cores တွေဟာ single-threaded test တွေမှာ industry-leading speed ကိုပေးနိုင်တယ်လို့ဆိုပြီး combined လုပ်လိုက်တဲ့အခါမှာလဲ multithreaded performance ကိုသိသိသာသာ ပိုကောင်းစေပါတယ်။CPU performance ကို 3.5x ထိ boost လုပ်ပေးပါတယ်။ high-efficiency cores တွေကတော့ high-performance cores တွေကို လုပ်ဆောင်နိုင်စေပေမဲ့ power output ရဲ့ 1/10 လောက်သာ ထုတ်ပေးပါတယ်။core set နှစ်ခုလုံးဟာ performance controller ရဲ့ အကူအညီ နဲ့တွဲပြီး လုပ်ဆောင်ပါတယ်။ အဲတာက cores တွေကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်အောင် ခွင့်ပြုပေးပါတယ်။ Macbook Pro ရဲ့ integrated Graphic chip (M1 GPU) ကတော့ 8 core ပါဝင်ပြီး Appleကတော့ ကမ္ဘာအမြန်ဆုံး laptop integrated Graphic လို့ဆိုပြီး graphic performance ကို 6x ပိုမိုမြန်ဆန်စေမှာပါ။core တစ်ခုစီတိုင်းမှာ demanding tasks တွေအတွက် 128 execution units ပါဝင်ပါတယ်။M1 GPU ဟာ 25000 threads နီးပါ execute လုပ်နိုင်ပြီး 2.6 teraflops ကို deliver လုပ်နိုင်ပါတယ်(Nvidia GeForce GTX 1050Ti = 2.1 teraflops )။ဒီ Power တွေနဲ့ M1 GPU ဟာ real-time multistream 4K Video playback လုပ်နိုင်ပြီ image processing tasks အမြောင်အများကိုလဲ handle လုပ်နိုင်ပါတယ်။M1 က ARM architecture နဲ့ဖြစ်လို့ universal apps တွေကို run နိုင်သွားပါတယ်။ Apps အသစ်တွေက MOS, IOS, iPadOS အားလုံးမှာ Run နိုင်သွားပြီး size and scale တွေကို devices အလိုက် auto adjust လုပ်ပေးပါလိမ့်မယ်။ဒါကောင် Mac တွေ အတွက် Apps library ဟာပိုကြီးသွားပါပြီ။ Universal အဖြစ် switch မလုပ်ထားတဲ့ App တွေကို လဲ intel-based App တွေ run လို့ရအောင်လုပ်ထားတဲ့ emulator ဖြစ်တဲ့ Rosetta 2 နဲ့ run နိုင်ပါတယ်။ Performance ကိုကြည့်မယ်ဆိုရင် Google chrome tab 50လောက် ကို facebook, youtube, Gmail, Google sheet , communication site, twitch တွေအပါ ဖွင်တာတောင်မှ lag တာ hang တာ မျိုးမတွေ့ရပါဘူး။Benchmark score တွေတော့ စာရှည်လို့မပြောတာ့ပါဘူး။ i7 11th Gen သုံး XPS 13 နဲ့ zenbook တွေရဲ့ score ထက် average 12% လောက်ပိုကောင်းသလို i7 10th Gen တွေထက်လဲ 24% လောက်ပိုကောင်းပါတယ်။ဒါအပြင် Handbrake မှာလဲ ပြိုင်ဖက်တွေထင်ပိုကောင်းပါတယ်။ 4K ကို 1080p convert လုပ်ရာမှာ Handbrake silicon native beta မှာဆို 7 min : 50 sec , Handbrake intel version မှာဆို 13min: 40 sec ကြာပါတယ်။ intel version ကို Rosetta 2 နဲ့တောင် Zenbook ထက် 5min ကျော်, XPS 13 ထက် 6min ကျော်လောက်ပိုမြန်ပါတယ်။ photoshop test မှာတော့ xps 13 ထက်တော့ လောက်ပိုမြန်တယ်ထင်ရပေမဲ့ Zenbook ထက်တော့ ပိုနှေးတယ်လို့ထင်ပါတယ်။ SSD read/ write speed မှာတော့ ပြိုင်ဖက်တွေထက် 2000 Mps လောက်ပိုမြန်ပါတယ်။ Graphic က Game အနည်းငယ်တော့ Run လို့ရပါတယ်။ Tomb Raider တွေ့လို့ run ကြည့်တာတော့ 1080p မကိုတော့ 20fps လောက်ပဲရပါတယ်။ 1400x900 ဆိုရင်တော့ 30fps လောက်ထိရပါတယ်။ Macbook pro မှာ heat အတွက် active cooling system ပါပါတယ်။ fan သံကလဲ Browser tab 50 လောက်နဲ့ tomb rider သုံးတာတောင်အတော် လေး ကို quiet ဖြစ်ပါတယ်။ Heat ကလဲ လက်ခံနိင်တဲ့ အနေပါပဲ။ battery life ကတော့ chrome tab လေးငါးခု ရယ် 4K video ကို full screen နဲ့ကြည့်တာကို Inte-based macbook pro ထက် 10 hr နီးပါးလောက် ပိုခံပါတယ်။Chrome ကို 15hr လောက်ရတယ်ဆိုရင် သာမာန် သုံးတဲ့သူဆို 2day လောက်တောင် အားမသွင်းပဲရမလားအသိဘူး။ efficiency တစ်ခုထဲကြည့်မယ်ဆိုရင်တောင် လုံးဝ Game-changer ဖြစ်နေပြီး emulation ကောင်းကောင်းလုပ်နိုင်တာတွေ အပေါ်မှာပြောခဲ့တဲ့ Performance တွေနဲ့ဆိုရင်တော့ အတော်ကို attention ဖြစ်စေမှာပါ။ Over All ပြန်သုံးသပ်ရရင် Macbook pro M1 မှာ Rosetta 2ကလဲ ထင်ထားတာထက်ကောင်းတယ်, Performance ကလဲ ပေးရတဲ့ ဈေးထက် အများကြီးပိုတယ်, efficiency ကလဲ Laptop တွေမှာ တစ်ခါမှကို မမြင်ဘူးလောက်တဲ့ထိကောင်းပါတယ်။ဒါပေမဲ့ MacBook တွေရဲ့ ထုံးစံအတိုင် SD card lost မပါတာ, Design က အနည်းငယ် ခေတ်နောက်ကျနေတာ နဲ့ Thunderbolt 3 က 2 ports ပဲပါတာကိုတော့ သိပ်သဘောမကျပါဘူး။ first-generation products တွေကို recommended လုပ်ရတာခက်ပေမဲ့ M1 mac တွေကတော့ အတော်ကိုအဆင်ပြေပါတယ်။ M1 မှာတောင် ဒီလောက်ကောင်းနေရင် M1x of M2 ကို မြင်ရဖို့ မစောင့်နိုင်တော့လောက်အောင်ပါပဲ။ ဆိုတော့ Apple silicon အတွက် Full support ရဖို့အတွက် သိပ်မလိုတော့သလို Rosetta 2လဲ အဆင်ပြေတဲ့ အပြင် battery life နဲ့တင် M1 laptop ကို အခြား intal ရွေးချယ်စရာတွေထက် ပိုရွေးလို့ကောင်းနေပါပြီး။ ရေးသားသူ... Tech Glaze
No comments:
Post a Comment
မင်္ဂလာပါ..