menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

အိမ်‌‌သုတ်ဆေးဘယ်လောက်ဝယ်ရမလဲ

 

#အိမ်‌‌သုတ်ဆေးဘယ်လောက်ဝယ်ရမလဲ 


#တွက်နည်း 

အခန်းတစ်ခန်း၏နံရံများကို ဆေးသုတ်ရန် လိုအပ်သောဆေးပမာဏကိုတွက်ဆမည်ဆိုလျှင် နံရံများ၏အလျားအရှည်‌ပေများအားလုံးကိုပေါင်းပါ။ ထို့နောက်ရလာသောအ‌ဖြေကို အခန်း၏အမြင့်ပေ(ကြမ်းခင်းမှမျက်နှာကြတ်ထိ)ဖြင့်မြှောက်ပါ။ ရလာသောအ‌ဖြေသည်ယင်းအခန်း၏ square footage ဖြစ်ပါသည်။

-ထို့နောက် ဆေးသုတ်ရမည့် square footage မည်မျှရှိသည်ကိုတွက်ဆကြည့်ကြပါစို့။ တံခါးရွက်နှင့်ပြူတင်းပေါက်များကို မတူညီသောဆေးအမျိုးအစားသုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကိုနုတ်ပေးရပါမည်။ ယေဘူယျအားဖြင့် တံခါးတချပ်ချင်းစီအတွက် 20 square feet ပြူတင်းပေါက်တခုချင်းစီအတွက် 15 square feet နုတ်လိုက်ရုံပါဘဲ။ ရလာသောအဖြေသည်‌ ဆေးဖုံးအုပ်ရန်သုတ်ရမည့် အနီးစပ်ဆုံးနံရံဧရိယာဖြစ်ပါလိမ့်မည်။

-ယင်းဧရိယာကို 350 ဖြင့်စားလိုက်ပါက

နံရံအတွက်လိုအပ်သောဆေးပမာဏ(ဂါလံ)ကိုရပါမည်။ အဖြေတွင် စားကြွင်းက .5 ထက်နည်းပါက ကွာတား2ဗူးဖြင့်လုံလောက်နိုင်သော်လည်း .5 ထက်များပါက 1ဂါလံဝယ်သင့်ပါသည်။

Example

-14x20 ပေအခန်း အမြင့် 8ပေ တံခါး2ပေါက်၊ ပြူတင်းပေါက်2ခုရှိသောအခန်းကိုတွက်ကြည့်ကြပါစို့။


Ceilingဆေးတွက်ဆမှု

1. Ceiling ၏အလျား‌ပေxအနံပေ= Ceiling area

14x20=280 square feet

2. 350ဖြင့်စားပြီးဘယ်နှစ်ဂါလံလိုမလဲတွက်ကြည့်ကြပါစို့။

280÷350=0.8

ထို့ကြောင့် ceiling ဆေးတထပ်သုတ်ရန်1ဂါလံလိုအပ်ပါမည်။2ထပ်သုတ်လျင်2ဂါလံလိုအပ်ပါမည်။


နံရံဆေးတွက်ဆမှု

1. နံရံတချပ်ချင်းစီ၏အ‌လျားပေကိုပေါင်းပါ။

14+20+14+20=68 ပေ

2. နရံဧရိယာတွက်ရန်အ‌ဖြေကိုနံရံအမြင့်ပေဖြင့်မြှောက်ပါ။

68x8=544 square feet

3. ဆေးတကယ်သုတ်ရန်လိုသောနံရံဧရိယာကိုရှာရန် တံခါး1ချပ်စီတိုင်းအတွက် 20 square feetနုတ်ပါ(20x2=40)၊ ပြူတင်းပေါက်တခုချင်းစီတိုင်းအတွက် 15 square feet နုတ်ပါ (15x2=30)

544-70=474 square feet

4. ယင်းအ‌ဖြေကို 350ဖြင့်စားပြီးဝယ်ယူရမည့်ဆေးဂါလံကိုတွက်ကြပါစို့။

474÷350=1.4

ထို့ကြောင့် ဆေး1ထပ်သုတ်ရန် 1ဂါလံ 2ကွာတားလိုအပ်ပါမည်။ 2ထပ်သုတ်မည်ဆိုပါက ဆေး2ဆဝယ်ရန်လိုအပ်ပါမည်။


တံခါး၊ ပြူတင်းပေါက် ဆေးတွက်ဆမှု

1. 20 square feet= တံခါး1ချပ်

တံခါးအရေအတွက်ကို 20 ဖြင့်မြှောက်ပါ။

2x20=40 square feet

2. ပြုတင်းပေါက်အရေအတွက်ကို 7.5 ဖြင့်မြှောက်ပါ။

2x7.5=15 square feet

3. ယင်းအဖြေများကိုပေါင်းပါ။

40+15=55

4. 350 ဖြင့်စားပါ။

54÷350=0.16

ထို့ကြောင့် ဆေး1ကွာတားဝယ်ဖို့လိုအပ်ပါမည်။ တံခါး၊ ပြူတင်းပေါက် တို့အားနှစ်ဖက်စလုံးသုတ်မည်ဆိုလျင် အဖြေကို2ဖြင့်မြှောက်ပါ။


Internetမှဘာသာပြန်ဖော်ပြပါသည်။


မိမိစိတ်ကူးထဲကအိမ်လေးအတိုင်းဆေးရောင်လှလှခြယ်သနိုင်ကြပါစေ။🏡🏡🏡

Credit

No comments:

Post a Comment

မင်္ဂလာပါ..