menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Power Supply အကြောင်း
Unionfont
Power Supply အကြောင်း
အိမ်သုံး၊ ရုံးသုံးအဖြစ် Desktop PC တွေကို အများဆုံး အသုံးပြုကြပါတယ်။ ကုန်ကျစရိတ် သက်သာပြီး၊ အကြမ်းလဲခံ အမြင်လဲ တင့်တယ်တဲ့အပြင် ရုံးချိန်တစ်ချိန်လုံး ကွန်ပျူတာရှေ့ထိုင်အလုပ်လုပ်ရတဲ့သူတွေအတွက်လဲ မော်နီတာကြီးကြီးနဲ့ဆိုတော့ မျက်စိညောင်းသက်သာပါတယ်။ တခါတရံ ရုံးမှာ အရေးကြီးတုန်း ကွန်ပျူတာ မော်နီတာက ဘာမှမလာတော့တာတို့ မကြာခဏ ရပ်ပြီး ပြန်ပွင့်လာတာတို့ ကြုံရမှာပါ။ ဒါဆိုရင် ကွန်ပျူတာမှာ ဘယ်နေရာက ပျက်တာလဲ စစ်ဆေးရပါတော့မယ်။ ကျွန်တော်အခုပြောပြမှာက ကွန်ပျူတာကို စစ်ဆေး Troubleshooting လုပ်တဲ့အခါ Power Supply ကို ဘယ်လိုစစ်ရမလဲ၊ ဘယ်လို အမျိုးအစားတွေရှိလဲ၊ ဝယ်ယူတဲ့အခါ ဘာတွေကို အဓိကကြည့်ရမလဲ၊ PSU အစားထိုးတပ်ဆင်ခြင်းနဲ့ Service ပြုလုပ်ခြင်းအကြောင်းတွေကို လွယ်ကူရိုးရှင်းစွာ ပြောပြသွားမှာဖြစ်ပါတယ်။
Power Supply Unit ကို အတိုကောက် PSU လို့ခေါ်ကြမယ်။ သူက AC ကနေ DC ကိုပြောင်းပေးတဲ့ Electronic Device တခုပါပဲ။ အများအားဖြင့် မြန်မာနိုင်ငံရဲ့ လျှပ်တွန်းအား AC Volt 220 အဝင်နဲ့ ကိုက်ညီအောင် ပြုလုပ်ထားပါတယ်။ အဝင်အား 180 နဲ့ 230 ကြားမှာ အလုပ်လုပ်ပါတယ်။ ဂျပန် Domestic used ကွန်ပျူတာတွေမှာ 110~240 Volt အတွင်း အလုပ်လုပ်တာတွေရှိပါတယ်။ Electronic အခေါ်အဝေါ်အရ switching power supply လို့ခေါ်ပါတယ်။ AC ဗို့အားကို သတ်မှတ်ထားတဲ့ DC ဗို့အားတွေဖြစ်အောင် ပြောင်းလဲပေးတဲ့ Unit ဖြစ်ပါတယ်။ PSU တစ်ခုမှာ AC ဗို့အဝင် အတွက် Input တစ်ခုနဲ့ PC Mainboard ကို ဆက်သွယ်ပေးမယ့် connector တွေ၊ Hard Disk တွေကို ဗို့ပေးမယ့် connector တွေပါဝင်ပါတယ်။ PSU Brand များစွာတွေ့ရှိရပါတယ်။ မိမိရဲ့ PC အတွက် ရွေးချယ်မယ်ဆိုရင် PSU ကထုတ်ပေးတဲ့ Watt ကိုကြည့်ပြီးရွေးချယ်ရပါတယ်။ အခြားအချက်တွေလဲရှိပါတယ်။ ပုံမှန်အားဖြင့် 450 နဲ့ 650 Watt အကြားရှိတဲ့ PSU တွေကို စျေးကွက်ထဲမှာ အများဆုံး တွေ့ရမှာပါ။ ဒါပေမယ့် ကိုယ်သုံးမယ့် PC ဟာ ရုံးသုံးအိမ်သုံးမဟုတ်တော့ဘဲ Gamer ၊ Video Editor တွေအတွက် ဖြစ်မယ်ဆိုရင် 800 Watt နဲ့ အထက်ရှိတဲ့ PSU တွေထဲကနေ ရွေးချယ်ရပါလိမ့်မယ်။ ကွန်ပျူတာ တစ်ခုလုံးရဲ့ အသုံးပြုသမျှ Power ကို PSU ကနေ ပေးရတဲ့အတွက် PSU ဟာကောင်းမွန်တဲ့ အမျိုးအစားဖြစ်ဖို့လိုပါတယ်။ ယနေ့ခေတ်မှာတော့ 24-pin connector ပါတဲ့ PSU တွေပဲ စျေးကွက်ထဲမှာတွေ့ရပါတော့တယ်။ အရင်တုန်းက 20-pin connector တွေလဲရှိလို့ pin အရေအတွက်ကို ကြည့်ပြီး ဝယ်ရပါတယ်။ ယနေ့ပေါ်နေတဲ့ PSU အားလုံးဟာ Intel ရဲ့ 1995 ခုနှစ်က စတင်ခဲ့တဲ့ ATX Technology ကို အသုံးပြုထားတာဖြစ်ပါတယ်။
PSU တစ်ခု ဝယ်ယူဖို့ အလွယ်ကူဆုံး အကြံပြုရရင် Warranty အကောင်းဆုံးပေးတဲ့ Brand ကိုဝယ်ယူပါလို့ တိုက်တွန်းပါတယ်။ Warranty ကောင်းကောင်းနဲ့ ကာလ ကြာကြာပေးတဲ့ Brand တွေဟာ ကောင်းမွန်ပြီး စိတ်ချရတဲ့ Component တွေသုံးထားမယ်လို့ ယုံကြည်ရလို့ပါ။ PSU ရဲ့ ဘေးမှာ ဇယားကွက်ကလေးနဲ့ Specification တွေရေးထားတာရှိပါတယ်။ Gamer တွေကို အကြံပြုလိုတာက ကိုယ်တပ်ဆင်မယ့် Graphic Card ရဲ့ လိုအပ်တဲ့ Ampere (A) ထက်အနည်းငယ်ပိုများတဲ့ Ampere ထုတ်ပေးနိုင်တဲ့ PSU ကို ဝယ်ယူပါ။ နောက်တစ်ခုက Cooling (အအေးခံစနစ်) ဖြစ်ပါတယ်။ PSU