menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

အရိုးရှင်းဆုံး ရွှေတွက်နည်း

 

မှတ်လည်းမှတ်၊ တတ်လည်းတတ်ထားသင့်တဲ့ အရိုးရှင်းဆုံးရွှေတွက်နည်း

~~~~~~

ရွှေထည်လက်ဝတ်ရတနာတွေဝယ်တဲ့အခါ

👉 ရွှေအရည်အသွေးမှန်၊ မမှန်?

👉 အလျော့တွက်လက်ခများနေလား?

👉 လက်ရှိပေါက်ဈေးတော့ ဟုတ်ပါရဲ့….ဈေးမှန်ပြီးရွှေချိန်နဲ့ကိုက်ရဲ့လား?


ဆိုတာတွေကို တွက်ချက်ဝယ်ယူနိုင်ဖို့အတွက် သိမ်းငှက်သုံးကောင်မိတ်ဟောင်းမိတ်သစ်များကို ရှေးပန်းထိမ်ဆရာကြီးများရဲ့ အခြေခံအကျဆုံး၊ အရိုးရှင်းဆုံးရွှေတွက်နည်းလေးနဲ့ ဝယ်ယူနိုင်မယ့်နည်းလမ်းလေးကို မျှဝေပေးပါမယ်။


ရွှေဝယ်ရင်အလျော့တွက်လက်ခဆိုတာ ကျွဲကူးရေပါဆိုသလို ရွှေရဲ့အသားတင်အလေးချိန်ရဲ့တန်ဖိုးအပြင် အလျော့တွက်လက်ခကို ဝယ်ယူသူကပဲပေးဆောင်ရပါတယ်။ ဒီနေရာမှာပြောချင်တာက အလျော့တွက်လက်ခဆိုတာ ရွှေတစ်တုံးကိုလက်ဝတ်ရတနာအနေနဲ့ပုံဖော်တဲ့အခါ ဖြတ်တောက်ထုတ်လိုက်ရတဲ့ ရွှေစလေးတွေကိုလည်း ပေးလိုက်ရသလို ဒီအတွက်လက်ခကိုလည်း ပေးဆောင်ရတာဖြစ်ပါတယ်။


ရွှေဆိုင်တိုင်းကတော့ ဒီလိုအလျော့တွက်လက်ခစနစ်နဲ့ ရောင်းဝယ်ကျတာဆိုပေမဲ့ အချို့ဆိုင်တွေကတော့ ဝယ်ယူသူအတွက် အလျော့တွက်လက်ခကို လျှော့ပေးတတ်တာကြောင့် ပိုမိုသက်သာတဲ့ဈေးနဲ့ဝယ်ယူရရှိနိုင်ပါတယ်။ ပုံဆန်းလေလေအလျော့တွက်များလေလေပါပဲ။ ဒါကြောင့် ဝယ်သူတွေအနေနဲ့ ရွှေထည်ပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင် အလျော့တွက်ဈေးကိုမေးဖို့လိုပါတယ်။


💰 ဒါဆိုရင် ဝယ်သူအနေနဲ့ကရော အလျော့တွက်ကို ဘယ်လိုတွက်ကြမလဲ❓


ရွှေထည်ရဲ့တန်ဖိုးထဲကနေ ရွှေရဲ့အသားတင်အလေးချိန်တန်ဖိုးကို နုတ်လိုက်မယ်ဆိုရင် အလျော့ထွက်တန်ဖိုး ရလာမှာဖြစ်ပါတယ်။ အခြေခံအကျဆုံးဖြစ်တဲ့ရွှေအချိန်အတွယ်နဲ့ ရွှေဈေးတွက်နည်းလေးကတော့ -


၁ ပဲ = ၈ ရွေး


၂ ပဲ = ၁ မူး = ၁၆ ရွေး


၄ ပဲ = ၁ မတ် = ၃၂ ရွေး


၈ ပဲ = ၅ မူး = ၆၄ ရွေး

(၂ ပဲကို ၁ မူးခေါ်ပေမဲ့ ၈ ပဲကိုတော့ ၅ မူး ခေါ်ကြပါတယ်)


၁ ကျပ် = ၁၆ ပဲ = ၁၂၈ ရွေး


ဂရမ်အားဖြင့် ၁ ကျပ်သား = ၁၆.၆ ဂရမ်


၁ ကျပ်မှာ ၁၆ ပဲရှိလို့ ၁ပဲတန်ဖိုး သိချင်ရင် ရွှေဈေးကို ၁၆နဲ့ စားလိုက်ရင်ရပါပြီ။


ရွှေရဲ့အသားတင်အလေးချိန်တန်ဖိုးထွက်လာပြီဆိုရင် ဆိုင်ကရွှေထည်တန်ဖိုးထဲကနေ ရွှေထည်ရဲ့အသားတင်တန်ဖိုးကို နှုတ်လိုက်ရင် အလျော့တွက်တန်ဖိုး ထွက်လာမှာဖြစ်ပါတယ်။


💰 အလျော့တွက်တွက်နည်းသိရပြီဆိုတော့ ရွှေတွက်နည်းကိုကော ဘယ်လိုတွက်ကြမလဲ❓


ရွှေတွက်နည်းပုံသေနည်း - (ဂရမ်ချိန် ÷ 16.6 x ရွှေဈေး) ဖြစ်ပါတယ်။


နမူနာတွက်ကြည့်ရအောင်…

ကိုယ်ဝယ်ထားတဲ့ရွှေက ၁၅ ပဲရည် 7.45 ဂရမ်ရှိပါတယ်ဆိုပါစို့

၁.၁၁.၂၀၁၉ ရဲ့ ၁၅ ပဲရည် တစ်ကျပ်သားဈေး = 1,151,000 ကျပ် ဈေးနဲ့တွက်ရင်


7.45 ÷ 16.6 x 1,151,000 = 516,563 ကျပ်

516,563 မှာ 7.45 ဂရမ် ရွှေတန်ဖိုးဖြစ်ပါတယ်။


ဒါဆိုရင်ရွှေဝယ်ရင်မသိလို့မဖြစ်တဲ့ အလျော့တွက် တွက်နည်းရယ်၊ ရိုးရှင်းလွယ်ကူတဲ့ ရွှေတွက်နည်းတွေကို မျှဝေပေးပြီးပြီဖြစ်လို့ ပွဲတက်ဖို့ပဲဖြစ်ဖြစ်၊ အမြဲဝတ်ဆင်ဖို့ပဲဖြစ်ဖြစ် နည်းလမ်းမှန်စွာ ရွေးချယ်ဝယ်ယူနိုင်ပါပြီ... 
သိမ်းငှက်သုံးကောင်ရွှေဆိုင်

No comments:

Post a Comment

မင်္ဂလာပါ..