menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Domain User Account အကြောင်း


 Domain User Account
===================
(unicode ပြောင်းပြီးဖတ်ရှုပါရန်..)
Account ဆိုတာက Network မှာပါ၀င်သော Credentials တွေကို စုစည်းထားတာကိုပြောတာပါ။ Network ကွန်ယက်တစ်ခုချိတ်ဆက်တဲ့အခါမှာ အသုံးပြုသု User တစ်ယောက်ချင်းစီတွေဟာ ဒီ Network မှာရှိသော Resources တွေကို Access အသုံးပြုနိုင်ဖို့အတွက် Account တစ်ခုတော့မရှိမဖြစ်လိုအပ်ပါတယ်။ အဲ့ဒီ Account မှာပါ၀င်တဲ့ User Name, Password တွေကို Credentials လို့ခေါ်တာဖြစ်ပါတယ်။

Network မှာရှိသော Resources တွေဆိုတာကျတော့ Folder တွေကို Share ပေးတာ၊ Printer တွေကို Share ပေးတာ၊ Application တွေကို Share ပေးတာတွေ စသဖြင့်တို့ကို လုပ်နိုင်ဖို့အတွက် Account တစ်ခုတော့ရှိဖို့လိုအပ်ပါတယ်။ ဒီ Account ဆိုတာက Network မှာရှိသော User တွေကို Identify လုပ်ပေးတာလည်းဖြစ်သလို၊ Network အတွက် Security နှင့်ပတ်သက်ပြီးတော့ Security အခြေခံလည်းဖြစ်ပါတယ်။ Network ကွန်ယက်တစ်ခုမှာဆိုင် Administrator တစ်ယောက်ပဲဖြစ်စေ၊ တစ်ခြား အသုံးပြုသူ User တစ်ယောက်ပဲဖြစ်စေ ပိုပြီးတော့ Security ကောင်းဖို့အတွက်ဆိုရင် Account တစ်ခုကတော့ Create လုပ်ရမှာဖြစ်ပါတယ်။
Account တွေကို အများအားဖြင့် Server-Based Network တွေမှာအသုံးပြုပါတယ်။ အဲ့ဒီမှာ Central Computer တွေက (Central Computer ဆိုတာက Server အဖြစ်သတ်မှတ်ထားသော ကွန်ပျူတာကိုပြောတာဖြစ်တယ်) ဥပမာ Microsoft Windows Server Domain Controller ကနေပြီးတော့ ဒီ Account တွေကို Control ထိန်းချူပ်ထားတာဖြစ်တယ်။
အဲ့ဒီ User တွေကိုကြည့်ပြီးတော့ User တစ်ယောက်ယောက်က Logon ၀င်လိုက်ပြီဆိုတာနဲ့ အဲ့ဒီ User ရဲ့ Account ပေါ်မူတည်ပြီးတော့ Network ကိုအသုံးပြုခွင့်ပေး မပေးကို Central Computer က (Domain Controller) ပြုလုပ်ပေးတာဖြစ်တယ်။ Peer-to-Peer Network တွေ၊ Workgroup Network တွေမှာ Account ကိုအသုံးပြုစရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Peer to Peer Network တို့၊ Workgroup Network တို့မှာ သိပ်ပြီးတော့တင်းကျပ်သော Security တွေမလိုအပ်သောကြောင့်ဖြစ်ပါတယ်။
Windows NT နှင့် Windows 2000 အထက် Network တွေမှာ အသုံးပြုသော Account အမျိုးအစား ၃ မျိုးရှိပါတယ်။
• User Account
• Group Account
• Computer Account တို့ပဲဖြစ်တယ်။
• User Account
User Account ဆိုတာ ဒီ Domain တစ်ခုမှာ ရှိသော User တွေကို Account သတ်မှတ်ပေးထားတာဖြစ်တယ်။ အဲ့ဒီ