အများစုမှာ Fan တပ်ဆင်ပြီးသားဖြစ်လို့ စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။ ကွန်ပျူတာသုံးနေတဲ့အချိန်မှာ PSU ထဲက Fan ဟာ အမြဲလည်ပြီး အပူကို စွန့်ထုတ်ပေးနေရမှာပါ။ ပီစီဝါးလ်ဒ် မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ PSU တခုဟာ AC အဝင် ပါဝါရဲ့ 80% ကိုပဲ DC အဖြစ် ရရှိနိုင်ပြီး ကျန် 20 % ကတော့ အပူအဖြစ်နဲ့ Loss ဖြစ်သွားပါတယ်။ ဒါ့ကြောင့် အပူစွန့်ထုတ်မှုစနစ်ကလည်း PSU တစ်ခုရဲ့ အရေးကြီးတဲ့ ကဏ္ဍပါ။ PSU ကနေ 12V, 5V, 3.3V DC ဗို့များထုတ်ပေးပါတယ်။ PSU တခု ကောင်းမကောင်း စမ်းသပ်မယ်ဆိုရင် Output connector တွေကနေ အဲ့ဒီဗို့တွေ ထုတ်ပေးလား စမ်းကြည့်ရပါတယ်။ ဗို့အားတွေကို ဒစ်ဂျစ်တယ်မီတာနဲ့ စမ်းကြည့်တဲ့အခါ ပုံမှာပါတဲ့ ဗို့ရဲ့ ±5% ရှိနေရင် ကောင်းတယ်လို့ ယူဆနိုင်ပြီး အဲ့ဒီထက် နည်းနေရင်တော့ လဲလှယ်သင့်ပါတယ်။ အလွယ်ကူဆုံး စမ်းသပ်ချင်ရင်တော့ Power Supply Tester ဆိုတဲ့ ကိရိယာလေးနဲ့ စမ်းလို့ရပါတယ်။ -5V ကလွဲလို့ အခြားမီးလုံးလေးတွေ အားလုံးလင်းတယ်ဆိုရင် ယေဘုယျအားဖြင့် OK တယ်လို့ပြောလို့ရပါတယ်။ Power Supply Tester ကို ပုံလေးတွေမှာပြထားပြီး Technician များအတွက်လည်း Connector Diagram ထည့်ပေးလိုက်ပါတယ်။ မိတ်ဆွေတွေထဲက ကွန်ပျူတာအသစ် တပ်ဆင်မယ့်သူတွေရှိရင် အရေးကြီးတဲ့ PSU အကြောင်း ထပ်ဆင့်ပြောပြလိုက်ပါ။
&&&
ကွန်ပျူတာအသိ တိုးပွားကြပါစေ။
မူရင်းတင်ပေးသောဆရာဦးသီလကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
PSU (Power Supply Unit)အကြောင်းအသေးစိတ်
အပိုင်း ၂
Switching Model Power Supply (SMPS)
Power supply တစ်ခုရဲ့ အခြေခံအကျဆုံးလုပ်ဆောင်ချက်ကတော့ ကျွန်တော်တို့ရဲ့အိမ်တွေမှာ ဒီနေ့သုံးနေကြတဲ့ Auternating Currrent (AC) လို့ခေါ်တဲ့ အိမ်သုံးလျှပ်စစ်ကနေပြီးတော့ Direct Current (DC) လို့ခေါ်တဲ့ ကွန်ပျူတာတွေမှာ လက်ခံအသုံးပြုနိုင်တဲ့ လျှပ်စစ်ဗို့အား အမျိုးမျိုးကို ပြောင်းလဲပေးရသော ကြားခံပစ္စည်းဖြစ်သည်။ ပြောရမယ်ဆိုရင် ဒီနေ့အသုံးပြုနေတဲ့ လျှပ်စစ်က AC- 220V ပဲဖြစ်တယ်။ AC- 220V ကို Power Supply ကနေပြီးတော့ Input လုပ်လိုက်တဲ့အခါ ကွန်ပျူတာထဲမှာလိုအပ်တဲ့ ဗို့တွေဖြစ်တဲ့ DC +3.3V, DC 5V, DC 12V တို့နဲ့ motherboard မှ စတင်အလုပ်လုပ်ရန်လိုအပ်သော Single (+2.4V~+6V) တို့ကို Output အဖြစ်ထုတ်ပေးပါတယ်။
တကယ်တော့ ကွန်ပျူတာတွေမှ မဟုတ်ပါဘူး။ ဒီနေ့အသုံးပြုနေကြတဲ့ လျှပ်စစ်သုံးပစ္စည်းတော်တော်များများ၊ ဥပမာ- လက်ကိုင်ဖုန်း၊ Printer ၊ Scanner တွေအစရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေရဲ့ အတွင်းမှာ ရှိတဲ့ ဆားကစ်တွေက DC Volt အား(ဓါတ်ခဲ၊ ဘတ်ထရီမှလာသော လျှပ်စစ်ဓါတ်အား) တွေနဲ့ပဲ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ အလွယ်တကူရရှိနိုင်တာကတော့ ဒီနေ့အိမ်တွေမှာ သုံးနေတဲ့ AC Volt အားပဲ ဖြစ်တာကြောင့် AC Adapter လို့ခေါ်တဲ့ AC မှ DC သို့ပြောင်းလဲပေးနိုင်တဲ့ DC Power Supply တွေကို ကြားခံအသုံးပြုကြပါတယ်။
AC adapter တွေကို Linear Design နဲ့ တည်ဆောက်ထားတာကြောင့် Linear Power Supply တွေပဲဖြစ်ပြီး ဖွဲစည်းတည်ဆောက်ပုံတွေကလည်း အရမ်းလွယ်ကူရိုးရှင်းလို့ အလွယ်တကူပဲပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ AC Adapter တွေရဲ့ အဓိကအားနည်းချက်ကတော့ လျှပ်စစ်စွမ်းအင်းတွေကို အလွန်ပဲ ဖြုန်းတီးပစ်ကြပါတယ်။ ဘယ်လောက်ထိ ဖြုန်းတီးလဲဆိုရင် အမှန်တကယ် ထည့်သွင်းပေးရတဲ့ လျှပ်စစ်စွမ်းအင်ရဲ့ 50% က အပူအဖြစ်နဲ့ အပြင်ကိုစွန့်ထုတ်လိုက်ပါတယ်။
