menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Nikon ရဲ့ Canon အပေါ်အားသာချက်များ

 

Nikon ရဲ့ Canon အပေါ်အားသာချက်များ.....

(ယခုလို ခေါင်းစဉ်တပ်ထားလို့ Nikon က Canon ထက် အားလုံးပိုကောင်းတယ်လို့ မမှတ်ယူသင့်ပါ... Wedding photographer အများစုဟာ Canon ကို ပိုသဘောကျပြီး ရုပ်ရှင်တွေထဲမှာလည်း သရုပ်ဆောင်တွေဟာ Canon တံဆိပ်ကို ပိုကိုင်ကြတာ မြင်ဖူးမှာပါ 😛 ... Brand အကြောင်းရေးရင် အမြဲ အားသာချက် အားနည်းချက်ကိုယ်စိရှိကြတာမို့ပါ.. 

ယခုပိုစ့်ကတော့ Nikon ရဲ့ အားသာချက်များကို အဓိကရေးထားတာပါ။)

မူရင်းရေးသားသူ ဒေါက်တာကျော်သူဟိန်း ရဲ့ Canon Brand ၂ ခုရဲ့ အမြင် နှိုင်းယှဉ်သုံးသက်ချက်များ ဖြစ်ပါသည်။

ဒီမေးခွန်းက ဖြေရခက်တယ်။ ဘာလို့လဲဆိုတော့ အားသာချက် အားနည်းချက်တွေ သမိုင်းတလျှောက် သူကသာလိုက် ကိုယ်ကပြန်သာလိုက်နဲ့ ဖြစ်နေလို့ပဲ။ ဒီနေရာမှာ ကင်မရာနောက်ကလူကိုခဏမေ့ထားမယ်။ ပို့စ်ပိုင်ရှင်မေးထားတဲ့မေးခွန်းကို ကြိုးစားဖြေကြည့်ဖို့ camera system ၂ခုအကြောင်းပဲ စဉ်းစားရအောင်။

Film ခေတ်နဲ့ Digital ခေတ်ဦးမှာ Nikon က အားသာခဲ့တယ်။ ပထမဆုံးစထုတ်ခဲ့တဲ့ Nikon D1 ရဲ့ low light performance က အဲ့ဒီခေတ်က လက်ဖျားခါရတယ်။ 2008 ခုနှစ်ထုတ် D3, D300, D700, D90 အထိ Nikon ရဲ့ 12MP, low light ISO performance နဲ့ 51 points AF system တွေက လူကြိုက်များခဲ့တယ်။ ဒါပေမယ့် 2009 မှာ Canon 5D mark II နဲ့ 7D ထွက်လာပြီးနောက်ပိုင်းမှာ MP နဲ့ Low light ISO တိုက်ပွဲမှာ Canon က ပြန်ဦးဆောင်ခဲ့တယ်။

