menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

အိမ်မဝယ်ခင်သိထားရမည့်အရာ (၆) ခု

 

အိမ်မဝယ်ခင်သိထားရမည့်အရာ  (၆) ခု
++++++++
ကိုယ်စိတ်ဝင်စားတဲ့ အိမ်တွေကို Online မှာရှာတွေ့ သွားပြီ၊ အပြင်မှာ လူကိုယ်တိုင် သွားကြည့်ချင်ပြီဆိုရင် ဒီအိမ်နဲ့ ပတ်သက်တာတွေကို လေ့လာဖို့ လိုအပ်ပါတယ်။ ဟုတ်ပါတယ်... အိမ်ရဲ့အချက်အလက်တွေကို Online မှာအလွယ်တကူ ကြည့်လို့ရတာ မှန်ပေမယ့်လည်း ဒီအိမ်ကိုဝယ်တော့မယ်ဆိုရင် အဝယ်မမှားအောင်  မဖြစ်မနေ မေးရမယ့် မေးခွန်းတွေရှိပါတယ်။ ဒီမေးခွန်းတွေကို အိမ်လိုက်ပြတဲ့ အကျိုးဆောင်ကို မေးလို့ ရသလို၊ အိမ်ရှင်ကိုလည်း တိုက်ရိုက်မေးနိုင်ပါတယ်။ ဒီမေးခွန်း ၁၀ ခုကို မေးခြင်းအားဖြင့် မိမိဝယ်ယူမှုသည် မှန်ကန်မှု ရှိမရှိကို သုံးသပ်လို့ရပါတယ်။ 

### အိမ်ပိုင်ရှင်က ဘာကြောင့် ဒီအိမ်ကို ရောင်းချင်တာလဲ
အိမ်ပိုင်ရှင်က အိမ်အပိုရှိလို့ရောင်းချင်တာလား၊ နိုင်ငံခြားထွက်သွားတော့မှာမို့ ရောင်းချင်တာလား၊ အမွေခွဲချင်လို့ ရောင်းချင်တာလား၊ ပိုက်ဆံအရမ်းလိုလို့ ရောင်းချင်တာလား ဆိုတာတွေကို သိဖို့အတွက် ဒီမေးခွန်းကို မေးဖို့ လိုအပ်ပါတယ်။ 
အိမ်ရောင်းမယ့် အကြောင်းအရင်းပေါ်မူတည်ပြီး ဒီအိမ်ရဲ့ ဈေးနှုန်းကို ညှိနှိုင်းလို့ရပါတယ်။ ဥပမာ - နိုင်ငံခြားချက်ချင်းထွက်ချင်တဲ့သူ (သို့မဟုတ်) ပိုက်ဆံအရေးပေါ်လိုနေတဲ့သူ ဆိုရင်တော့ ဝယ်သူအနေနဲ့ မိမိလိုချင်တဲ့ ဈေးကိုရအောင် ညှိနှိုင်း နိုင်ပါတယ်။ 

### ဒီအိမ်က ဈေးကွက်ထဲမှာရောက်နေတာ ဘယ်လောက်ကြာပြီလဲ
အိမ်တစ်လုံးက ဈေးကွက်ထဲမှာ ရောက်နေတာကြာပြီဆိုရင် ဒီအိမ်က ရောင်းမထွက်တဲ့ အိမ်တစ်လုံးလို့ ယူဆနိုင်ပါတယ်။ အိမ်ဝယ်သူ တစ်ယောက်အနေနဲ့ အဝယ်မမှားအောင် ဒီအိမ်က ဘာကြောင့် ရောင်းမထွက်လဲဆိုတာကို သိဖို့ လိုပါတယ်။ 
ဒီအိမ်မှာ ကြီးကြီးမားမား ပြင်ရမယ့် အပျက်အစီးတွေရှိနေတယ်ဆိုရင်တော့ ဝယ်သူတော်တော်များများက ပြင်ရဆင်ရမယ့် ကုန်ကျစရိတ်တွေကို တွက်ချက်ပြီး တစ်ခြား Location ကောင်းတဲ့အိမ်ကို ရွေးတတ်ကြတဲ့အတွက် အဲ့ဒီအိမ်ကို မဝယ်ဖြစ်တော့ကြပါဘူး။ 
နောက်တစ်ခုက ဒီအိမ်ရဲ့ ခေါ်ဈေးပါ။ ခေါ်ဈေးက ဒီအိမ်နဲ့ ဆင်တူတဲ့ တစ်ခြားအိမ်တွေထက် ဈေးမတရားမြင့်နေတယ်ဆိုရင်တော့ ဒီအိမ်ကို ဘယ်သူမှ ဝယ်ချင်မှာမဟုတ်တဲ့အတွက်  ဒီအိမ်က ဈေးကွက်ထဲမှာ အချိန်အကြာကြီးရောက်နေတတ်ပါတယ်။ 
ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အိမ်က အရောင်းတင်နေတာဘယ်လောက်ကြာပြီလဲ၊ ဈေးကွက်ထဲမှာရောက်နေတာ ဘယ်လောက်ကြာပြီလဲ ဆိုတာကို အဝယ်လိုက်ပြတဲ့ အကျိုးဆောင်ကို မေးဖို့ အရေးကြီးပါတယ်။ 