ဒါကြောင့်မို့လို့ AC Adapter တစ်ခု အလုပ်လုပ်နေတဲ့အချိန်မှာ လက်နဲကိုင်ကြည့်ပါ။ သိသိသာသာပဲ ပူနေပါလိမ့်မယ်။ ဒီလိုအားနည်းချက်တွေကြောင့် တခြား အီလက်ထရောနစ် ပစ္စည်းတွေဖြစ်တဲ့ Hand Phone, Printer တွေမှာ လက်ခံ အသုံးပြုနိုင်ပြီးတော့ Computer Power Supply အဖြစ်နဲ့တော့ အသုံးပြုဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့်ကွန်ပျူတာတွေမှာ Switched mode Design နဲ့တည်ဆောက်ထားတဲ့ Switching Model Power Supply (SMPS) တွေပဲအသုံးပြုကြပါတယ်။
Linear and Switching Mode Power Supply
Liner Power Supply တို့နဲ့ နှိုင်းယှဉ်ရင် SMPS တွေရဲ့ အဓိက အားသာချက်တွေကတော့ efficiency မြင့်မားခြင်းနဲ့ အရွယ်အစားသေးငယ်ပေါ့ပါးစွာ တည်ဆောက်နိုင်ခြင်းတွေပဲဖြစ်ပါတယ်။ Liner Power Supply တွေမှာဆိုရင် တည်ငြိမ်တဲ့ အထွက်ဗို့အား ရဖို့အတွက် Variable resistor တွေလို အလုပ်လုပ်ရတဲ့ Linear Regulator တစ်ခုပါရှိပါတယ်။
ဒီ Linear Regulator ဟာ Power ဆုံးရှုံးမှု အများဆုံးဖြစ်ပြီး Power Supply ရဲ့ Efficiency ကိုသိသိသာသာ ကျဆင်းစေပါတယ်။ Efficiency ကျဆင်းလာတာနဲ့အမျှ အပူပမာဏ ပိုမိုထွက်ရှိလာမှာဖြစ်တဲ့အတွက် အပူတွေကိုစွန့်ထုတ်ပစ်ပြီး အအေးခံရန်အတွက် Heat-Sink လို့ခေါ်တဲ့ သတ္ထုပြားများကို ထည့်သွင်းတည်ဆောက်ကြရပါတယ်။ ၄င်း Heat-Sink ရဲ့အလေးချိန်ကြောင့် Power Supply ရဲ့ အရွယ်အစားနဲ့ အလေးချိန်ကိုလည်း တိုးမြင့်စေပါတယ်။ Power Supply ရဲ့ အရွယ်အစားနဲ့ အလေးချိန်ကို တိုးမြင့်စေတဲ့ နောက်တစ်ချက်ကတော့ Transformer တွေပဲဖြစ်ပါတယ်။ Transformer တွေရဲ့ အရွယ်အစားတွေက Frequency အနိမ့်အမြင့်ပေါ်မှာ မူတည်နေပါတယ်။ Linear Power Supply တွေမှာ အသုံးပြုတဲ့ Power Supply တွေဟာ 50Hz မှ 60Hz အတွင်းသာရှိတဲ့ Low Frequency အတွက်ပဲ ဖြစ်တာကြောင့် အရွယ်အစားကြီးမာပါတယ်။
SMPS မှာတော့ တည်ငြိမ်တဲ့ အထွက်ဗို့အားရရှိအောင် Switching regulator ကိုအသုံးပြုပါတယ်။ Switching regulator ဆိုတာကတော့ Field effect transistor တွေနဲ့ တည်ဆောက်လေ့ရှိတဲ့ Circuit တွေပဲဖြစ်ပြီး သာမန် Switch တွေလိုပဲ On နဲ့ Off ကိုလုပ်ဆောင်ပါတယ်။ Switching regulator များဟာ on နဲ့ Off ကို ဆားကစ် အတွင်းမှာ Setting ချထားသည့် နှုန်းထားတစ်ခုအတိုင်း (20KHz နှင့်အထက်) လုပ်ဆောင်နိုင်ပါတယ်။ 20KHz ဆိုတာကတော့ On နဲ့ Off ကို တစ်စက္ကန့်မှာ အကြိမ်ပေါင်း 20,000 ထိလုပ်ဆောင်နိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ High Frequency နဲ့ လုပ်ဆောင်နိုင်တဲ့အတွက်ကြောင့် SMPS မှာ အသုံးပြုတဲ့ Transformer တွေနဲ့ Filtering Component တွေရဲ့ အရွယ်အစားဟာ Liner Power Supply တွေနဲ့ ယှဉ်ရင် လေးဆ မှ ရှစ်ဆ အထိသေးငယ်ပါတယ်။ ဒါကြောင့် SMPS တို့ကို များစွာနေရာမယူပဲ ကျစ်ကျစ်လျစ်လျစ် ပေါ့ပေါ့ပါးပါးဖြစ်အောင် တည်ဆောက်နိုင်ခြင်းပဲဖြစ်ပါတယ်။
