menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ကျောက်ဇကာ ဆိုတာဘာလဲ


 အင်ဂျင် ICE လို့ ခေါ်တဲ့ Internal Combustion Engine ဆိုသည်မှာ အင်ဂျင်အတွင်းရှိ မီးလောင်ခန်း ဆလင်ဒါတွင် အပြင်မှစုပ်ယူလိုက်သည့် လေမှရရှိသည့် အောက်ဆီဂျင်နှင့် ဖျန်းထည့်လိုက်သည့် လောင်စာဆီတို့ အတူတကွ မီးလောင်ကျွမ်းခြင်းမှ ရရှိသည့် စွမ်းအင်ဖြင့် အလုပ်လုပ်သည့် အင်ဂျင်အမျိုးအစား ဖြစ်ပါသည်။


ဒီမီးလောင်ကျွမ်းဖြစ်စဉ် ပြီးဆုံးပြီးရင်တော့ အိတ်ဇောမှ မီးခိုးများကို ပြန်စွန့်ထုတ်ပါသည်။ အင်ဂျင်မှ ထွက်လာသည့် မီးခိုးများတွင် အသက်ရှုလမ်းကြောင်းကို အန္တရာယ်ဖြစ်စေသည့် မီးခိုးများဖြစ်သည့် ကာဘွန်မိုနောက်ဆိုဒ် carbon monoxide, နိုက်ထရစ် အောက်ဆိုဒ် nitric oxide, နိုင်ထရိုဂျင်ဒိုင်အောက်ဆိုဒ် နှင့် nitrogen dioxide and ဟိုက်ဒရိုကာဘွန်တို့ hydrocarbons ပါရှိပါသည်။


ထို့ကြောင့် အိတ်ဇောပိုက် လမ်းကြောင်းတွင် ဒီမီးခိုးများကို ဓာတုဓာတ်ပြုပြီး အန္တရာယ်နည်းပါသည့် မီးခိုးများအဖြစ် ပြောင်းလဲရန်အတွက် ကျောက်ဇကာဟု ကျနော်တို့သိကြည်သည့် Catalytic converter ပါရှိပါသည်။


ကျောက်ဇကာကိုဖြတ်သန်းပြီးနောက် ကာဘွန်ဒိုင်အောက်ဆိုဒ် carbon dioxide၊ ရေငွေ့ water vapor အစရှိသဖြင့် ဓာတုဓာတ်တိုးပြီး မီးခိုးအဖြစ်ထွက်လာသော ဓာတ်ငွေ့များကို ပြောင်းလဲသွားစေပါသည်။


ကျောက်ဇကာ အမျိုးအစား ၂ မျိုးရှိပါသည်။

ပထမတစ်မျိုးက Two-Way Catalytic Converter ဖြစ်ပြီး ၎င်းအလုပ်လုပ်ပုံက ဟိုက်ဒရိုကာဘွန် (hydrocarbons, HC) နှင့် ကာဘွန်မိုနောက်ဆိုဒ် (carbon monoxide, CO) တို့ကို အဓိက ဓာတ်ပြုပြောင်းလဲပါတယ်။

ဟိုက်ဒရိုကာဘွန်ကို ဓာတ်တိုးစေခြင်း 2HCs + O2 မှ 2H2O + 2CO2

ကာဘွန်မိုနောက်ဆိုဒ်ကို ဓာတ်တိုးစေခြင်း 2CO + O2 မှ 2CO2

တို့ ဖြစ်စေပါသည်။


Two-Way converters အသုံးပြုတာကတော့ ပလက်တီနမ် (platinum, PT) နှင့် ပလာဒီရမ် (palladium, PD) သတ္ထု အမျိုးအစားတွေပဲ ဖြစ်ပါတယ်။


ဒုတိယတစ်မျိုးဖြစ်တဲ့ 1981 လောက်မှစပြီး အသုံးပြုလာသည့် Three-Way Catalytic Converters ကတော့ ပိုပြီး အဆင့်မြင့်အသုံးဝင်ပြီး အမျိုးအစား ၃ မျိုးကို ဓာတ်ပြု သန့်စင်နိုင်ပါတယ်။ ၎င်းက ဟိုက်ဒရိုကာဘွန် (hydrocarbons, HC)၊ ကာဘွန်မိုနောက်ဆိုဒ် (carbon monoxide, CO) နှင့် နိုက်ထရိုဂျင်အောက်ဆိုဒ် (nitrogen oxides, NOx) တို့ကို ဓာတ်ပြုပြောင်းလဲပေးနိုင်ပါသည်။


ဟိုဒရိုကာဘွန်ကို ဓာတ်တိုးစေခြင်း 2HCs + O2 မှ 2H2O + 2CO2

ကာဘွန်မိုနောက်ဆိုဒ်ကို ဓာတ်တိုးစေခြင်း 2CO + O2 မှ 2CO2

နိုက်ထရိုဂျင်အောက်ဆိုဒ်ကို လျှော့ကျစေခြင်း 2NOx + 2CO မှ 2N2 + 2CO2

တို့ ဖြစ်စေပါသည်။


Three-way converters အသုံးပြုတဲ့ သတ္ထုတွေကတော့ ပလက်တီနမ် (platinum, Pt)၊ ပလာဒီရမ် (palladium, Pd) နှင့် ရိုဒီယမ် (rhodium, Rh) တို့ပဲ ဖြစ်ပါတယ်။


အဓိက ကွာဟချက်ကတော့ နိုက်ထရိုဂျင် အောက်ဆိုဒ်ကို ကိုင်တွယ်နိုင်မှုအပေါ်ပဲ ဖြစ်ပါတယ်။ Three-way converters ရဲ့ အားသာတဲ့ စွမ်းဆောင်ရည်ကတော့ NOx မှ နိုက်ထရိုဂျင်နှင့် အောက်ဆီချင်အဖြစ် လျှော့ချပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်က လေထုညစ်ညမ်းခြင်း air pollution နှင့် အက်ဆစ်မိုး ရွာသွန်းခြင်း acid rain ဖြစ်ပေါ်စေနိုင်သည့် NOx ကို ထိန်းသိမ်းပေးခြင်းဖြစ်တဲ့အတွက် ခေတ်ပေါ်ကားတွေမှာ သဘာဝပက်ဝန်းကျင် ထိမ်းသိမ်းရေး စည်းကမ်းချက်များအညီ အသုံးပြုလာကြခြင်း ဖြစ်ပါသည်။


ကျောက်ဇကာထဲတွင် ပါရှိသည့် သတ္ထုများ တန်ဖိုးကြီးသည့်အတွက် ပြည်ပမှ လာရောက်ကာ ပြည်တွင်းကားများစျေးကောင်းပေး သိမ်းယူလေ့ရှိသည့်အတွက်လည်း ကျောက်ဇကာခွဲပေးခြင်းသည် အကျိုးမြတ်များသော်လည်း ကျောက်ဇကာ ခွဲထုတ်လိုက်သည့်အခါ ရလဒ်အနေနဲ့ ကျနော်တို့ သည်လေထုညစ်ညမ်းမှုကို ပက်ဝန်းကျင်ရှိ အသက်အရွယ်စုံမှ အားလုံး ခံကြရမည်ဖြစ်ကြောင်းကို အနာဂါတ်အတွက် သတိရပေးပါခင်ဗျ။

မောင်ဇက်ဖြိုး (ECE, SG)

No comments:

Post a Comment

မင်္ဂလာပါ..