menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ကားဝယ်ရင် ဘာတွေစစ်ဆေးရမလဲ ??

 

ကားဝယ်တဲ့အခါ အခြေခံကျကျ အဓိကထားပြီးကြည့်သင့်တဲ့ နေရာလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ ကိုယ်ပိုင်ဆိုင်ရမယ့် ကားလေးအတွက် ဒီအချက်လေးတွေကို သေချာစစ်ဆေးသင့်ပါတယ် 💁‍♀️

⚡ အရိုးအဆစ် ကောင်း/မကောင်း ကြည့်မယ်

အရိုးဆစ် ကောင်း/မကောင်းကို အရင်ဦးဆုံး ရှေ့ကဘောနပ် (စက်ဖုံး) ကိုဖွင့်ပြီး ရှော့ဘား အထိုင်နေရာပတ်လည်၊ ချက်စီတန်းနေရာ ပတ်လည်ကို စစ်ဆေးပါ။ အဲဒီနေရာတွေမှာ ပုံမှန် အနေထားမဟုတ်ပဲ တစ်ခုခု လွဲမှားနေသလား (ဥပမာ – ဆေးတွေ ကြမ်းနေလား၊ ပတ်တီးအက်ကြောင်းဖြစ်နေလား၊ ပိန်နေလား၊ လိမ်နေလား၊ ပုံမှန်အနေထား ဟုတ်လား မဟုတ်လား) အသေချာကြည့်ပါ။ တခြားနေရာတွေလည်း ဒီအတိုင်းပဲ စစ်ပြီး တံခါးလေးဘက်အတွင်း၊ နောက်ဖုံးအတွင်း၊ ရေတိုင်ကီတန်း အပေါ်အောက်ကိုကြည့်ပေးရပါမယ်။ အဆက်နေရာလေးတွေမှာ အော်ရယ်ဂျင်နယ် စပေါ့အချိုင့်သေးသေးလေးတွေပါ ရပါမယ်။ ဒီလိုစစ်ဆေးလို့ အဆင်ပြေတယ်ဆိုရင်တော့ ရွေးချယ်သင့်ပါတယ်။

⚡ ဘော်ဒီ ကောင်း/မကောင်း ကြည့်မယ်

ဘော်ဒီ ကောင်း/မကောင်း ဘယ်လိုကြည့်မလဲဆိုတော့

အရင်ဦးဆုံး ဆယ်ပေအကွာလောက်ကနေ ဘော်ဒီဂျော (အကြော) ပုံမှန် ဟုတ်မဟုတ် တစ်ချက် ရှိုးမယ်။ ပြီးရင် ဘော်ဒီနေရာအနှံ့ လက်ညှိုးနဲ့ ဖြစ်စေ လက်ခလည်နဲ့ ဖြစ်စေ ဇယ်တောက်သလိုလေး လိုက်ခေါက်ကြည့်ရင် သံပြားအသံ အသံမာမာလေး ထွက်ရပါမယ်။ ဒီလို မဟုတ်ဘဲ သစ်သားပုံး တစ်ခုခုကို ခေါက်နေရသလို တစ်ဘုတ်ဘုတ်နဲ့ ဖြစ်နေရင်တော့ ထိခိုက်ထားပြီး ပြန်ပြင်ထားတာပါ။

⚡ မှန်စပေါ့ မှန် အက်ကြောင်း ရှိ/မရှိ စစ်မယ်

ရှေ့လေကာမှန်အနားသတ် အမဲရောင်ကွတ်ထားတဲ့ နေရာလေးတွေမှာ အက်ကြောင်းရှိနေလားသေချာစစ်ဆေးသင့်ပါတယ်။ အမှတ်တမဲ့ဆို မမြင်နိုင်တဲ့အတွက် အသေချာကြည့်ပါ။

⚡ ဘော်ဒီကြမ်းခင်း ဆွေး/မဆွေး ကြည့်မယ်

အခင်းတစ်ခုရှာပါ ခေါင်းဝင်ပြီး ပက်လက်လှန်ကြည့်ပါ။ အရမ်းနိမ့်တဲ့ ကားဆိုရင် အလွယ်တကူ စင်ပေါ်တင်လို့ရတဲ့ နေရာဆိုရင် စင်ပေါ်တင်ကြည့်နိုင်ပါတယ်။