SMPS တွေရဲ့ Switching Regulator တွေရဲ့ အားသာချက်ကတော့ Power Loss သည်လုံး၀မရှိသလောက်နည်းပါး တဲ့အတွက်ကြောင့် efficiency ကိုတိုးမြှင့်စေပြီး အပူစွန်ထုတ်မှုကိုလျှော့နည်း စေပါတယ်။ ပုံမှန် Liner Power Supply တစ်ခုဟာ efficiency 30 % သာ ရှိပြီး ဒီနေ့ခေတ်အသုံးပြုနေတဲ့ SMPS များမှာတော့ 70% မှ 80% ထိရှိပါတယ်။ ဒါပေမဲ့ SMPS ရဲ့ အဓိက အားနည်းချက်ကတော့ high Frequency Signal တွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကွန်ပျူတာ Power Supply တွေကို radiation မှ ကာကွယ်နိုင်အောင် သတ္ထုပြားများဖြင့် ငုံ၍တည်ဆောက်ထားတာကိုတွေ့ရပါလိမ့်မည်။­­­
Power Supply Form Factor
Form factor ဆိုတာကတော့ ပစ္စည်းတစ်ခုအား ပကတိမျက်စိဖြင့် မြင်တွေ့ရသော ပုံဏ္ဍာန်နှင့်ဖွဲ့စည်းတည် ဆောက်ပုံတို့ပဲဖြစ်ပါတယ်။ ဆိုရရင် power supply တစ်ခုရဲ့ပုံသဏ္ဍာန်နှင့် တည်ဆောက်ပုံတို့အပေါ်မူ တည်ပြီး form factor အမျိူးမျိူး ကွဲပြားကြပါတယ်။ ဟိုယခင်အချိန်စ၍ ယနေ့အချိန်ထိ အသုံးပြုလာခဲ့ကြသော power supply form factor များမှာ
(1)PC/Xt (2)AT (3) Baby AT
(4)LPx (5)ATX/ATX12V (6)SFX (7)WTX တို့ပဲဖြစ်ပါတယ်။
အဲဒီ form factor ထဲကမှ ဒီနေ့အသုံးအများဆုံးကတော့ ATX (Advance Technology extended) နှင့် ATX 12V တို့ပဲဖြစ်ပါတယ်။ ATX Power Supply တွေကို 1995 ခုနှစ်ကနေ 2000 ခုနှစ်အတွင်း Pentium 3 Processor တပ်ဆင်ထားတဲ့ ကွန်ပျူတာတွေမှာ တော်တော်များများအသုံးပြုခဲ့ကြပါတယ်။ 2000 ခုနှစ်နောက်ပိုင်းကျမှ Pentium IV တပ်ဆင်မယ့် ကွန်ပျူတာတွေအတွက် ATX ကို ပြင်ဆင်ပြီး ATX 12V Supply တွေကို ထုတ်လုပ်အသုံးပြုခဲ့ကြပါတယ်။ ATX နဲ့ ATX 12V တို့ရဲ့ အဓိက ကွာဟချက်ကတော့ ATX 12V မှာ “4 Wire + 12V” Connector တစ်ခုအပိုပါခြင်းပဲဖြစ်ပါတယ်။
ဒီ ATX 12V Supply တွေကို 2000 ခုနှစ် P4 (Pentium 4) Computer တွေကနေ စတင်အသုံးပြုခဲ့ရာကနေ ဒီနေ့အထိပဲဖြစ်ပါတယ်။ ဒါပေမဲ့ စထွက်တုန်းက ဒီနေ့ Standard တိုင်းမဟုတ်ပဲ ကြားထဲမှာ အနည်းငယ်ပြင်ဆင်ဖြည့်စွက်မှုတစ်ချို့တော့ လုပ်ခဲ့ကြပါတယ်။ ပြောရမယ်ဆိုရင် အရင် 20 Pin Main Power Connector ကနေ 24 Pin Main Power Connector အဖြစ်ပြောင်းလဲ အသုံးပြုခြင်းနဲ့ SATA Drive တွေအတွက်ပါ Power Connector တွေကို ထည့်သွင်းလာရခြင်းပဲဖြစ်ပါတယ်။
စာတွေကြီးပဲ ဖတ်နေရလို့ပျင်းနေပြီလား။ ဒီစာတွေကို လုံး၀မသိလို့မရပါဘူး။ A+ (Hardware) ဆိုတာက ကွန်ပျူတာတွေဘယ်လိုတည်ဆောက်ထားလဲ၊ ကွန်ပျူတာတွေဘယ်လို အလုပ်လုပ်ကြလဲ၊ ဘယ်နေရာ ဘယ်အစိတ်အပိုင်းတွေက ဘယ်လိုချွတ်ယွင်းချက်တွေ ရှိနေလဲဆိုတာကို ဒါတွေသိထားမှ ပဲ ဆုံဖြတ်လို့ရမှာပါ။ တစ်ဆက်ထဲမှာပဲ ဘယ်နေက ဘယ်လိုချွတ်ယွင်းနေတယ်ဆိုတာကို သိမှ ပြုပြင်လို့ရမှာပါ။ ဒါကြောင့် ဒီစာတွေကို နေစဉ်ပုံမှန်ဖတ်၊ ပုံမှန်လေ့လာဖို့ လိုပါလိမ့်မယ်။ ကဲ ကွန်ပျူတာတွေရဲ့ ဘယ်အစိတ်အပိုင်းက ဘယ်လို အလုပ်လုပ်တယ် ဆိုတာကို ဆက်ပြီးလေ့လာကြည့်ကြရအောင်။
Standard Output Voltage and Signal
ကွန်ပျူတာတစ်လုံးမှာ ရှိတဲ့ အစိတ်အပိုင်းများဖြစ်ကြတဲ့ Processor၊ RAM၊ Hard Disk၊ CD Drive အစရှိတဲ့ Component အသီးသီးတွေဟာ အလုပ်လုပ်တဲ့အချိန်မှာ တစ်ခုနဲ့ တစ်ခု မတူညီတဲ့ ဗို့အားတွေကို သုံးစွဲကြပါတယ်။ ဒါကြောင့် မိမိအိမ်မှာ သုံးတဲ့ လျှပ်စစ် AC- 220V ကို Power Supply မှာ ထည့်သွင်းလိုက်ပါတယ်။ Power Supply ကနေပြီး ကွန်ပျူတာရဲ့ လိုအပ်တဲ့ မတူညီသော ဗို့အားတွေကို ပြန်လည်ထုတ်ပေးပါတယ်။ အဲ့ဒီလို Power Supply ကထုတ်ပေးတဲ့ ဗို့အားတွေကတော့ အခြေခံအားဖြင့် 3.3V၊ 5V၊ 12V ဆိုပြီးတော့ အခြေခံ DC (Direct Current) ဗို့အားသုံးမျိုး နဲ့ Power Good Signal၊ Soft Power ဟုခေါ်သော Power ON ၊ 5V Standby Signal တို့ကိုထုတ်ပေးပါတယ်။ Power Good Signal အကြောင်းကို အောက်မှာ ထပ်ရှင်းပြပါမယ်။ အောက်ကပုံကတော့ ATX 12V Supply မှ 24 Pin Connector တစ်ခုရဲ့ပုံပဲဖြစ်ပါတယ်။
