menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Fb Lock ကို Trusted Contacts ဖြင့် ဖြည်နည်း

Lock ကျသွားတဲ့ Facebook Account ကို ပြန်လည် ရယူဖို့  များကို အသုံးပြုနည်း

Lock ကျသွားတဲ့ Facebook Account ကို ပြန်လည် ရယူဖို့ Trusted Contacts များကို အသုံးပြုနည်း
Facebook က သင့်ရဲ့ အကောင့်ကို ပိုမိုလုံခြုံစေဖို့ Trusted Contacts ဆိုတဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို အသုံးပြုရင် Password မေ့လို့ပဲ ဖြစ်ဖြစ် Hack ခံရလို့ပဲ ဖြစ်ဖြစ် သင့် သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ သင့်အကောင့်ကို ပြန်လည် ရယူ အသုံးပြုနိုင်မှာပါ။
Trusted Contacts များကို သတ်မှတ်ခြင်း။
Trusted Contacts ကို အသုံးပြုဖို့ သင့်ရဲ့ Facebook အကောင့်ထဲသို့ Log In ဝင်ပါ။ Account Settings ထဲကတဆင့် Security ကဏ္ဍကို သွားပါ။ ဘယ်ဘက် Sidebar မှ Trusted Contacts ကို တစ်ချက်နှိပ်ပြီး ညာဘက်မှ Choose Trusted Contacts ကို နှိပ်ပါ။
နောက်တစ်ဆင့်မှာ Trusted Contacts စွမ်းဆောင်ချက်က သင့်ကို ဘယ်လို ကူညီပေးနိုင်လဲဆိုတာ ရှင်းပြပေးမှာပါ။ Choose Trusted Contacts ခလုတ်ကို နှိပ်ပါ။
အနည်းဆုံး သူငယ်ချင်း သုံးယောက်ကနေ အများဆုံး ငါးယောက်အထိ Trusted Contacts အဖြစ် သတ်မှတ်လို့ ရပါတယ်။ နာမည်တွေကို တစ်ခုချင်းစီ ရိုက်ထည့်ပြီး သူငယ်ချင်း List ကျလာရင် အဲဒီထဲက သင့်ရဲ့ သူငယ်ချင်းကို တစ်ချက်နှိပ်ပြီး ရွေးချယ်ပါ။ သူငယ်ချင်းများ ရွေးချယ်ပြီးရင် Confirm ခလုတ်ကို နှိပ်ပါ။ ပြီးရင်တော့ သင့်ရဲ့ Password ကို ရိုက်ထည့်ပေးပါ။ ဒါကတော့ သင့်ရဲ့ လုံခြုံရေးအတွက် Facebook က စစ်ဆေး အတည်ပြုတာပါ။
Trusted Contacts များကို ရွေးချယ်ရာမှာ စဉ်းစားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ယုံကြည်ရတဲ့ သူငယ်ချင်းများကိုသာ Trusted Contact အဖြစ် သတ်မှတ်ပါ။ နောက်ပြီး Facebook ကို အမြဲ အသုံးပြုတဲ့ သူငယ်ချင်းများကိုသာ ရွေးချယ်သင့်သလို Facebook မှာ သိကျွမ်းတဲ့ သူငယ်ချင်း မဟုတ်ဘဲ အပြင်မှာပါ ခင်မင်တဲ့ သူငယ်ချင်းများကို ရွေးချယ်သင့်ပါတယ်။
သင့်အကောင့်ကို ပြန်လည် ရယူခြင်း။
သင့်ရဲ့ အကောင့် Lock ကျရင် ဒါမှမဟုတ် ခိုးယူခံရရင် Trusted Contacts ကို အသုံးပြုပြီး သင့်အကောင့်ကို ပြန်လည် ရယူနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Facebook Login Screen မှာ Forgotten your password? လင့်ကို နှိပ်ပြီး သင့်ရဲ့
Username, Email Address ကို ထည့်ပေးပြီး Search ကိုနှိပ်ပါ။
နောက်အဆင့်မှာ
No longer have access to these? ကို နှိပ်ပါ။
သင့်ရဲ့ Trusted Contacts များကို
သို့သွားခိုင်းပါ။ အဲဒီ စာမျက်နှာကနေ သင့်သူငယ်ချင်းများကို ကုဒ်တစ်ခုစီ ပေးမှာ ဖြစ်ပါတယ်။ သင်က အဲဒီကုဒ်တွေကို သူတို့ဆီက ပြန်လည် ရယူပြီး Enter code box မှာ တစ်ခုချင်းစီ ထည့်ပေးပါ။ Continue ကို နှိပ်ပါ။
နောက်အဆင့်မှာတော့ သင့်ရဲ့ Password ကို Reset လုပ်လို့ ရပါပြီ။ Password အသစ်တစ်ခု ထည့်ပေးပြီး Continue ကိုနှိပ်ပါ။
ဒါဆိုရင်တော့ Lock ကျနေတဲ့ သို့မဟုတ် ခိုးယူခံထားရတဲ့ သင့်အကောင့်ကို ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
အဆင်ပြေကြပါစေ။

No comments:

Post a Comment

မင်္ဂလာပါ..