menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Xiaomi ဖုန်းများကို China Globle ROM စစ်နည်း

Xiaomi ဖုန်းအသစ်ဝယ်ဖို့ပြင်နေတဲ့ user တွေအတွက် xiaomi ဖုန်းက အဓိက rom လေးမျိုး ဘယ်လိုကွာခြားတယ်ဆိုတဲ့ သဘောသဘာဝလေးတွေ သိရအောင် တင်ပြ လိုက်ပါတယ်။ Xiaomi ဖုန်းတွေကို စတင်အသုံးပြုပြီဆိုတာနဲ့ China ROM တင်ထားလား..။ Global ROM တင်ထားတာလားမေးကြည့်သင့်ပါတယ်။ Stable version လား..။ Beta version လား..။ တစ်ပတ်တစ်ခါ update ရတယ်။ update မရသေးဘူး.. အစရှိသည်ဖြင့်အချင်းချင်း မေးကြပြောကြတာတွေ ကြားဖူးနေမှာပါ။ဒီတော့ Xiaomi ဖုန်းတွေမှာ တင်သုံးတဲ့ ROM တွေ အကြောင်းကို အရင်လေ့လာရအောင်…။ . MIUI ROM တွေမှာ China rom, Global rom ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲသည် နှစ်မျိုးမှာမှ ထပ်ပြီးမူကွဲလေးတွေရှိတာက Stable နဲ့ Developer (Beta) versions ဆိုတာပါပဲ။ ဒီတော့ MIUI ROM ကို အဓိကအားဖြင့် လေးမျိုးရှိတယ်လို့ မှတ်ယူထားနိုင်ပါတယ်။ 1. China Stable 2. China Developer (Beta) 3. Global Stable 4. Global Developer (Beta) - တို့ဖြစ်ပါတယ်။ . ပုံကိုလေ့လာရင် China rom အောက်မှာ Alpha ဆိုတာတွေ့အုံးမှာပါ။ အဲဒါတွေကတော့ MIUI major version တစ်ခုကနေ အမြင့်တစ်ခုကိုပြောင်းချိန် (ဥပမာ MIUI 7 ကနေ MIUI 8) ပြောင်းချိန်တွေမှာ စစချင်း စမ်းသပ်ထုတ်တဲ့ ROM တွေပါ။ စမ်းသပ်ဖို့ Team တွေမှာ Member ဝင်ထားသူတွေပဲ စမ်းသပ်သုံး စွဲနိုင်မှာပါ။ Public users များအနေနဲ့ Download ပြုလုပ်သုံးစွဲခွင့်မရပါဘူး။ ဒီတော့ users တွေအနေနဲ့ မိမိတို့ကိုယ်တိုင် စိတ်ကြိုက် download ပြု လုပ်ပြီးတင်သုံးနိုင်မယ့် rom အမျိုးအစားတွေကတော့ China Stable, China Developer (Beta), Global Stable, Global Developer (Beta) rom တွေ ပဲဖြစ်ပါတယ်။ . Stable နဲ့ Developer (Beta) ဘာကွာလဲဆိုရင် Stable version တွေကတော့ Xiaomi company က End users တွေသုံးဖို့ စက်ရုံကထုတ် လိုက်တဲ့ ဖုန်းဟူသမျှမှာ တင်ပေးလိုက်တာတွေပါ။ Error တွေကင်းရှင်းပြီ၊ Users တွေ နေ့စဉ် အသုံးပြုဖို့ သင့်တော်ပြီလို့ ယူဆပြီး ထုတ်ပေးထားတာက Stable version တွေပါ။ . Developer (Beta) ကတော့ Feature အသစ်တွေ ထည့်သွင်းစမ်းသပ်၊ Stable တွေမှာ ပါတဲ့ error တွေကို အပတ်စဉ်တိုင်း ဖြေရှင်းစမ်းသပ်နေ တဲ့ rom တွေပါ။ တစ်ပတ်တစ်ခါ update လုပ်ပါတယ်။ စမ်းသပ်ပါတယ်။ အဲသည်လိုလုပ်လို့ ကာလာအတန်ကြာလာရင်တော့ Users တွေ နေ့စဉ်သုံးဖို့အ တွက် အဆင်သင့်ဖြစ်ပြီလို့ ယူဆချိန်မှာ Stable versin တွေကို update အနေနဲ့ထုတ်ပေးပါတယ်။ ဥပမာ လက်ရှိ Stable versoin က MIUI 8.1 ဆိုပါတော့။ အဲဒီနောက်မှာ တစ်ပတ်တစ်ခါ developer rom ကို update လုပ်ရင်းစမ်းသပ်ပါတယ်။ နှစ်လလောက်ကြာတဲ့အချိန် အဲသည် developer rom က users တွေ နေ့စဉ်သုံးဖို့ အဆင်သင့်ဖြစ်ပြီလို့ ယူဆချိန်မှာ Stable version MIUI 8.2 ဆိုပြီး stable version ကို Update လုပ်ပေးလိုက်ပါတယ်။ အဲသည်နောက်မှာ developer rom ကတော့ ဆက်လက်ပြီး feature အသစ်တွေထည့်၊ bug တွေ fix လုပ် ဆက်လက်စမ်းသပ်ဆဲပါ။ နောင်ကာလအတန် ကြာရင် Stable version MIUI 8.3 ဆိုပြီးဖြစ်လာမယ်ပေါ့…..။ ဥပမာအနေနဲ့ အခုအချိန်မှာ Mi Max Developer rom တွေမှာ CDMA Data ကိုသုံးလို့ရ နေပါတယ်။ Mi Max Stable rom တွေမှာတော့ အဲသည် feature မရသေးပါ။ အဲလို feature တွေကို Developer rom တွေမှာ ထည့်သွင်းစမ်းသပ်ရင်း users တွေကို အသုံးခွင့်ပေးဖို့ အချိန်ရောက်ပြီလို့ xiaomi ဆုံးဖြတ်ချိန်မှာ Mi Max Stable verson တွေ update ရပြီး CDMA Data ကို အသုံးပြုလာနိုင် မှာပါ။ Developer rom တွေရဲ့ သဘာဝက အဲသည်လိုပုံစံတွေလို့ မှတ်ယူထားနိုင်ပါတယ်။ Xiaomi ကတင်ပို့ရောင်းချတဲ့ဖုန်းတွေမှာ သုံးထားတာကတော့ China Stable or Global Stable rom တွေပါ။ Developer rom တွေကိုတင် ပြီး ရောင်းချလေ့မရှိပါဘူး။ Developer rom တွေက users တွေကိုယ်တိုင် feature အသစ်တွေကို စမ်းသပ်သုံးချင်မှသာ မိမိဖာသာ download ရယူပြီး firmware (rom) ကို ပြောင်းတင်သုံးကြတာပါ။ စက်ရုံထုတ် အနေနဲ့ကတော့ China Stable or Global Stable တစ်ခုခုပါလာမှာပါ။ . China or Global ဘယ်လိုပါလာမယ်ဆိုတာကတော့ xiaomi အနေနဲ့ India ကို တင်ပို့ရောင်းချတဲ့ ဖုန်း model တိုင်းအတွက် Global rom ကို ထုတ်လုပ်ပြီး အဲသည် Global Stable version ကို သုံးထားတဲ့ phone တွေကို India ကိုပို့ပါတယ်။ အခြားနိုင်ငံများမှ တရားဝင် reseller တွေဆီကို တင်ပို့ တဲ့ဖုန်းတွေမှာလည်း Global Stable rom ကိုပဲ သုံးထားပြိး တင်ပို့ပါတယ်။ . တရုတ်ပြည်တွင်းမှာပဲသုံးမယ်၊ India ကို တင်ပို့ဖို့အစီအစဉ်မရှိဘူးဆိုတဲ့ ဖုန်း model တွေမှာတော့ Global rom ဆိုတာမရှိပါ။ (ဥပမာ Redmi Note 3 MTK, Redmi Pro.. အစရှိသည်….)