3.3 V (Standard Color-Orange)
ATX မှအစပြု၍ ATX 12V, SFX, WTX Power Supply များမှာ ပါ၀င်ထည့်သွင်းပေးလာသော ဗို့အားတစ်ခုပဲဖြစ်ပါတယ်။ 386, 486 Processor များအသုံးပြုသည့် ကွန်ပျူတာများတွင် အသုံးပြုသည့် Baby AT Power Supply နှင့် ရှေးကျတဲ့ Power Supply တွေမှာ 3.3V ထုတ်ပေးခြင်းမရှိပါဘူး။ ထို AT Power Supply တွေရဲ့ အနိမ့်ဆုံးဗို့အားမှာ 5V ဖြစ်ပြီး Processor (CPU), Memory (RAM) နဲ့ Motherboard ပေါ်က အခြားအစိတ်အပိုင်းတွေမှာ အသုံးပြုပါတယ်။
Pentium မျိုးဆက်ပေါ်လာတဲ့အခါမှာ Processor Chip တွေ ပိုမိုမြန်ဆန်စွာအလုပ်လုပ်နိုင်ပြီး Power Consumption ကိုလျော့နည်းစေရန်အတွက် 5V မှ 3.3V သို့လျှော့ချလိုက်ပါတယ်။ ဒါကြောင့် motherboard ထုတ်လုပ်သူတွေဟာ Pentium Processor တွေ တပ်ဆင်အသုံးပြုနိုင်အောင် +5V မှ +3.3V သို့လျှော့ချနိုင်သော regulator တွေ Motherboard တွေပေါ်မှာ တပ်ဆင်ပေးရပါတယ်။
အဲဒီလို regulator တွေကို Motherboard ပေါ်မှာတပ်ဆင်ပြီး +5V ကနေ 3.3V သို့လျှော့ချခြင်းဖြင့် Motherboard ရဲ့ စွမ်းဆောင်ရည်ကို လျှော့နည်းစေတဲ့အပြင် မလိုလားအပ်တဲ့ အပူတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ATX power supply တွေကနေ အစပြုပြီးတော့ +3.3V ကိုတိုက်ရိုက်ထုတ်ပေးနိုင်အောင် ပြင်ဆင်ခဲ့ကြပြီး CPU, Memory, AGP Video Card တွေနဲ့ တခြား Circuit တွေအလုပ် လုပ်ဖို့အတွက် အသုံးပြုပါတယ်။
+5V (Standard color-Red)
+5V ကို PCI Card များ၊ ISA Card တွေနဲ့ Motherboard ပေါ်က အချို့ Chip တွေအတွက်အသုံးပြုပါတယ်။
-5V (Standard color-White)
-5V ကိုရှေးကျတဲ့ floppy Controller တွေ၊ ISA Card တွေအတွက်အသုံးပြုပါတယ်။ ဒီနေ့အချိန်မှာတော့ အသုံးမပြုတော့ပေမဲ့ ယနေ့အချိန်ထိ Power Supply တွေမှာ ထည့်သွင်းထားတာကို တွေ့ရပါတယ်။
+12V (Standard color-Yellow)
+12V ကို ပန်ကာတွေ၊ CD Drive တွေ၊ Hard Drive တွေ အတွင်းမှာရှိတဲ့ မော်တာတွေလည်ပတ်နိုင်အောင် အထိက သုံးပါတယ်။
-12V (Standard Color-Blue)
-12V ကို ဒီနေ့ခေတ်မှာ အသုံးပြုနေတဲ့ ခေတ်ပေါ် System တော်တော်များများမှာ အသုံးမပြုတော့ပေမဲ့ တစ်ချို့ Motherboard တွေမှာ onboard (Built in) ထည့်သွင်းတည်ဆောက်ထားတဲ့ LAN Card (Network Card) နဲ့ Serial Port တွေမှာတော့ -12V ကိုအသုံးပြုလျက်ရှိပါတယ်။ မှတ်ချက်- Onboard ဆိုတာ Motherboard ပေါ်က ဖြုတ်တပ်လို့မရတဲ့ Component ကို ဆိုလိုပါတယ်။
Zero Volt (or) Ground (Standard color-Black)
