...4GB ပမာဏ အောက်ရှိတဲ့ Error ကင်းစင်သော မည်သည့် Memory Stick, SD Card ကိုမဆို 4GB ထိရောက် အောင်တိုးပေးနိုင်တဲ့နည်းလမ်းလေး..အားလုံးနဲ့မိတ်ဆက်ပေးပါ့မယ်ခင်မျာ..
==================================================
သေချာလုပ်ပါ.ဖြေးဖြေးချင်းလုပ်ပါ..တစ်ချို့က မရဘူးအော်ပါလိမ့်မယ်..ဒါပေမယ့် ရပါတယ်လို့ဘဲပြန်ဖြေစရာရှိပါတယ်ခင်မျ.. ဘာဆိုးကျိုးမှမရှိဘူးဆိုတာတော့ အာမခံပါတယ်
==================================================
ကဲ..ဘယ်လိုလုပ်မလဲစကြည့်လိုက်ရအောင်..။လိုအပ်တဲ့ Software ကိုအရင်ဒေါင်းလိုက်ပါ။ ကြိုက်ရာ link ကနေဒေါင်းပါ။
==================================================
http://www86.zippyshare.com/v/p6dgLwEW/file.html
==================================================
အရင်ဆုံးမိမိပြုလုပ်လိုတဲ့ Stick ထဲမှာ မည်သည့် Data Files မျှရှိမနေရပါဘူး။ သေချာပြီဆိုရင်
မိမိတိုးလိုတဲ့ Memory Stick ကို ကွန်ပျူတာမယ်တပ်လိုက်ပါ။
My Computer ထဲကို ဝင်ပြီး မိမိရဲ့ Stick မှတ်ရလွယ်တဲ့နာမည်ပေးလိုက်ပါ။ ဥပမာ ကျွန်တော် Stick နာမည်က My Computer ထဲမှာ
Ithelper(G:) ဆိုပြီးပေါ်နေပါမယ်။ ..
အိုကေ အကုန်အဆင့်သင့်ဖြစ်ပြီဆိုရင် Software ကို Run လိုက်ပါ..
==================================================
Running this will increase/decrease the size of a memory stick to 4GB.Type what you want to call the USB stick.
ဆိုတဲ့ စာသားမြင်ရပါလိမ့်မယ်..အဲဒီအောက်မှာ Ithelper ဆိုပြီး ရိုက်ထည့်လိုက်ပါပြီ။ ပြီးတာနဲ့ Enter နှိပ်လိုက်ပါ။ ဥပမာ မိမိရဲ့ Stick က Amycho(H:) ဆိုပြီးပေါ်နေရင် amycho ဆိုပြီးရိုက်ထည့်ကာ Enter နှိပ်ရပါမယ်။ အဲလို နှိပ်လိုက်တာနဲ့ နောက်ထပ်စာတန်ုးတစ်ခုပေါ်လာပါမယ်..
==================================================
ပုံမှာမြင်ရ တဲ့အတိုင်း Type the Drive LETTER! ဆိုတဲ့စာသားမြင်ရပါလိမ့်မယ်..အဲဒီအောက်မှာ မိမိရဲ့ Drive Letter ကိုရိုက်ထည့်ပေးရပါမယ်..ဘယ်လိုလဲဆိုရင် ကျနော့်ရဲ့ Stick သည် Ithelper(G:) ဖြစ်တဲ့အတွက် အကွက်ထဲမှာ G ဆိုပြီးရိုက်ထည့်လိုက်ပါမယ်။ မိမိတို့ရဲ့ Stick က ဥပမာ Amycho(H:) ဆိုရင် H ဆိုပြီးရိုက်ထည့်ပေးရပါမယ်။ jockerlay(F:) ဆိုရင် F ဆိုပြီးရိုက်ထည့်ပေးရပါမယ်...အိုကေ..ဒါလောက်ဆိုရင် Drive Letter ဆိုတာကိုနားလည်ကြပြီထင်ပါတယ်။ အခု ကျနော် Stick ရဲ့ Drive Letter သည် G: ဖြစ်တဲ့အတွက် G လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါပြီ။
Enter နှိပ်လိုက်တာနဲ့ Type Drive Letter (again!) to start. ဆိုတဲ့ စာသားပေါ်လာပါတယ်.. Drive Letter ကိုထပ်ထည့်ခိုင်းတာပါ..အပေါ်ကအတိုင်းပါဘဲ G လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါတယ်။
Enter နှိပ်လိုက်တာနဲ့တစ်ပြိုင်နက် အနီရောင်စာသားတွေ တက်လာပါလိမ့်မယ် ခဏလောက်စောင့်ပြီးတာ
နဲ့ Done! Press any key to exit ဆိုတာ ပေါ်လာပါလိမ့်မယ်...Enter တစ်ချက်နှိပ်ပြီး Stick ကို ကွန်ပျူတာမှ စနစ်တကျဖြုတ်ပြီး ပြန်တပ်ကြည့်ပါ.. 3.99GB ဖြစ်နေတာကိုမြင်ရပါလိမ့်မယ်ခင်မျာ.. တိုးသွားတာကိုမယုံ သေးဘူးဆိုရင် Data တွေကိုထည့်ကြည့်ပါဦး 3.99 GBအထိအပြည့်ထည့်နိုင်တာကို
တွေ့ရပါလိမ့်မယ်ခင်ဗျာ။
==================================================
မှတ်ချက်==> USB Stick တွေကို Name ပေးမယ်ဆိုရင် Mg MG(G:) ဆိုပြီး မောင်မောင်နာမည်နှစ်ကြားမှာ Space Bar မခြားပါနှင့်.. MgMG(G:) ဆိုပြီးတွဲရက်ပေးပါ။ပြီးမှ အဆင့်တွေကို ဆက်လုပ်ပါ။
ယခုနည်းလမ်းသည် အန္တရာယ်ကင်းရှင်းစွာဖြင့် စမ်းသပ်ပြုလုပ်နိုင်ပါတယ်..သေချာလုပ်ကြည့်ပါ..ရကိုရပါ
တယ်..မရတဲ့ သူအချို့လဲရှိနိုင်ပါတယ်..သေချာစမ်းကြည့်ပါ..မရရင် အခြား Stick , SD Card များဖြင့် စမ်းကြည့်ပါ။ တစ်ခုခုမှားယွင်းသွားတယ်ဆိုရင်..ဥပမာ..8 GB ရှိတာကို မှားယွင်းပြီး 4 GB ပြောင်းလဲမိတယ်ဆိုပါစို့..မစိုးရိမ်ပါနဲ့ Format သာချပေးလိုက်ပါ..မူလ 8GB ကိုပြန်ရပါလိမ့်မယ်ခင်မျာ..ကဲ..အားလုံးဘဲ..စမ်းသပ်ကြည့်နိုင်ကြပါပြီခင်မျာ ..
မှတ်ချက် => တစ်ချို့သော Memory Stick တွေအဆင်မပြေပါဘူး..ဒါပေမယ့် ဘာဆိုးကျိုးမှမရှိဘူးဆိုတာတော့ အာမခံပေးပါတယ်ခင်မျာ.. စိတ်မသန့်ဘူးဆိုရင် Format ချပေးလိုက်ရုံပါဘဲခင်ဗျာ။
==================================================
( Myanmar IT Helper ) မှ ကူးယူမှတ်သားပါသည်ခင်ညာ
No comments:
Post a Comment
မင်္ဂလာပါ..