menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Homepod Mini ဆိုတာ

 
 Apple HomePod Mini Apple ရဲ့ HomePod speaker တွေဟာ audio quality နဲ့ ဆွဲဆောင်မှုရှိတဲ့ design တွေကြောင့် တော်တော်များများက နှစ်သက်ကြပါတယ်။ သူ့ရဲ့ smart feature တွေကို ကြိုက်လို့မဟုတ်ရင်တော့ ဒီဈေးကြီးတဲ့ devices တွေကို မဝယ်ကြပါဘူး။2018 HomePod ဟာ $299 ဆိုတော့ အတော်လေးကို ရွေချယ်ဖို့ခက်တဲ့ ဈေးပါ။ ဒီနှစ်မှာတော့ Apple က $99 သာကျသင့်မဲ့ ပိုသေးပြီး ဈေးသက်သာတဲ့ HomePod နဲ့ ဒီပြဿနာတွေကို ဖြေရှင်းလိုက်ပါတယ်။ ဒီ compromise လုပ်တာဟာ ဈေးအတော်ကိုကွာသွားတဲ့ အတွက် ဘာတွေ များ ဖယ်ပစ်လိုက်ရလဲဆိုတာ စိတ်ဝင်စားစရာပါ။ Audio devices တွေကို ကျွန်တော့်အနေနဲ့ သိပ်မကျွမ်ကျင်ပေမဲ့ သင်တို့ အိမ်အတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်မလား ဆိုတာ အကူအညီဖြစ်အောင် ကြိုးစားပြီး ပြောပြပေးထားပါတယ်။ Design ပိုင်းမှာတော့ HomePod mini ဟာ သေးငယ်တဲ့ Design နဲ့ ဖြစ်ပြီး 345g သာလေးပါတယ်။အမြင့်ကတော့ 84mm လောက်ရှိပါတယ်။sphere shape ပုံဖြစ်ပြီး အပေါ်နဲ့ အောက်ခြေကတော့ ဖြတ်ထားသလို flat ဆန်ဆန်ဖြစ်ပါတယ်။ အောက်ခြေကတော့ stable ဖြစ်အောင်ဖြစ်ပြီး အပေါ်ဖက်ကတော့ touchscreen interface ပါ။အပေါ်ဖက်က Glossy ဖြစ်တာရယ် အောက်ဖက်က mette finish ဖြစ်တာရယ်ကလွဲရင် ကျန်တာကတော့ HomePod အကြီးမှာလို အကွက် design နဲ့ပါပဲ။ အရောင်ကတော့ black and White ရနိုင်ပါတယ်။ကြည့်လို့အတော်ကောင်းတဲ့ အပြင် Portable အတော်ကို ဖြစ်ပါတယ်။သေးငယ်တဲ့ အတွက် နေရာယူတာ လဲသက်သာလို့ ထားဖို့နေရာအခက်အခဲ လဲမရှိပါဘူး။ Apple products တွေက သုံးရလွယ်ကူအောင် လုပ်ထားတယ်ဆိုတာသိကြပြီးသားပါ။ HomePod mini ကလဲ ဒီလိုဖြစ်အောင် လုပ်ထားတယ်ဆိုပေမဲ့ သုံးရတာ အဆင်မပြေတာလေးတွေ တော့ရှိပါတယ်။ Setup လုပ်တာကတေ ရိုးရှင်းပါတယ်။HomePod ကို PlugIn လုပ်မယ် iPhone ကို Unlock လုပ်ပြီး အနားကို ယူလာမယ်ဆိုရင် pair and setup လုပ်ဖို့ Dialogue box ပေါ်လာပါလိမ့်မယ်။ process ကတော့ အချိန်အနည်းငယ်ကြာပါလိမ့်မယ်။အဲလိုပဲ HomePod mini နှစ်လုံးကို တစ်ခန်းထဲမှာ အတူရှိနေရင်လဲ stereo pair လုပ်ဖို့ သင့်ကို အချက်ပြပါလိမ့်မယ်။ဒီအတိုင် ပုံမှန်ပဲလုပ်မယ်ဆိုရင်တော့ ဒီ auto interactions