Zero Volt ကို Ground, Earth, Common ဆိုပြီးတော့ အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။ Zero Volt ဆိုတာဟာ ပြောရမယ်ဆိုရင် ငယ်ငယ်ကသင်ဖူးခဲ့မှာပါ။ လျှပ်စီးပတ်လမ်းတစ်ခုမှာ ဝိုင်ယာကြိုး အနီနဲ့ အမဲ ဆိုပြီး ကြားဖူးမှာပါ။ ပြောချင်တာကဗျာ အိမ်မှာရှိတဲ့ မီးလုံးတွေ မီးချောင်းတွေ မီးလင်းဖို့အတွက် မီးကြိုးနှစ်ချောင်း နဲ့ချိတ်ဆက်လိုက်မှ မီးလင်းတာကိုသိကြမှာပါနော်။ အဲ့ဒီမီးကြိုးနှစ်ချောင်းမှာ အနီနဲ့ အနက်နဲ့ ရှိတာကိုကော သတိထားမိကြမှာပါ။ အနီဆိုတာ + ကိုပြောတာဖြစ်ပြီး အနက်ဆိုတာ (-) ကိုပြောတာဆိုတာကိုကောသိမှာ။ ဟုတ်ပြီ။ (+) ဆိုတဲ့အနီရောင်ကြိုးမှာ Volt ရှိပြီး (-) ဆိုတဲ့ အနက်ရောင်ကြိုးမှာ Volt မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီအနက်ရောင်ကြိုးမရှိရင်လည်း လျပ်စီးပတ်လမ်း ပြတ်တောက်နေလို့ မီးလင်းမှာမဟုတ်ပါဘူး။ ကျွန်တော်ပြောတာကို ဟုတ်လား မဟုတ်လားစမ်းကြည့်ချင်ရင် Tester ဆိုတဲ့ စကူဒရိုင်ဘာ လေးကိုရှာလိုက်ပါ။ မရှိလို့၀ယ်မယ်ဆိုရင်လည်း လျှပ်စစ်ပစ္စည်းဆိုင်တွေမှာ ၃၀၀ကျပ် ပတ်၀န်းကျင်နဲ့ ရပါတယ်။ အဲ့ဒီ စကူဒရိုင်ဘာလေးကို အိမ်က ပလပ်ပေါက်တစ်ပေါက်မှာထိုးကြည့်ပါ။ တကယ်လို့အဲ့ဒီ စကူဒရိုင်ဘာလေးက မီးမလင်းဘူးဆိုရင် အဲ့ဒီအပေါက်က Zero Volt အနက်ရောင်ကြိုးဖြစ်ပါမှာပါ။ ဆန်ကျင်ဘက်တစ်ပေါက်ထဲကို ထိုးကြည့်လိုက်ပါ စကူဒရိုင်ဘာလေးရဲ့ လက်ကိုင်က မီးလင်းပါလိမ့်မယ် အဲ့ဒီဘက်က (+) အနီရောင်ဘက်ဖြစ်ပါလိမ့်မယ်။ ပြောချင်တာက Zero Volt ဆိုမှတော့ ဘာဗို့အားမှာ မရှိပါဘူး သို့ပေမဲ့ လျပ်စီးပတ်လမ်းပြည့်ဖို့အတွက်ကတော့ သူရှိနေမှပဲ ပြီးပြည့်စုံတဲ့ လျှပ်စီးပတ်လမ်းဖြစ်မှာမို့လို့ပါ။
Power Good Signal (or) Power_OK (Standard Color-Gray)
Power Good Signal ဆိုမှတော့ Power ကောင်းကြောင်းကို အချက်ပြပေးတဲ့ Volt အားပေါ့ဗျာ။ Power Supply တစ်လုံးဟာ Computer အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ ဗို့အားတွေသာ မကပဲ Power Good လို့ခေါ်တဲ့ Signal ကိုလည်းထုတ်လွှတ်ပေးရပါတယ်။ ဘယ်လိုအချက်ပြတာဆိုရင်တော့ Power Supply ဟာ ကွန်ပျူတာ စတက်ဖွင့်လိုက်ပြီဆိုတာနဲ့ Power Supply ကထုတ်ပေးလိုက်တဲ့ Volt အားတွေ မှန်မမှန်ကို အရင်ဦးဆုံးစစ်ဆေးပါတယ်။ စစ်ဆေးပြီးလို့ ဗို့အားထွက်တာတွေမှန်တယ်ဆိုမှ Power Good Signal +5V ကိုထုတ်ပြီး motherboard ပေါ်ရှိ တခြားအစိတ်အပိုင်းတွေကို Power ထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။ Power Good Signal ကို ထုတ်လွှတ်လိုက်တယ်ဆိုရင်ပဲ Mother board ပေါ်မှာတပ်ထားတဲ့ Speaker က တီဆိုပြီး အသံတစ်ချက်ထုတ်ပေးပါလိမ့်မယ်။ တကယ်လို့သာ Power Supply ကနေထုတ်တဲ့ Power တွေဟာ မမှန်တာပဲဖြစ်ဖြစ်၊ Motherboard ကကောင်းကောင်းအလုပ်မလုပ်တော့ပဲဖြစ်ဖြစ်၊ Motherboard ပေါ်က Component တွေ ပါဝါကောင်းကောင်းမရတော့ဘူးဆိုရင် ကွန်ပျူတာဟာ ၁၀ စက္ကန့်အတွင်းမှာ သူ့အလိုလို ပါဝါပြန်ပိတ်သွားမှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ တခြား Power Supply တစ်ခုကို အစားထိုးသုံးကြည့်ပါ။ ဒါမှလဲ မရဘူးဆိုရင်တော့ Power Supply ကြောင့်မဟုတ်ပဲ Motherboard ပေါ်မှာ တစ်ခုခုချွတ်ယွင်းနေလို့ပါပဲ။ Power Supply ကြောင့်မဟုတ်ဘူးဆိုရင်တော့ ခေါင်းစာသွားပါပြီ။ ဖြစ်နိုင်ချေ လေးခုရှိပါတယ်။ Motherboard ဒါမှမဟုတ် Motherboard ပေါ်မှာရှိနေတဲ့ CPU နဲ့ CPU Fan, RAM တို့ကြောင့်ပဲဖြစ်ပါတယ်။
(1) CPU Fan ကောင်းကောင်းလည်မလည်ကို စစ်ကြည့်ပါ။ ကောင်းကောင်းလည်တယ်ဆိုရင် CPU Fan ကြောင့်မဟုတ်ပါဘူး။
(2) RAM ကို အခြားအကောင်း တစ်ချောင်းနဲ့ အစားထိုးလဲတပ်ကြည့်ပါ။ ဒါလည်းမရဘူးဆိုရင် RAM ကြောင့်လည်းမဟုတ်ပါဘူး။ မှတ်ချက်- RAM နှစ်ချောင်း စိုက်ထားရင် တစ်ချောင်းကိုဖြုတ်ပြီးစမ်းကြည့်ပါ။ ပြီးရင် ဖြုတ်လိုက်တဲ့တစ်ချောင်းကို ပြန်တပ်ပြီး နောက်တစ်ချောင်းထပ်ဖြုတ်ပြီးစမ်းကြည့်ပါ။ တစ်ခါတစ်ရံမှာ အဲ့ဒီ RAM တပ်တဲ့ Socket တွေထဲမှာ ရှော့ရှိနေပြီး အဲ့ဒီ Socket ထဲကို RAM တပ်လိုက်တဲ့အခါမှာ ရှော့ဖြစ်သွားတာမျိုး ကျွန်တော် ကြုံဖူးလို့ပါ။