AF system မှာလည်း Canon က ဆန်းသစ်ခဲ့ပေမယ့် Nikon က 51points AF system ကိုပဲ နည်းနည်း upgrade လုပ်ပြီး နှစ်အတော်ကြာအသုံးပြုခဲ့တယ်။ 5D mark III မှာတော့ Canon ရဲ့ အောင်မြင်မှုက အထွတ်အထိပ်ရောက်ခဲ့တယ်။ Nikon က ရှုံးနိမ့်ခဲ့တဲ့ MP တိုက်ပွဲအတွက် D3200, D5200, D7100 - 24MP နဲ့ D800, 800E မှာ 36MP အထိထုတ်ပြီး MP war မှာ ပြန်ဦးဆောင်ခဲ့တယ်။ ဒါပေမယ့် MP များတဲ့ ကင်မရာတွေထုံးစံအတိုင်း ISO noise performance မှာ Canon 5D mark III ကို မယှဉ်နိုင်ဘူး။ ဒါပေမယ့် မြင့်မားတဲ့ MP, Dynamic range နဲ့ OLPF ဖယ်ထုတ်ထားတဲ့ Detail ကျမှုတွေကြောင့် Landscape, nature, Fine Art နဲ့ Travel သမားတွေရဲ့ ရွေးချယ်စရာဖြစ်လာတယ်။ Canon က Advance AF နဲ့ Video မှာ အားသာခဲ့လို့ Sport, Wildlife, photojournalism နဲ့ Still ရော movie ပါသုံးတဲ့ ရိုက်ကူးရေးလုပ်ငန်းတွေ အတွက်ရွေးချယ်စရာဖြစ်လာခဲ့တယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်မှာတော့ အခြေအနေတွေက ပြောင်းလဲလာခဲ့တယ်။ Canon က 5DSR ကို OLPF effect ဖယ်ပြီး 50MP နဲ့ ထုတ်လာတယ်။ ပစ်မှတ်က D800E, D810 ရဲ့ Nature and Landscape ဈေးကွက်ကိုပြိုင်ဖို့ပဲ။ ဒါပေမယ့် MP များတဲ့ အခြေအနေမှာ Noise control လုပ်နိုင်စွမ်းအားနည်းခဲ့တယ်။ 5D mark III ကပြောင်းကိုင်ခဲ့သူတွေ စိတ်တိုင်းမကျကြတာများတယ်။ Nikon က ပြောင်းပြန်။ MP တိုက်ပွဲကနေ AF နဲ့ low light ဘက်ကိုလှည့်သွားတယ်။ 10စုနှစ်တစ်ခုစာလောက်သုံးခဲ့တဲ့ 51 point AF system ကို ကျောခိုင်းလိုက်ပြီး 153 points AF system အသစ်၊ High ISO performance တွေနဲ့ AF system နဲ့ low light performance မှာ နှာတဖျားပြန်သာခဲ့တယ်။ ဒါ history အလိုက် ဖြစ်ခဲ့တာတွေပေါ်မူတည်ပြီး အားသာချက် အားနည်းချက်တွေကို အကြမ်းဖျင်းပြောတာပါ။

Potography နဲ့ ပတ်သက်တဲ့ Function တွေက Nikon မှာပိုစုံတယ်။ Digital နဲ့စထုတ်ကတည်းက ဖလင်ကင်မရာက function တွေအကုန်ပြန်ပါလာတယ်။ ဥပမာ Multiple exposure ဆိုရင် Canon မှာ 5D mark III မှပါလာတယ်။ Nikon မှာ ပါတာ ဟိုးအရင် D80, D200 လောက်ကတည်းကပဲ။ In camera raw processing ဆိုရင်လည်း Nikon မှာပါပြီး အတော်ကြာမှ Canon မှာ ပါလာတယ်။

Metering စနစ်မှာ Nikon ရဲ့ 3D matrix metering စနစ်က ပိုအားသာတယ်။ Canon ရဲ့ Evaluative စနစ်က Focus ဖြတ်တဲ့နေရာဆီကလည်းထည့်တွက်လို့ အမှောင်ကျတဲ့နေရာကို ဖြတ်မိရင် overexpose ဖြစ်သွားတတ်တယ်။ Nikon မှာ ဒီပြသနာမရှိပါ။ နောက်ပြီး Nikon မှာ Sport metering နဲ့ AF points တွေအကုန် ချိတ်ဆက်အလုပ်လုပ်တယ်။ Canon မှာ အလယ် point တစ်ခုပဲ Metering နဲ့ ချိတ်တယ်။

နောက်အားသာတဲ့တစ်ချက်က Auto ISO mode ။ Nikon ရဲ့ Auto ISO mode က Focal length နဲ့ speed ကို 1/focal length ချိတ်ဆက်ပေးတဲ့အပြင် +/- 1stop, 2stop shift လုပ်လို့ရတယ်။ Canon မှာရော Sony မှာပါ ဒီ mode မပါဘူး။Sharpness နဲ့ Detail မှာ Nikon က ပိုအားသာတယ်။ နောက်ပိုင်းထုတ် ကင်မရာတွေမှာ OLPF ဖယ်ထားလို့ Kit lens နဲ့ရိုက်တာတောင် အတော်လေး sharp ဖြစ်တယ်။

Dynamic range မှာ Nikon ကအားသာတယ်။ Edit လုပ်ချိန်မှာလည်း Shadow detail တွေပြန်ဖော်ရင် Nikon က 4stops to 5stops ထိသာသာယာယာ ပြန်ယူလို့ရတယ်။ Canon မှာ Noise မတရားထတယ်။နောက်တချက်က Control button။ Entry level ကလွဲရင် ကျန်ကင်မရာအားလုံးမှာ Nikon က တိုက်ရိုက်ထိန်းချုပ်နိုင်တဲ့ ခလုတ်ပိုများတယ်။ ပိုများသလို ပိုလည်းရှုပ်တယ်။

