menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

မြန်မာစာ (Unicode) ကို msword မှာ စာရိုက်နည်း



မြန်မာစာ (Unicode) ကို msword မှာ စာရိုက်နည်း
===================================
Ms word မှာ Myanmar Text ဆိုတာ ပါပြီးသားပါ….
တစ်ခြား font သုံးချင်တယ်ဆိုရင်လည်း
PyidaungSu
Myanmar 3
Masterpiece Uni Sans
Yunghkio
Mon3 Anonta 1
GHKTaunggyi
Padauk
Khyay
Notosan Myanmar
အစရှိတဲ့ Unicode font တွေ ရှိပါတယ်
ကြိုက်ရာသုံးနိုင်ပါတယ်…။
ဒီမှာ font တွေရှိပါတယ်
https://github.com/AungMyoKyaw/Myanmar-Unicode-Fonts
အဆင့်(၁)
https://github.com/…/…/windows-2.0.0.7/KeyMagic-v2.0.0.7.exe
ကို download ယူပါ။ install လုပ်ပါ။
အဆင့်(၂)
စက်ထဲမှာ ရှိတဲ့ ZawgyiOne, ArialZawgyi, AlphaZawgyi, SmartZawgyiPro, အစရှိတဲ့ font တွေကို ဖျက်လိုက်ပါ။ zawgyi နဲ့ Unicode က input အတူတူမှာ output ထုတ်ပေးတဲ့ စာလုံးတွေ မတူလို့ ဖျက်မှပဲ ရပါတယ်။ မဖျက်ရင်တော့ ကျောက်စာတွေ ဖြစ်နေဦးမှာပဲ…။
အဆင့် (၃)
စာရိုက်ပုံ ရိုက်နည်း ဒီမှာကြည့်ပါ။
http://unicodetoday.wpengine.com/2018/…/06/keymagic-install/
စာဆင့်ချင်တဲ့နေရာမှာ ဆင့်ကီး (္)ကိုရိုက်လိုက်ရင် နောက်ကလာတဲ့ ပုဒ်က သူ့နေရာကို အလိုလို အဆင်ပြေစွာ ဖြစ်သွားပါမယ် ။
Gboard ဖြင့် ဖုန်းမှာ စာရိုက်ဖြစ်ပါ၏။ ယခင် post မှာ ကွန်ပျူတာဖြင့် Pyidaungsu font နဲ့ ရိုက်ခဲ့တဲ့ စာလုံးဆင့်‌တွေကိုပဲ... ခု Gboard နဲ့ ပြန်ပြီး ရိုက်ကြည့်ပါတယ်။ အခြေခံလက်ကွက်နဲ့ ရိုက်နည်းတို့ တူကြပါတယ်။
***
( အ ) ဆန္ဒ။ ဂန္တွာ။ ဒုက္ခ။ ဝဋ္ဋ။ အဋ္ဌ ။ အဍ္ဎ ။ ဂစ္ဆ ။ ဗျဂ္ဃ ။ ဗောဇ္ဈင် ။
( အိ ) တိတ္ထိ။ ဂဏ္ဌိ။ မဇ္ဈိမ။ ပဏ္ဍိတ။ ဣန္ဒြိယ။ မုဉ္စိတု။
(အု ) စက္ခု ။ ဝတ္ထု ။ ဣန္ဓု ။ ဝသန္တု ။
(အေ ) သန္ဓေ ။ ဒုက္ခေ ။ မနိန္ဒြေ ။ ဓမ္မေ ။
( အော) တိဏ္ဏော ။ ဒုက္ခော ။
(အံ ) သိက္ခံ။ သတ္ထံ။ တုစ္ဆံ။ တိဋ္ဌံ။
(အို ) ကုက္ကို ။ သင်္ဂြိုလ် ။သောနုတ္ထိုရ် ။ ပုဂ္ဂိုလ်။
( အင်) အင်္ဂါ။ သင်္ကေတ ။ အင်္ကျီ။ မင်္ဂလာ ။
( ၂ ဆင့်) အင်္ဂုတ္ထိုလ် ။ ဥက္ကဋ္ဌ။ ပဉ္စိန္ဒြိယော။
စက္ခုန္ဒြိယံ ။ ဩက္ကန္ဒိတွာ။
မဂ္ဂင်္ဂါနိ။ ဗောဇ္ဈင်္ဂေါ ။
‌( ၃ ဆင့်) ဒုက္ခက္ခန္ဓဿ ။ ပဋုပ္ပန္နာနဉ္စ ။ တိဏ္ဏန္နမ္ပိ ။
&&&
"ဓမ္မစက္ကပ္ပဝတ္တနသုတ္တန္တေ .."
အားလုံး သဘောပေါက်ရင် စာဆင့်၆ဆင့်ပါ ဒီပုဒ်ကိုရိုက်လို့ လွယ်သွားပါပြီ ။
(Dhammacakkappavattanasuttante ... Romanized Pāli )
***""***
Gboardက Pyidaungsu keyboard ရိုက်နည်း စနစ်နဲ့ ဆင်တူလို့ ကြိုက်ပါတယ် ။ ရိုက်လို့ မခက်ပါ။ အဆင်ပြေပါတယ် ။ ရိုက်ကြပါနော ။ ပျော်ပျော်ပါးပါးပေါ့။
‌( စာဆင့် ၃ဆင့်တွဲဆိုရင် fb မှာ စာအမှန်အပေါ်ဘူး ထင်ပါ၏ ။)

No comments:

Post a Comment

မင်္ဂလာပါ..