။ ဗဟုသုတ အနေနဲ့ပြောရရင် India ကိုတင်ပို့တဲ့ဖုန်းတွေမှာ MTK CPU ကိုသုံးစွဲထားတာမရှိပါ။ Qualcomm Snap Dragon CPU ကိုသာသုံးစွဲပါတယ်။ Redmi Note 4 မှာဆို India ကိုပို့တာတွေမှာ Qualcomm CPU တွေနဲ့လာတာပါ။ အခြားနိုင်ငံကို ပို့တဲ့ Model ဖြစ်လို့ Global rom ဆိုတာလည်းရှိပါတယ်။ Redmi Note 3 မှာဆိုလည်း ထိုနည်းတူတွေ့ရမှာပါ။ Mi Max မှာဆိုလည်း India Market ရဲ့တောင်းဆိုမှု ကြောင့် Mi Max Prime ဆိုပြီး (3/64, 4/128) model တွေကို Global rom ထုတ်ပြီး India ဈေးကွက်ကိုပို့ပါတယ်။ အရင်က Mi Max (2/16, 3/32) တွေ ကိုသာ Global rom နဲ့ ပြည်ပကိုတင်ပို့ခဲ့တာပါ။ Xiaomi က Global rom ကို ပြည်ပကိုတင်ပို့မယ့် ဖုန်း model တွေကို India market ပေါ်မှာပဲ အဓိကလေ့လာတင်ပို့လေ့ရှိတာတွေ့ရမှာပါ။ မြန်မာပြည်မှာတော့ ခြွင်းချက်လေးတွေ ရှိမယ်ထင်တာပါပဲ။ ဘာလို့လဲဆိုတော့ Xiaomi Official ဆိုပြီး China rom ကို တင်ထားတဲ့ ဖုန်း model တွေကို ရောင်းချနေတာတွေ့နေရပါတယ်။ . Global rom နဲ့ China rom ကွာခြားတာလေးတွေကို အောက်ပါပုံမှာလေ့လာနိုင်ပါတယ်။ . Normal users များအနေနဲ့ အမြဲသုံးသင့်တာကတော့ Stable version ပါပဲ။ Google service တွေကို အဓိကထားအသုံးပြုတဲ့ ကျတော်တို့လိုဆီမှာ Global Stable က ပိုသင့်တော်တယ်လို့ မြင်မိပါတယ်။ (မိမိနှစ်သက်သလို စိတ်ထဲခံယူဆုံးဖြတ်နိုင်ပါတယ်)။ Global rom တွေမှာတော့ ကိုယ်အသုံးမလိုတဲ့ Chinese app တွေပါနေတာမရှိပါ။ အဲသည် Chinese system app တွေကြောင့် memory ပိုစားတာတွေ သိပ်မရှိလှပါ။ ကျန်တဲ့ feature တွေကတော့ အတူတူတွေလိုပါပဲ။ အခုနောက်ပိုင်း အချိန်တွေမှာ Global rom က update ရတာကြာတယ်ဆိုတာလည်း သိပ်မရှိလှတော့ပါ။ xiaomi အနေနဲ့ international market ကို အဓိက ဦးစားပေးလို့ ထုတ်လုပ်နေတာကြောင့် အချို့ဖုန်း model တွေမှာ Global developer version တွေက အရင်ထွက်၊ Global stable version တွေက feature အသစ်တွေနဲ့ အရင် update ရတာတွေ တွေ့နေရပါတယ်။ . ကိုယ့်ဖုန်းမှာ China rom တင်သုံးထားလား၊ Global rom တင်သုံးထားလားဆိုတာကို အောက်ပါပုံအတိုင်း လေ့လာနိုင်ပါတယ်။ MIUI Version နေရာမှာ Global ဆိုတဲ့ စာသားမပါက China rom ပါ။ Beta ဆိုတဲ့ စာလုံးတွေ့ရင် Developer rom ပါ။ Stable version တွေကတော့ version နံပါတ်နေရာမှာ 8.0.11.0 ..စသည်ဖြင့် တပ်ပါတယ်။ 8 ကတော့ MIUI major verson ပါ။ MIUI 8 ပေါ့။ နောက်က number တွေကတော့ update လုပ်ရင်း ပြောင်းပြောင်း သွားတဲ့ minor version လေးတွေပါ။ Developer rom တွေမှာတော့ 7.1.20 စသည်ဖြင့် ပါပါတယ်။ ပုံစံက 2017, Jan (1 လပိုင်း), 20 ရက်နေ့မှာ update ပေးထားတဲ့ rom လို့ဆိုလိုပါတယ်။ နောက်တစ်ပါတ် Update ဆိုရင် 7.1.27 ပေါ့..။ အဲလိုပုံစံမှတ်ထားနိုင်ပါတယ်။ Source -Thet Zaw Ko

No comments:

Post a Comment

မင်္ဂလာပါ..