အတော်ကို brilliant ဖြစ်ဖို့ကောင်းတယ်ဆိုပေမဲ့ အခြားတစ်ဖက်မှာတော့ အကြောင်းတစ်ခုခုကြောင့် pair မဖြစ်ရင်ပဲ ဖြစ်ဖြစ်, pair မလုပ်ချင်တော့ရင်ပဲဖြစ်ဖြစ် အဲလို အခြေနေမှာဆိုရင် User ကိုတိုင် လုပ်ဆောင်လို့ရအောင် Design လုပ်မထားတဲ့ အတွက် manually setup လုပ်ဖို့ ခက်ပါတယ်။ Dialogues popup ပေါ်မှာပဲ setup လုပ်ရတဲ့ အတွက် ချက်ချင်း လုပ်ဆောင်လို့တော့မရပါဘူး။တစ်ခါတစ်လေ iPhone ပေါ်ကနေ သီချင်းဖွင့်ပြီး AirPlay နဲ့ pair ရင် တစ်ဖက်ပဲ လာတာမျို တွေ့ရပါတယ်၊ အဲအခါကျရင် ဘာissue လဲ မသိသလို သွားပြင်လို့လဲ မရတဲ့ အတွက် သီချင်ကို ရပ်လိုက်ပြီး နောက်တစ်ခု join ဖို့ ခဏစောင့်ရပါတယ်၊ အဲလိုမှ အဆင်မပြေရင်တော့ Music ကို ပိတ်ပြီး restart ပြန်လုပ်ရပါတယ်။ကျွန်တော်မသိတာလဲ ဖြစ်နိုင်လို့ လုပ်လို့ရတယ်ဆိုရင် comment မှာပြော ပေးကြပါအုံး။အဲလိုပဲ Wi-Fi ကလဲ iPhone နဲ့ pair တဲ့အချိန်မှာ auto လိုအပ်ပြီး တစ်ခါတစ်လေ HomePod က right network မှာရှိမနေဘူးဆိုပြီး ဖြစ်တတ်ပါသေးတယ်။ ဒါလဲ right ဖြစ်အောင်ဘယ်မှာလုပ်ရမလဲမသိပါဘူး။ AirPlay နဲ့သုံးတာမှာလဲ Device change မရတာတို့ Device list တွေကို အလိုလို ပြောင်းတာတို့ တွေ့ရပါတယ်။ Apple က HomePod mini ကို ဒီလိုသုံးဖို့ မရည်ရွယ်ထားတာကြောင့်ဖြစ်နိုင်ပါတယ်။HomePod ကို Wi-Fi နဲ့ ချိတ် Voice နဲ့ commanded ပေး ဒီလို သုံးစေချင်တာပါ။ဒီမှာ လဲ တစ်ခါတစ်လေ Device က သီချင်းလာနေပေမဲ့ phone ရဲ့ lock screenမှာ playback control မပေါ်နေပဲ HomePod ကသီးသန့်ဖြစ်နေတတ်ပါတယ်။ ကျွန်တော်က iPhone နဲ့ ထိန်ချုပ် ဖို့ပဲပြောနေတယ် ဆိုတာကအကြောင်းရှိပါတယ်။ HomePod ရဲ့ မပေါ်ဖက် မှာရှိတဲ့ control panel က လုပ်ဆောင်စရာ များများစားစား မပါပါ ဘူး။ Volume up and down, အလယ်ကို tap လုပ်ပြီး Play and Pause or skip လုပ်နိုင်ပြီး ကြာကြာ ဖိထားရင်တော့ Siri activate လုပ်တာပါ။သုံးရတာ တော့ အတော်ကိုရိုးရှင်းပါတယ်။Siri က တော့ အတော်ကို reliable အတော်ဖြစ်ပြီး သီးချင်းအကျယ်ကြီး ဖွင့်ထားတောင် ကောင်းကောင်း အလုပ်ဖြစ်ပါတယ်။HomePod mini က onboard Bluetooth ပါပေမဲ့ Bluetooth speaker လိုတော့ မလုပ်ဆောင်နိုင် သလို Android Phone တွေနဲ့လဲ မချိတ်နိုင်ပါဘူး။လောဆယ်တော့ apple music က best option