### ဘေးပတ်ဝန်းကျင်က ဆူညံလား တိတ်ဆိတ်လား
အိမ်ရဲ့ တည်နေရာပေါ်မူတည်ပြီး Noise Level (ပတ်ဝန်းကျင်ဆူညံမှု) ကကွာခြားပါတယ်။ ကိုယ်ဝယ်မယ့်အိမ်က ရထားလမ်းနဲ့ နီးလား၊ ကားလမ်းမကြီးနဲ့ နီးလား၊ လေယာဉ်ကွင်းနဲ့ နီးလား ဈေးနဲ့နီးလား အိမ်နီးနားချင်းတွေကရော ဆူညံလား အစရှိတာတွေကို လေ့လာဖို့ လိုအပ်ပါတယ်။ ဝယ်သူတစ်ယောက်အနေနဲ့ ကိုယ်နေချင်တဲ့ Lifestyle အပေါ်မူတည်ပြီး အိမ်ရဲ့ ဘေးပတ်ဝန်းကျင်ကို လေ့လာသင့်ပါတယ်။

### ဒီအိမ်မှာ ကြီးကြီးမားမားပြင်စရာ ဘာတွေရှိလဲ
ဒီအိမ်မှာ ချို့ယွင်းချက် ကြီးကြီးမားမားရှိတယ်ရင်တော့ ဝယ်ပြီးတာနဲ့ လူရောစိတ်ပါ နှစ်မြှုပ်ပြီး ပြင်စရာရှိတာပြင်ရပါတယ်။ ကိုယ်က ချက်ချင်းတက်နေချင်တဲ့ သူဆိုရင်တော့ အချိန်ကြာတဲ့ Renovation (အိမ်ကိုပြန်လည်ပြင်ဆင်မွန်းမံခြင်း) မျိုးကိုရှောင်သင့်ပါတယ်။ အိမ်အသစ်ဆိုရင်လည်း အဓိက လိုအပ်ချက်တွေဖြစ်တဲ့ ရေ၊ မီး၊ ခေါင်မိုး၊ တွေကို ပြင်ရမလား ဆိုတာတွေကို မေးဖို့လိုအပ်ပါတယ်။

### ဒီအိမ်နဲ့ ရပ်ကွက် က မိုးရာသီဆို ရေဝပ်လား
တစ်ချို့ အိမ်တွေဆို မိုးရွာရင် ရေဝပ်တတ်တဲ့ အိမ်တွေရှိပါတယ်။ အိမ်ထဲမှာ ရေဝပ်ရင် အဆင်မပြေတာတွေရှိသလို ရပ်ကွက်ထဲမှာရေဝပ်ရင်လဲ သွားရေးလာရေးခက်ခဲတတ်ပါတယ်။ 

### ဒီအိမ်ကို ဒီဈေးနဲ့ရောင်းဖို့အတွက် အိမ်ပိုင်ရှင်က ဈေးနှုန်းကို ဘယ်လိုသတ်မှတ်ခဲ့တာလဲ
အိမ်တန်ဖိုးကို ဈေးဖြတ်တဲ့အခါ တစ်ချို့အိမ်ရှင်တွေက အိမ်ဈေးကို ဈေးကွက်အနေအထား၊ ကာလပေါက်ဈေးတို့ကို မလေ့လာမသုံးသပ်ဘဲ အိမ်ကို စိတ်ခံစားချက်အရ ဈေးဖြတ်တတ်ကြပါတယ်။ အိမ်တစ်လုံးရဲ့ ကာလပေါက်ဈေးသည် အိမ်ခြံမြေဈေးကွက်ထဲရှိ ဝယ်လိုအားရောင်းလိုအားတို့ အပေါ်မူတည်ပါတယ်။ အိမ်ပိုင်ရှင်ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက် (သို့မဟုတ်) ပါးစပ်ထဲမှာပြောတဲ့ ဈေး အပေါ်မှာ မမူတည်ပါဘူး။ ဒါကြောင့် အိမ်ပိုင်ရှင်က ဒီအိမ်ရဲ့ ဈေးကိုဘယ်လိုသတ်မှတ်ခဲ့လဲဆိုတာကို မေးဖို့လိုပါတယ်။
#credit 

No comments:

Post a Comment

မင်္ဂလာပါ..