⚡ အင်ဂျင် ကောင်း/မကောင်း စစ်မယ်

အရင်ဦးဆုံး ကားကိုစက်နှိုးထားပြီး အင်ဂျင်ဝိုင်တိုင်းတဲ့ ဂိတ်တံလေးကို ဆွဲဖွင့်လိုက်ပါ။ မီးခိုး မှုတ်လား မမှုတ်ဘူးလား ကြည့်ပါ၊ လီဗာနင်း ကြည့်ပါ၊ မီးခိုးမှုတ်နေရင် အင်ဂျင်ကျနေပါပြီ အင်ဂျင် မကောင်းပါ။ ကွန်ပရာဆာ ဘောသံ ရေလည်အုံ ဘောသံ တိုက်ပစ် မည်သံ တခြားအသံတွေ ထွက်/မထွက် နားထောင်ပါ မထွက်ရင်အဆင်ပြေပါပြီ။

⚡ ဒိုင်ခွက်က သတိပေးမီးများ ပုံမှန် ဟုတ်/မဟုတ် စစ်ဆေးမယ်

စက်နှိုးလိုက်တဲ့အခါ ဒိုင်ခွက်မှာရှိတဲ့ မီးတွေ အကုန်လင်းရပါမယ်။ အင်ဂျင်ချက်မီး၊ အဲယားဘက်မီး၊ ဘက်ထရီပုံ၊ အင်ဂျင်ဝိုင်မီး၊ ABS မီး အစရှိတဲ့ လင်းရမယ့်မီးအကုန်လင်း ရပါမယ်။ စက်နှိုးပြီးသွားရင် အဲ့ဒီမီးတွေ အကုန်ငြိမ်းသွားရပါမယ်။ မီးတစ်ခုခုလင်းနေရင် Error တစ်ခုခုရှိနေပါပြီ။ ဟိုက်ဘရစ် (Hybrid) ကားဖြစ်တဲ့ ဘက်ထရီနဲ့ အင်ဂျင်တွဲပြီး အလုပ်လုပ်တဲ့ ကားတွေမှာ ဆိုရင် ဘက်ထရီ ကောင်း/မကောင်း နဲ့ ချာဂျင် (Charging) ဝင်/မဝင် ကြည့်ရပါမယ်။

⚡ အောက်ပိုင်း ကောင်း/မကောင်း ဂီယာချိန်းပုံ မှန်/မမှန် မောင်းစစ်မယ်

ဒါကတော့ ကားမောင်းကြည့်ပြီး စစ်ဆေးရမယ့် အပိုင်း ရောက်လာပါပြီ။ ကီလို 30 ကျော် 40 လောက်ထိ မောင်းကြည့်ပြီး ဘရိတ်ဖမ်းကြည့်ကာ အသံနားထောင်ပါ။ လမ်းသိပ်မကောင်းတဲ့ အဖုအထစ်လေးတွေ ရှိတဲ့နေရာ မောင်းကြည့်ပါ။ အော်တိုဂီယာ အင်ဂျင်ပါဝါကြီးတဲ့ကား ဆိုရင် ကီလို 80 လောက်ထိ မောင်းကြည့်ပြီး ပါဝါသေးရင်တော့ 50 ကျော် 60 လောက် မောင်းကြည့်ပါ။ ရိုးရိုးမန်နူရယ် ဂီယာဘောက်ဆိုရင် နံပါတ်တစ် ဂီယာကနေ 2345 နောက်ဆုံးထိ ထည့်ပြီး စမ်းမောင်းပါ။ ဂီယာချိန်းတာပုံမှန်ဖြစ်သလား၊ ဂီယာ ဆောင့်သလား၊ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သလား၊ ဂီယာညည်းသံ ကြားရသလား နားထောင်ပါ။ ဒါဆိုရင် အောက်ပိုင်းနဲ့ ဂီယာစစ်ဆေးမှု လုံလောက်ပြီပဲဖြစ်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ ကားဝယ်တဲ့အခါ ဖော်ပြပေးခဲ့တဲ့ အချက်လေးတွေကို စစ်ဆေးပြီး အမှန်အကန် ကောင်းကောင်း သန့်သန့်လေးတွေကို လိုချင်တယ်ဆိုရင်တော့ EMPEROR Car Sale Center ကိုလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🤗

#Emperor

#ကားကိုစစ်ဆေးသင့်တဲ့အချက်

#Carsalecenter

#SafetyTrip

#YourBrandOurDigital

No comments:

Post a Comment

မင်္ဂလာပါ..