(3) CPU လဲတပ်ကြည့်ပါ။ ဒါမှမရဘူးဆိုရင် CPU ကြောင့်လဲ မဟုတ်ပါဘူး။ motherboard ကြောင့်ဆိုတာ သေချာသွားပါပြီ။
Ps_ON (or) Soft_OFF (Standard color-Green)
Ps_On ဆိုတာကိုတော့ ATX Power supply တွေကိုအသုံးပြုတဲ့ Motherboard တွေမှာ ထည့်သွင်းပါ၀င်လာတဲ့ Signal တစ်ခုပဲဖြစ်ပါတယ်။ Casing မှ ခလုပ်ကိုနှပ်ပြီးပိတ်စရာမလိုပဲ Window ပေါ်မှ Shutdown ကိုနှိပ်လိုက်ရုံဖြင့် ပိတ်နိုင်တဲ့ Signal ကိုပြောတာပါ။
အဲ့ဒီမတိုင်ခင်နောက်ပိုင်းတုန်းက window ပေါ်က Shutdown ကိုလည်းနှိပ်ရတယ်။ ပြီးရင် Casing က ပါဝါဖွင့်ပိတ်လုပ်တဲ့ ခလုပ်ကို လက်နဲ့တွန်းပြီးပိတ်ရသေးပါတယ်။
Power Supply အပိုင်း ၃
=========
အခု့ခေတ်မှာ ပစ္စည်းတွေအကုန်လုံး လိုလို battery နဲ့ run နေကြပြီ computer တောင် battery တွေပါပါတယ်။ ဒါမဲ့တကယ် အရေးအကြီးဆုံး computer ရဲ့ power source ကတော့ Battery မဟုတ်ပါဖူး။ ဒီနေ့ကတော့ အဲ့ဒီ power source တစ်ခု့ဖြစ်တဲ့ Power Supply အကြောင်းပြောပြသွားမှာပါ။
.
Power Supply မှာ Modular နဲ့ Non-Modular ဆိုပြီး ၂မျိုးရှိပါတယ်။
Non-Modular Power Supply က သူ့နဲ့ဆက်ထားတဲ့ power cords တွေတွဲရက်ပါလာမှာပါ။ အဲ့ဒီအတွက်လဲ ကိုယ်က VGA cord နဲ့ Sata cord ကို ထပ်ထည့်ချင်တယ်ဆိုရင် ထည့်လို့မရဖြစ်နေပါလိမ့်မယ်။ Non-Modular တွေက ဈေးပိုသက်သာပြီးတော့ Watt ပိုနည်းပါတယ်။
.
Modular Power Supply
---------------------------
Modular power supply မှာကျတော့ကိုယ်ပိုင် cord မပါဖူး။ တွေလိုသလောက်ပဲတပ်မယ်ဆိုလဲရပါတယ်။ ထပ်တိုးချင်ရင်လဲရပါတယ်။ Cable management အတွက်ရှင်းရှင်းလင်းလင်းဖြစ်သွားတာပေါ့။ Custom cable သုံးမယ်ဆိုရင်လဲ Modular Power Supply ကိုရွေးသင့်ပါတယ်။ Modular Power Supply တွေက ပိုဈေးကြီးပြီး watt ပိုများပါတယ်။
.
Power Cords
-----------
Modular Power Supply တွေရဲ့အနောက်က description မှာ SATA , VGA , CPU ဆိုပြီး label တပ်ထားတဲ့ အပေါက်လေးတွေတွေ့ရပါလိမ့်မယ်။ SATA က HDD, SSD နဲ့ Optical Drive ကို power ပေးတာဖြစ်ပြီးတော့ VGA က Graphric Card ကို power ပေးတာဖြစ်ပါတယ်။
CPU cord ကတော့ Motherboard ပေါ်က CPU socket နဲ့Processor ကို power ပေးတာဖြစ်ပါတယ်။ Power supply ကနေ အခြား component တွေကို သွယ်ထားသမျှ ကြိုးတွေကို power cord တွေလိုခေါ်လို့ရပါတယ်။
.
Wattage
---------
Computer တစ်လုံးထဲမှာရှိသမျှ component တွေအကုန်လုံးက သူတို့သတ်မှတ်ထားတဲ့ watt လိုအပ်ချက်တစ်ခု့ရှိပါတယ်။တပ်ထားတဲ့ power supply က computer တစ်ခု့လုံးအတွက် watt မလောက်ဖူးဆိုရင် power supply က computer ရဲ့ ပိုအရေးကြီးတဲ့ အစိတ်အပိုင်းကိုပဲ ဦးစားပေးပြီး Power ပေးနေမှာဖြစ်ပြီးတော့ ခနနေရင် shut down ကျသွားမှာပါ။ ဥပမာ computer က 1000 watt စားတယ် power supply ကလဲ 1000watt ပဲ။ graphric card ထပ်တိုးချင်လို့ တပ်လိုက်တဲ့အခါမှာ graphric card ရဲ့ watt လိုအပ်ချက်က 100 ဆိုရင် သင် 1200 watt power supply လောက်နဲ့ထပ်လဲရပါလိမ့်မယ်။ လိုအပ်တဲ့ watt ထက် 200 လောက်ပိုရှိနေတာအကောင်းဆုံးပါ။
.
