menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone နားကြပ်ဖြင့် လုပ်ဆောင်နိုင်သည့် လူသိနည်းသော အချက်များ

iPhone တိုင်းတွင် ပါဝင်သည့် EarPod တွင် သုံးစွဲသူများသိရှိသည်ထက် ပိုမို၍ လုပ်ဆောင်နိုင်သည့်အချက်များ ရှိနေသေးသည်။ ထို့အတွက်ကြောင့် iPhone နားကြပ်များဖြင့် လုပ်ဆောင်နိုင်သည့် အချက် (၁၅) ချက်ကို ဖော်ပြလိုက်ပါသည်။
၁) Music app တွင် သီချင်းတစ်ပုဒ်ကို play သို့မဟုတ် pause လုပ်လိုသည့်အခါ အလယ်ခလုတ်ကို တစ်ချက်နှိပ်ပါ။
(၂) နောက်သီချင်းတစ်ပုဒ်သို့ ပြောင်းလိုသည့်အခါ အလယ်ခလုတ်ကို နှစ်ချက်နှိပ်ပါ။
(၃) သီချင်း၏အစသို့ ပြန်သွားလိုလျှင် သို့မဟုတ် ယခင်သီချင်းကို ပြန်ဖွင့်လိုလျှင် အလယ်ခလုတ်ကို သုံးချက်နှိပ်ပါ။
(၄) သီချင်းတစ်ပုဒ်တွင် အမြန်ကျော်လိုလျှင် အလယ်ခလုတ်ကို နှစ်ချက်နှိပ်ပြီး ဖိထားပါ။
(၅) သီချင်းတစ်ပုဒ်ကို နောက်ပြန်ရစ်လိုလျှင် အလယ်ခလုတ်ကို သုံးချက်နှိပ်ပြီး ဖိထားပါ။
(၆) hands free ဖြင့် ဖုန်းပြောလိုသည့်အခါ နားကြပ်တွင် ပါဝင်သည့် built-in microphone ဖြင့် ပြောပါ။
(၇) ဖုန်းခေါ်ဆိုမှုတစ်ခုကို ဖြေကြားလိုလျှင် အလယ်ခလုတ်ကို တစ်ချက်နှိပ်ပါ။
(၈) ဖုန်းချလိုသည့်အခါ အလယ်ခလုတ်ကို တစ်ချက်ထပ်နှိပ်ပါ။

(၉) ဖုန်းခေါ်ဆိုမှုတစ်ခုကို မဖြေကြားလိုသည့်အခါ အလယ်ခလုတ်ကိုနှိပ်ပြီး ၂ စက္ကန့်ခန့် ဖိထားပါ။
(၁၀) ဖုန်းပြောဆိုမှုပြုလုပ်နေစဉ် ပထမခေါ်ဆိုမှုကို ဆိုင်းငံ့ထားပြီး ဒုတိယခေါ်ဆိုမှုကို ဖြေကြားလိုသည့်အခါ အလယ်ခလုတ်ကို တစ်ချက်နှိပ်ပါ။
(၁၁) ဖုန်းခေါ်ဆိုမှုနှစ်ခုအကြား ပြောင်းလဲလိုသည့်အခါ အလယ်ခလုတ်ကို နှိပ်ပါ။
(၁၂) ဖုန်းခေါ်ဆိုမှုနှစ်ခုအနက် တစ်ခုကို ရပ်ဆိုင်းလိုသည့်အခါ အလယ်ခလုတ်ကိုနှိပ်ပြီး ၂ စက္ကန့်ခန့် ဖိထားပါ။
(၁၃) ဖုန်းပြောဆိုနေစဉ် ဝင်ရောက်လာသည့် ဒုတိယဖုန်းခေါ်ဆိုမှုကို မဖြေကြားလိုသည့်အခါ အလယ်ခလုတ်ကိုနှိပ်ပြီး ၂ စက္ကန့်ခန့် ဖိထားပါ။
(၁၄) Siri ကို activate ပြုလုပ်လိုသည့်အခါ အလယ်ခလုတ်ကိုနှိပ်ပြီး ဖိထားပါ။
(၁၅) ဓာတ်ပုံရိုက်လိုသည့်အခါ Volume ခလုတ်တစ်ဖက်ကို နှိပ်ပါ။
--
credit
Apple Channel 

No comments:

Post a Comment

မင်္ဂလာပါ..