menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

V Call ခေါ်ရင် အသံကြည်အောင်


V Call ခေါ်ရင် အသံကြည်အောင်

FaceTime တို့ Messenger တို့မှာ Video Call တွေခေါ်တဲ့အခါ သင့်ဘက်က ပြောလိုက်တဲ့အသံတွေဟာ တခြားတဘက်မှာ ကြည်ကြည်လင်လင် မကြားရဖူးဖြစ်နေလား။
ဒါမှမဟုတ် ဖုန်းပြောတဲ့အခါဖြစ်ဖြစ်၊ Siri ကိုအသုံးပြုရာမှာဖြစ်ဖြစ် အဆင်မပြေဖြစ်နေလား။
သင့် iPhone မှာအခုလို အသံပိုင်းဆိုင်ရာ ပြဿနာတွေ တခုခုကြုံတွေ့နေရပြီဆိုရင် မည်သည့် Service ဆိုင်မှမသွားပဲ သင်ကိုယ်တိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းလေးတွေရှိနေပါတယ်။
iPhone များ၏ microphone များနှင့် အလုပ်လုပ်ပုံများ  - ဒီမွာနွိပ္ၾကည့္ပါ
သတိထားရမည့်အချက်များ
============
၁) သင့် iPhone ကိုကိုင်တွယ်အသုံးပြုစဉ် အပေါ်မှာပြောခဲ့သော microphone များအပေါ်မှာ သင့်လက်နဲ့အုပ်မိ ဖိမိထားတာမျိုး မဖြစ်ဖို့ ဂရုစိုက်ပါ။
၂) အပေါ်မှာပြောခဲ့သော microphone များအပေါ်မှာ ဖုန်း cover တို့ screen protector တို့ ဖြင့်ဖုံးမိနေခြင်း မရှိစေရ။ ဖုန်း Cover တို့ screen protector တို့ကိုချွတ်၍ အသံစမ်းကြည့်ပါ။
၃) Wireless earphone, wired earphone စတာတွေကို ဖြုတ်၍ အသံစမ်းပါ။
ဖြေရှင်းနည်း
========
၁) အပေါ်မှာပြောခဲ့သော microphone များပေါ်ကို သွားတိုက်တံ (သို့မဟုတ်) ဂွမ်းစလေးကို အရက်ပျံအနည်းငယ်စွပ်၍ ချေးများစင်အောင်ပွတ်တိုက်ပေးပါ။ သန့်ရှင်းပြီးပါက ထပ်မံ၍ အသံစမ်းကြည့်ပါ။
၂) Reset All Setting ပြုလုပ်ပေးပါ။
Setting > General > Reset မှ Reset All Setting လုပ်ပါ။
(Reset Setting အကြောင်းအပြည့်အစုံ -

၃) သင့် iPhone ကို နောက်ဆုံး iOS version ဖြစ်မဖြစ်စစ်၍ မဖြစ်ပါက နောက်ဆုံး version သို့ Update ပြုလုပ်ပါ။
၄) သင့် iPhone ကို Restart ပြုလုပ်ပါ။ ထို့နောက် ထပ်မံအသံစမ်းကြည့်ပါ။
၅) အထက်ဖော်ပြပါ အဆင့်များဆောင်ရွက်ပြီးစီး၍မှ အသံပြဿနာပြေလည် ကောင်းမွန်ခြင်းမရှိသေးပါက နားလည်တတ်ကျွမ်းသော Technician ကိုပြသပါ။ (iSure မှာတော့ အတွင်းပိုင်းကိုလည်းဖွင့်၍ ထပ်မံဆေးကြောပေးပါတယ်။ သန့်ရှင်းရေးဆောင်ရွက်ခြင်းများပြုလုပ်ပြီး၍ အဆင်မပြေရှိခဲ့လျှင် သက်ဆိုင်ရာ microphone များကို ထပ်မံစစ်ဆေးပါသည်။ တချို့အသံပြဿနာများသည် microphone များကောင်းမွန်ပေသော်ငြား ချေးများကပ်ငြိနေသဖြင့် ကောင်းစွာအလုပ်မလုပ်တာလည်းရှိတတ်ပါသည်။)
ချေးများကပ်ငြိနေခြင်းကြောင့်မဟုတ်ပဲ microphone များမကောင်းခြင်းကြောင်ဆိုပါက သက်ဆိုင်ရာ microphone များလဲလှယ်ပေးရပါမည်။ ချေးများလည်းကင်းရှင်းသည်၊ microphone များအားလုံးလည်း ကောင်းမွန်သည်ဆိုပါက Motherboard ပိုင်းကို ထပ်မံစစ်ဆေးဖို့ လိုအပ်နိုင်ပါသည်။ ယခုအပိုင်းများကတော့ Technician များသာ ဆောင်ရွက်နိုင်မည့်အပိုင်းများဖြစ်သဖြင့် ကျွမ်းကျင် Technician များကိုသာ ပြသ၍ ဖြေရှင်းရပါလမ့်မည်။
Crd;;

No comments:

Post a Comment

မင်္ဂလာပါ..