ဖြစ်နေပါသေးတယ်။Spotify လို App ထဲကနေပြီးတော့ Via Air Play နဲ့တော့ stream လုပ်နိုင်ပေမဲ့ အဆင်တော့ သိပ်မပြေပါဘူး။ HomePod mini မှာအတော်အဆင်ပြေတဲ့ smart feature တွေပါဝင်ပါတယ်။ ကြိုက်နှစ်သက်တဲ့ သီးချင်း or artist ကို အတိအကျပြောပြီး ဖွင်ခိုင်းတာ , သီးချင်း အမျိူးအစား အလိုက်ပြောလို့ရသလို mode အလိုက်လဲရပါတယ်။ ဥပမာ " Play some cheerful music ” လိုပေါ့။ဒါ့အပြင် Weather information, sport score, jokes နဲ့ general knowledge question တွေလဲ မေးလို့ရပါသေးတယ်။များသောအားဖြင့်တော့ ဒီfunctions တွေကို ကောင်းကောင်း အလုပ် လုပ်ပေမဲ့ တစ်ခါတစ်လေအဆင်မပြေတာလေးတွေရှိပါတယ်။ဒါ့အပြင် reminders, timer တွေ set လုပ်တာ message တွေ read or send လုပ်တာတွေပါရပါတယ်။Image search feature လဲပါ ပါသေးတယ်။ ဘယ်လို လုပ်လဲဆိုတော့ HomePod ကို ရှာစေးချင်တဲ့ image ကို ရှာခိုင်လိုက်ရင် တွေ့တဲ့ အခါသင့် phone ကို results ပို့ပေးတာပါ။ ကျွန်တော် စမ်းကြည့်တာတော့ ချက်ချင်မရပါဘူး လေးခါလောက် လုပ်မှရပါတယ်။ Wifi မကောင်းလို့လဲ ဖြစ်နိုင်ပါတယ်။နောက် feature အသစ်ကတော့ Intercom ပါ။ ios 14.2 and later မှအဆင်ပြေမှာပါ။ ဘာFeature လဲဆိုတော့ HomePod ကို ကိုပြောချင်တဲ့ စကားပြော ပြီး အဲတာက အိပ်မှာ ရှိတဲ့ အခြား homePod တွေ ကို broadcast လုပ်ပါတယ် family members တွေရဲ့ iPhone ထဲကိုလဲ voice recording အနေနဲ့ ပို့ပါတယ်။ HomePod အကြီးက အတော်ကောင်းတဲ့ sound quality ကိုပေး ပေမဲ့ Mini ကတော့ အတော်ကို ကွာပါတယ်။ ဒါပေမဲ့ ဒီအရွယ်အစား ဒီဈေးဝန်းကျင်မှာတော့ အတော်ကို surprise ဖြစ်စရာပါ။ Bass သံပြင်းတဲ့ soundtrack တွေမှာ HomePod mini က Bass သံ အတော်လေးကောင်းတယ်လို့ပြေလို့ရပေမယ် HomePod အကြီးကပိုကောင်းတာသေးချာပါတယ်။ Volume မှာတော့ HomePod mini က ဒီ size ဝန်းကျင်မှာ အကောင်းဆုံးလို့ ပြောလို့၌ပါတယ်။ သာမာန် အကျယ်ရှိတဲ့ အိမ်/ခန်းထဲမှာဆိုရင် 100% ထိမလိုပါဘူး 80% လောက်နဲ့ အဆင်ပြေပါတယ်။ distortion လဲမရှိသလောက်ပါပဲ။ instrumental လို music တွေမှာဆိုရင်လဲ အတော်ကို အဆင်ပြေပြီး detail တွေကောင်းကောင်းကြားရပါတယ်။ Piano only or Guitar only လို မျိုးတွေမှာတော့ mini နဲ့ big homepod ကနည်းနည်းပဲကွာပါတယ်။ clarity တွေ တော့ အတော်ကောင်းပါတယ်။ HomePod mini ကို ခြုံပြီးပြောရရင် treble နဲ့ mid tone တွေမှာ သုံးဆလောက်ဈေးပြီးပြီး size ကြီးတဲ့ HomePod ကိုယှဥ်နိုင်ပေမဲ့ Bass output မှာတော့ အတော်ကို ကွာပါတယ်။ ဒါပေမဲ့ ဒီ size မှာတော့ အတော်ကောင်းတဲ့ အထဲမှာပါ ပါသေးတယ်။ ကျွန်တော်ကတော့ HomePod အကြီးထက် miniနှစ်လုံးကို stereo pair တာပို သဘောကျပါတယ်။ နှစ်လုံး တွဲတာလဲ Bass မှာ မယှဥ်နိုင်သေးဘူးဆိုပေမဲ့ အခန်းထဲမှာ studio experience ကောင်းကောင်းရပါတယ်။ ဈေးနှုန်းကတော့ HomePod miniက $99 ကျသင့်မှာဖြစ်ပြီး $299 HomePod နဲ့ ယှဥ်ရင်အတော်ကို သက်သာပါတယ်။ Amazon Echo 4 လို အခြားရွေးချယ်စရာတွေရှာရင်တောင် ဈေးသက်သာနေပါသေးတယ်။ ဒီ price tag မှာ အသက်သာဆုံးဖြစ်အောင်လုပ်ထားတယ်ထင်ပါတယ်။ HomePod mini ကို အဆုံးသတ်ရရင် အသုံးပြုရလွယ်ကူမှု အားနည်းတာမျိူး apple ဆီက မရနိုင်ဘူးထင်ပေမဲ့ HomePod mini မှာတော့ တွေ့ရပါတယ်။ Auto setup လုပ်တာက အတော်မိုက်တဲ့ facility ဖြစ်ပေမဲ့ ပြဿနာက stereo pair မှာ တစ်ဖက်က မလာတာတို့ pair လုပ်ဖို့ iPhone မှာ မပေါ်တာ တို့ဖြစ်ပါတယ်။ အဲတာကဘာကြောင့် ဖြစ်ခဲဆိုတာမသိပါဘူး။ ဒါကို ကျော်သွားရင်တော့ HomePod mini က အတော်ကို ကောင်းတဲ့ smart speaker ပါ။ Audio quality က ဒီsize နဲ့ price မှာ သိရသလောက်တော့ အကောင်းဆုံးလို့ပြောလို့ရပြီ HomePod အကြီးလောက် Bass တွေမကောင်းပေမဲ့ အတော်ကို ကောင်းနေပါသေးတယ်။ဒါအပြင် Apple က impressive ဖြစ်စရာကောင်းတဲ့ smart function တွေထည့်သွင်းပေးထားပါသေးတယ်။ volume ကျယ်တာ ကို လိုချင်ရင်တော့ သင်က HomePod အကြီး ကို လိုကောင်းလိုနိုင်ပေမဲ့ များသောအားဖြင့်တော့ HomePod mini က ဈေးသက်သာပြီး multi-room setup, stereo pare တို့လို ပိုပြီး ဘက်စုံသုံးလို့ရပါတယ်။တစ်ခုရှိတာက Sound source က Apple music အပြင် အခြားကောင်းကောင်း ရွေးချယ်စရာ နည်းတာပါ။Apple ဆိုတော့လဲ အများစုကတော့ အပြစ်လို့မြင်မယ်မထင်ပါဘူး။ ကဲ HomePod mini အကြောင်းကို နှစ်သက်ကြလိမ်မယ်လို့ထင်ပါတယ်။နှစ်သက်တယ်ဆိုရင် Share ပေးသွားပါအုံး။ ခင်ဗျားတို့ အနေနဲ့ ကော HomePod mini ကိုဘယ်လိုမြင်လဲ Home audio devices အနေနဲ့ ရွေးချယ်ဖြစ်မလား ဆိုတာ ဆွေးနွေးသွားလို့ရပါတယ်။ 
ရေးသားသူ -- Tech Glaze

No comments:

Post a Comment

မင်္ဂလာပါ..