80% plus Bronze,Silver,Gold,Platinum
----------------------------------------
Bronze , Silver , Gold ,Platinum တွေကဘာတွေကွာသလဲ။ Pubg rank တွေမဟုတ်ပါဖူး။ တစ်ခု့နဲ့တစ်ခု့ efficiency ကွာပါတယ်။ bronze က 100% load တဲ့အချိန်မှာ 18% လောက် waste ဖြစ်ပြီး အပူအဖြစ် power supply ထဲကပြန်ထွက်လာပါတယ်။ သင့်မှာ 600 watt 80 plus bronze ရှိမယ်ဆိုရင် 108 watt လောက်က အပူဖြစ်သွားမှာပါ။ Silver , Gold , Platinum ဆိုပြီး ပိုပိုမြင့်တာဝယ်လေ heat အပိုထွက်နူန်းနည်းလေဖြစ်ပြီး ပိုဈေးကြီးလေဖြစ်မှာပါ။ heat တက်မှာကြောက်ရင် cooling ကောင်းကောင်း အကုန်မခံခင် power supply ကောင်းကောင်းသုံးသင့်ပါတယ်။
.
ZAWGYI
  အပိုင်း ( ၃ ) Power Supply အကြောင်း သိသင့်သလောက် ==================== Power Supply မှာ Modular နဲ့ Non-Modular ဆိုပြီး ၂မျိုးရှိပါတယ်။ Non-Modular Power Supply က သူ့နဲ့ဆက်ထားတဲ့ power cords တွေတွဲရက်ပါလာမှာပါ။ အဲ့ဒီအတွက်လဲ ကိုယ်က VGA cord နဲ့ Sata cord ကို ထပ်ထည့်ချင်တယ်ဆိုရင် ထည့်လို့မရဖြစ်နေပါလိမ့်မယ်။ Non-Modular တွေက ဈေးပိုသက်သာပြီးတော့ Watt ပိုနည်းပါတယ်။ Modular Power Supply -------------------------------- Modular power supply မှာကျတော့ကိုယ်ပိုင် cord မပါဖူး။ တွေလိုသလောက်ပဲတပ်မယ်ဆိုလဲရပါတယ်။ ထပ်တိုးချင်ရင်လဲရပါတယ်။ Cable management အတွက်ရှင်းရှင်းလင်းလင်းဖြစ်သွားတာပေါ့။ Custom cable သုံးမယ်ဆိုရင်လဲ Modular Power Supply ကိုရွေးသင့်ပါတယ်။ Modular Power Supply တွေက ပိုဈေးကြီးပြီး watt ပိုများပါတယ်။ Cords ---- Modular Power Supply တွေရဲ့အနောက်က description မှာ SATA , VGA , CPU ဆိုပြီး label တပ်ထားတဲ့ အပေါက်လေးတွေတွေ့ရပါလိမ့်မယ်။ SATA က HDD, SSD နဲ့ Optical Drive ကို power ပေးတာဖြစ်ပြီးတော့ VGA က Graphric Card ကို power ပေးတာဖြစ်ပါတယ်။ CPU cord ကတော့ Motherboard ပေါ်က CPU socket နဲ့ Processor ကို power ပေးတာဖြစ်ပါတယ်။ Power supply ကနေ အခြား component တွေကို သွယ်ထားသမျှ ကြိုးတွေကို power cord တွေလိုခေါ်လို့ရပါတယ်။ Wattage --------- Computer တစ်လုံးထဲမှာရှိသမျှ component တွေအကုန်လုံးက သူတို့သတ်မှတ်ထားတဲ့ watt လိုအပ်ချက်တစ်ခု့ရှိပါတယ်။တပ်ထားတဲ့ power supply က computer တစ်ခု့လုံးအတွက် watt မလောက်ဖူးဆိုရင် power supply က computer ရဲ့ ပိုအရေးကြီးတဲ့ အစိတ်အပိုင်းကိုပဲ ဦးစားပေးပြီး Power ပေးနေမှာဖြစ်ပြီးတော့ ခနနေရင် shut down ကျသွားမှာပါ။ ဥပမာ computer က 1000 watt စားတယ် power supply ကလဲ 1000watt ပဲ။ graphric card ထပ်တိုးချင်လို့ တပ်လိုက်တဲ့အခါမှာ graphric card ရဲ့ watt လိုအပ်ချက်က 100 ဆိုရင် သင် 1200 watt power supply လောက်နဲ့ထပ်လဲရပါလိမ့်မယ်။ လိုအပ်တဲ့ watt ထက် 200 လောက်ပိုရှိနေတာအကောင်းဆုံးပါ။ 80% plus Bronze,Silver,Gold,Platinum ---------------------------------------- Bronze , Silver , Gold ,Platinum တွေကဘာတွေကွာသလဲ။ Pubg rank တွေမဟုတ်ပါဖူး။ တစ်ခု့နဲ့တစ်ခု့ efficiency ကွာပါတယ်။ bronze က 100% load တဲ့အချိန်မှာ 18% လောက် waste ဖြစ်ပြီး အပူအဖြစ် power supply ထဲကပြန်ထွက်လာပါတယ်။ သင့်မှာ 600 watt 80 plus bronze ရှိမယ်ဆိုရင် 108 watt လောက်က အပူဖြစ်သွားမှာပါ။ Silver , Gold , Platinum ဆိုပြီး ပိုပိုမြင့်တာဝယ်လေ heat အပိုထွက်နူန်းနည်းလေဖြစ်ပြီး ပိုဈေးကြီးလေဖြစ်မှာပါ။ heat တက်မှာကြောက်ရင် cooling ကောင်းကောင်း အကုန်မခံခင် power supply ကောင်းကောင်းသုံးသင့်ပါတယ်။ Power Supply အကြောင်း
=================
&&&
No comments:
Post a Comment
မင်္ဂလာပါ..