menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Apple ID နှင့်ပတ်သက်လို့ သိထားရမည့် အချက်များ

unicode

iPhone သုံးတဲ့လူတိုင်းမှာ Apple ID တစ်ခု ရှိကိုရှိရမည်ဖြစ်သလို မိမိတို့ရဲ့ Apple ID နဲ့ပါတ်သက်လို့ သတိပြုအလေးထားသင့်တဲ့ အရေးကြီးအချက်တချို့ရှိပါတယ်။ ဒီအချက်တွေကို အလေးမထားခဲ့ဘူးဆိုရင်တော့ မတော်တဆ Password တို့ Security Questions တွေမေ့နေတာမျိုး ဖြစ်နေခဲ့ရင် အခက်တွေ့နိုင်ပါတယ်။
ဆက်ဆက်လေ့လာစရာ..

apple Warranty ဟူသည်

၎င်းအချက်လေးတွေကတော့ -

၁) Apple ID ကို iCloud mail နဲ့မဖွင့်ပါနဲ့။

တကယ်လို့ဖွင့်ထားခဲ့ရင် -
(က) Rescue email မှာ မိမိတို့ရဲ့ အမြဲတမ်းသုံးစွဲသည့် gmail သော်လည်းကောင်း၊ တခြားမိမိတို့အမြဲသုံးသည့် email တစ်ခုခုထည့်မံဖြည့်စွက်ပေးပါ။ Settings > Apple ID > Password & Security အောက်မှ Rescue email ။

(ခ) ဒါမှမဟုတ် Two-Factor Authentication အား ON ၍ သင်အမြဲတစေသုံးစွဲနေသော ဖုန်းနံပါတ်ဖြင့် Two-Factor ဆောင်ရွက်ပါ။ Settings > Apple ID > Password & Security အောက်မှ Two-Factor Authentication ။

Rescue email နဲ့ Two-Factor မှာ တစ်ခုပဲ သင်အသုံးပြုနိုင်ပါတယ်။ တစ်ခုလုပ်ထားရင် အဆင်ပြေပါပြီ။ အဆင်ပြေရာ တစ်ခုခုပဲလုပ်ပါ။ ဒါတွေလုပ်ထားမယ်ဆိုရင်တော့ password မေ့တာ၊ birthday တွေမေ့တာ၊ security questions တွေမေ့တာ စတဲ့တခုခုမေ့ခဲ့ပြီဆိုရင်လည်း စိတ်ပူဖို့မလိုတော့ပဲ ၎င်းတို့ကိုသုံးပြီး reset ပြုလုပ်နိုင်ပါတယ်။

Apple ID ကို iCloud mail နဲ့မဖွင့်နဲ့လို့ဆိုလိုခြင်းဟာ Apple ID ဖွင့်တဲ့ email နဲ့ iCloud mail တူညီနေတဲ့အတဲ့အခါ မတော်တဆ locked ကျခဲ့ရင် ပြန်ဖြည်တဲ့အခါ အဆင်မပြေဖြစ်တတ်ပါတယ်။ ဘာလို့လဲဆို ၎င်း iCloud mail ပါ locked ကျသွားနိုင်လို့ပါ။

(၂) Apple ID ကို Two-Factor Authentication ပြုလုပ်ထားသည့် ဖုန်းနံပါတ်ကို မပျောက်ပျက်ပါစေနဲ့။ တကယ်လို့ပျောက်ပျက်သွားမယ်ဆိုရင်လည်း password မမေ့မှီမှာ အချိန်မှီပြန်ပြောင်းထားပါ။ အကြောင်းအမျိုးမျိုးကြောင့် locked ကျသွားမယ်၊ Password မေ့သွားခဲ့မယ်ဆိုရင် အခက်တွေ့နိုင်ပါတယ်။


===================



zawgyi


===================

No comments:

Post a Comment

မင်္ဂလာပါ..