menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ဓာတ်ဆီနဲ့ ဒီဇယ်လွဲမှားကာ မှားထည့်မိတဲ့အခါ




 🧏🏻‍♂️ဓာတ်ဆီနဲ့ ဒီဇယ်လွဲမှားကာ မှားထည့်မိတဲ့အခါ

🚚လုပ်ငန်းသုံးကားလောကမှာ ဓာတ်ဆီအင်ဂျင်နဲ့ကားတွေရှိသလို ဒီဇယ်အင်ဂျင်နဲ့ကားကြီးတွေလည်းရှိပါတယ်။“မမှားသောရှေ့နေ၊မသေသောဆေးသမား”ဆိုတဲ့အတိုင်း ဘယ်လောက်ပဲကျွမ်းကျင်တဲ့ ကားဆရာကြီးတွေဖြစ်နေပါစေ ရံဖန်ရံခါမှာ အလွဲလေးတွေ လုပ်တတ်ကြပါတယ်။ 

🤦🏼အဲ့ဒီအမှားတွေထဲ အန္တရာယ်ရှိပြီး ဒုက္ခများစေမယ့် အမှားကြီးကတော့ ဒီဇယ်အင်ဂျင်ထဲ ဓာတ်ဆီမှားထည့်မိတာပါပဲ။

❌ဒီမှားထည့်မိတဲ့ အကျိုးဆက်တွေကို သတိမပေးခင်မှာ ဓာတ်ဆီနဲ့ဒီဇယ်ရဲ့ မတူညီသော ဓာတ်ပြုမှုနဲ့ သဘောသဘာဝတွေအကြောင်း အနည်းအကျဉ်းပြောပြပါမယ်ခင်ဗျာ။

⚠️ဓာတ်ဆီက အရောင်မရှိ၊ အနံ့အနည်းငယ်သာရှိပြီး ပုံမှန်အပူချိန်မှာတောင်အငွေ့ပျံနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ အနှုတ်ဒီဂရီမှာတောင် မီးလောင်ပေါက်ကွဲနိုင်တဲ့အထိ စွမ်းအားပြင်းပါတယ်။

⚠️ဒီဇယ်ဆီကတော့ အဝါ‌ရောင်သန်းပြီး သင်းပျံ့တဲ့ရနံ့ရှိပါတယ်။ လိုအပ်တဲ့အပူချိန်ရောက်တဲ့အခါ မီးလောင်ပေါက်ကွဲနိုင်ပြီးတော့ အပူချိန်မလောက်ခဲ့ရင်တော့ အရည်အဖြစ်သာကျန်ရှိနေမှာပါ။

❇️ဓာတ်ဆီအင်ဂျင်ထဲကို ဒီဇယ်ဆီထည့်ရင်တော့ ဒီဇယ်ဆီက လိုအပ်တဲ့အပူချိန်ရောက်မှသာ ပေါက်ကွဲနိုင်လို့ စက်နှိုးမရတာကလွဲပြီး ဘာမှဆက်မဖြစ်ပါဘူး။ ဓာတ်ဆီအင်ဂျင်က လိုအပ်တဲ့အပူမပေးနိုင်လို့ အရည်အဖြစ်နဲ့သာဆက်လက်ကျန်ရှိနေမှာပါ။

📛ဒါပေမယ့် အနုတ်ဒီဂရီမှာတောင်ပေါက်ကွဲနိုင်တဲ့ ဓာတ်ဆီကို ဖိအားများတဲ့ ဒီဇယ်အင်ဂျင်မှာထည့်လိုက်ရင်တော့ မီးလောင်လွယ်ခြင်းအပြင် တခြားသောဆိုးရွားတဲ့အကျိုးဆက်တွေ ခံစားရမှာဖြစ်ပါတယ်။

‼️ပထမဆုံးဖြစ်မှာက ပေါက်ကွဲလွယ်တဲ့ ဓာတ်ဆီကြောင့် အင်ဂျင်ထဲက pistons, valves နဲ့ တခြား အင်ဂျင်အစိတ်အပိုင်းတွေကို အကြီးအကျယ်ထိခိုက်ပျက်စီးစေခြင်း၊

‼️ဒီဇယ်ပိုင်းမှာ မတူညီတဲ့ Fuel Systemပါရှိတာကြောင့် ဓာတ်ဆီစီးဝင်တဲ့အခါ fuel pumps, fuel injectors နဲ့ fuel Lines တွေထိခိုက်ပြီး ယိုစိမ့်မှုတွေဖြစ်စေနိုင်တဲ့အပြင် အခန့်မသင့်ရင် မီးလောင်ပေါက်ကွဲတတ်ခြင်း၊

‼️ဒီဇယ်ဆီမှာ အင်ဂျင်အစိတ်အပိုင်းတွေကောင်းစွာလည်ပတ်ဖို့ ချောဆီဂုဏ်သတ္တိပါဝင်ပြီး ဓာတ်ဆီမှာတော့မပါတာကြောင့် မှားထည့်မိတဲ့အခါ အင်ဂျင်အစိတ်အပိုင်းများပွတ်တိုက်မှုများကာ ပေါက်ပြဲချို့ယွင်းမှုများ ဖြစ်စေခြင်း၊

‼️လုပ်ငန်းသုံးကားတစ်စီးရဲ့ စွမ်းဆောင်ရည်တစ်ခုလုံးကို ဆိုးဝါးစွာထိခိုက်စေခြင်းနဲ့အတူ ကားမောင်းနှင်ရင်း ထိုးရပ်သွားနိုင်ခြင်း၊

‼️ဒါ့အပြင် ဒီဇယ်အင်ဂျင်က ကုန်ကျစရိတ်ပိုများတာကြောင့် fuel systemနဲ့ အင်ဂျင်တစ်ခုလုံး လဲလှယ်ရနိုင်လို့ ပြင်ဆင်စရိတ်စက ပိုကုန်ခြင်း စသော အကျိုးဆက်တွေဖြစ်လာနိုင်တာကြောင့် အကယ်၍များ မှားထည့်မိတဲ့အခါ စက်နှိုးတာမျိုးဆက်မလုပ်ဘဲ ကားကိုရပ်ထားပါ။

👨‍🔧ပြီးနောက် ဆီပြန်စုပ်ထုတ်ဖို့အတွက် ပြင်ဆရာကြီးများရဲ့အကူအညီကိုရယူကာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီကို ချက်ချင်းလဲလှယ်ပါ။

 🫵ဒီအဖြစ်က မှားနေကျမဟုတ်ပေမယ့် သတိထားမိအောင် မှ သတိပြုနိုင်ဖို့ စေတနာရှေ့ထားကာ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

No comments:

Post a Comment

မင်္ဂလာပါ..