User တွေမှာ သူတို့ရဲ့ User Name တွေ၊ Password တွေ၊ သူတို့နှင့်သက်ဆိုင်ရာ Group တွေ၊ နောက်ပြီးတော့ အဲ့ဒီ
Domain မှာရှိသော System Resources တွေကိုအသုံးပြုနိုင်သော Permission တွေပါ၀င်ပါတယ်။
• Group Account
Group Account ကတော့ User တစ်ယောက်ရဲ့ သတ်မှတ်ထားသော Group အတွက် Identify လုပ်ပေးထားသောAccount တစ်ခုဖြစ်ပြီး ၄င်းတို့အတွက် Permission သတ်မှတ်ပေးတဲ့အခါတွေမှာ ဒီ Group Account ကိုအသုံးပြုပါတယ်။
• Computer Account
Computer Account ဆိုတာကတော့ Domain မှာရှိသော ကွန်ပျူတာတွေကို သတ်မှတ်ပေးထားသော Account ဖြစ်တယ်။
Account Domain
Golbal User Account နှင့် Global Group Account တို့ပါ၀င်သော Enterprise Level အဆင့် Windows Server မှာရှိသော Domain တစ်မျိုးပဲဖြစ်တယ်။ Account Domain ဆိုတာ Domain တစ်ခုချင်းဆီမှာရှိသော Administration တွေကို Centralize စုပေါင်းပြီးတော့ Account Administration ဆိုပြီးတော့ သတ်မှတ်လိုက်တာကို Account Domainဟုခေါ်တာဖြစ်တယ်။
ဒီ Account Domain ကို Windows Server ရဲ့ Master Domain Model မှာ အသုံးပြုမယ်ဆိုရင် Account Domain ကို Master Domain လို့လည်းခေါ်တယ်။ အဲ့ဒီ Account Domain မှာ Enterprise Level မှာရှိသော User တိုင်းအတွက်User Account တွေကို သိမ်းဆည်းထားတာဖြစ်တယ်။ ဥပမာပြောရရင် ကွန်ယက်ချိတ်ဆက်တဲ့အခါမှာ Account Domain ဟာ Headquarter ဌာနချုပ်မှာရှိနေမယ်။ Server နှင့် Workstation တွေက ၄င်းတို့နှင့် သက်ဆိုင်သော Resource Domain လို့ခေါ်တဲ့ Company ရုံးခွဲတွေမှာရှိနေမယ်။ ဒါဆို အကယ်၍များ အဲ့ဒီ Company ရုံးခွဲတွေမှာ ရှိနေတဲ့ Userတွေဟာ Network ကို Log on ၀င်ချင်တယ်ဆိုရင် ဒီ User တွေရဲ့ Workstation တွေဟာ ဒီ Resource Domain တစ်ခုအတွင်းမှာ ရှိနေတယ်ဆိုရင်တောင်မှ သူတို့ဟာ Log on ၀င်ချင်တယ်ဆိုရင် Account Domain ကို Log on ၀င်ရမှာဖြစ်တယ်။ ဒီတော့ Resources Domain တစ်ခုချင်းတွေအချင်းချင်း Trust ချိတ်ဆက်သွားမှာဖြစ်တယ်။ Resource တစ်ခုချင်းစီဟာလည်း Account Domain နှင့် ချိတ်ဆက်သွားမှာဖြစ်တယ်။ အဲ့ဒီတော့ User Account အားလုံးဟလည်း ဒီAccount Domain မှာလာပြီးတော့ Centralize စုစည်းနိုင်မှာဖြစ်တယ်။ ဒီတော့ Headquater မှာရှိနေသော Administrator တွေအတွက်လည်း Account တွေကို Management လုပ်ရတာလွယ်ကူသွားမှာဖြစ်ပါတယ်။
#Crd:

ZAWGYIfont

 Domain User Account

===================









• User Account

• Group Account


• User Account




• Group Account


• Computer Account


Account Domain



#Crd:

No comments:

Post a Comment

မင်္ဂလာပါ..