menu
- Home
- Computer ဆိုင်ရာ
- MacBook ဆိုင်ရာ
- Printer ဆိုင်ရာ
- Camera ဆိုင်ရာ
- IOS ဆိုင်ရာ
- Android ဆိုင်ရာ
- Graphic Card ဆိုင်ရာ
- USB ဆိုင်ရာ
- PC-Software ဆိုင်ရာ
- Virus ဆိုင်ရာ
- FaceBook ဆိုင်ရာ
- Blogger ဆိုင်ရာ
- AirCon ဆိုင်ရာ
- အိမ်ခြံမြေ ဆိုင်ရာ
- နည်းပညာဆိုင်ရာစာအုပ်
- Knowledge ဆိုင်ရာ
- Technology ဆိုင်ရာ
- မော်တော်ကားဆိုင်ရာ
Mac mini M1 အကြောင်း
Apple က သေးငယ်ပြီးပါးလျတဲ့ Mac mini ကို 2005 ခုနှစ်တည်းကစတင်မိတ်ဆက်ခဲ့ပါတယ်။
6 လက်မခန့် ပတ်လည်နဲ့ အမြင့် ၂ လက်မနီးနီးသာရှိတဲ့ Mac mini က desktop computer တွေရဲ့ system ပုံးတွေအစား သယ်ဆောင်ရလွယ်ကူစေမယ့် mini Computer အနေနဲ့ အစားထိုးနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ပေးခဲ့တာပါ။
နောက်ဆုံး ထွက်ထားတဲ့ Apple Silicon Chip နဲ့ Mac mini ဟာ M1 Mac တွေထဲမှာ စျေးနှုန်းအချိုသာဆုံးဖြစ်ပြီး M1 performance လိုချင်တဲ့ desktop သမားတွေအတွက် အသင့်တော်ဆုံးဖြစ်စေမှာပါ။
အခု Mac mini မှာတော့ M1 ကြောင့် unified memory 16GB ထိသာ upgrade လုပ်နိုင်ပြီး SSD ကိုတော့ 2TB အထိ upgrade နိုင်မှာဖြစ်ပါတယ်။
6K monitor display support ပေးနိုင်ပြီး အရင် intel CPU တွေထက် 3 ဆ, Graphic 6 ဆ နဲ့ Machine Learning မှာ 15 ဆအထိ မြန်လာပါတယ်။
Fan ပါသေးတာမို့ heavy task တွေမှာဖြစ်တတ်တဲ့ thermal issue တွေလည်း နည်းသွားဦးမှာပါ။
Mac mini မှာ ethernet port တစ်ခု၊
6K monitor support ပေးတဲ့ HTMI port တစ်ခု၊ Thunderbolt 3 ports 2ခု၊ USB 3.0 2 ခု နဲ 3.5mm headphone jack ပါ ပါသေးတဲ့အတွက်ကြောင့် external device တွေအတွက် လုံလောက်တဲ့ port အရေအတွက်ရှိတယ်လို့ဆိုရပါမယ်။
Mac mini စျေးနှုန်းအနေနဲ့ 8GB memory, 256GB SSD ကို မြန်မာငွေ 1,190,000 ခန့်နဲ့ဝယ်ယူရရှိနိုင်ပြီး M1 chip ရဲ့ perfomance ကို စျေးသက်သက်သာသာနဲ့ရတယ်လို့ဆိုရပါမယ်။
iP-Apple Products
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မင်္ဂလာပါ..