Lens technology မှာလည်း Nikon က ပိုသာသလို ပိုလည်းဈေးကြီးတယ်။ Nano crystal coating နည်းပညာကပုံထွက်ပိုကောင်းစေတယ်။ Canon မှာ L lens မဟုတ်တဲ့ lens တွေမှာ chromatic aberration (color fringing) အနည်းနဲ့ အများရှိတတ်တယ်။ Kit lens တွေမှာပိုဆိုးတယ်။ Nikon camera တွေမှာ သီးခြား algorithm ထည့်ထားတဲ့အတွက် ဘယ် lens တပ်တပ် correct လုပ်ပေးပြီးသားဖြစ်နေလိမ့်မယ်။

Battery မှာ Nikon ကပိုကြာကြာအသုံးခံတယ်။ System Compatibility မှာ Nikon က 1959 ခုနှစ် နောက်ပိုင်းထုတ်ထားတဲ့ lens အားလုံး ခုခေတ်ထုတ် body မှာ တပ်သုံးလို့ရတယ်။ မှတ်မိသလောက်ရေးတာပါ။ မှာတာလည်းပါရင်ပါမယ်။ အပြန်အလှန် အငြင်းပွားဖို့ထက် ဗဟုသုတ မျှေဝပေးတဲ့သဘောပါ။ ဒါတွေသိထားခြင်းအာဖြင့် Camera system ရွေးချယ်တဲ့အခါ အထောက်အကူဖြစ်စေဖို့မျှော်လင့်ပါတယ်။

NASA ရဲ့ သမိုင်းကိုပြန်ကြည့်ရင်တော့Nikon ကပထမဆုံး spaceထဲရောက်တဲ့ကင်မရာတော့မဟုတ်ဘူး။ သူ့အရင် Hasselblad နဲ့ Kodak ကိုသုံးခဲ့တာ။ Nikon နဲ့က 1971 မှာစလက်တွဲခဲ့တာ ဖလင်ခေတ်ကနေ အခုချိန်ထိပဲ။ ဒါပေမယ့် Nikon NASA F4 ကတော့ ပထမဆုံး space ထဲရောက်တဲ့ fully digital DSLR camera လို့ပြောလို့ရတယ်။ Canon ကလည်း NASA ရဲ့ program တွေမှာ ပါဝင်ဖို့ကြိုးစားနေတာ ဆယ်စုနှစ်နဲ့ချီကြာခဲ့ပြီ။ ဒါပေမယ့် NASA က Nikon နဲ့ပဲ လက်တွဲခဲ့တယ်။ လက်တွဲရတဲ့အကြောင်းရင်း ၃ချက်ရှိတယ်လို့ ဖတ်ဖူးတယ်။

ပထမအချက်က Nikon camera နဲ့ lens တွေက Space မှာရှိတဲ့ Radiation, Reflection နဲ့ အာကာသအတွင်းပတ်ဝန်းကျင်ပြောင်းလဲမှုတွေကို ခံနိုင်ရည်ရှိတယ်။

ဒုတိယအချက်က Nikon မှာ အာကာသနဲ့ပတ်သက်တဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံနဲ့ သုသေသနကရှိပြီးသား။

တတိယအချက်က မှန်ဘီလူးနည်းပညာနဲ့ပတ်သက်နေတယ်။ Canon lens တွေမှာ chromatic aberrations ကိုထိန်ချုပ်ဖို့ Fluorite lens element တွေသုံးထားတယ်။ ဒီကောင်တွေက glass စစ်စစ်မဟုတ်ပဲ ပုံဆောင်ခဲကနေထုတ်ထားတာဖြစ်လို့ ဂြိုလ်တုလွှတ်တင်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့တုန်ခါမှုကို ခံနိုင်ရည်မရှိပဲ ကွဲတတ်တယ်လို့ဆိုတယ်။ ဒါအပြင် အာကာသအတွင်း အပူချိန်အပြောင်းအလဲဒဏ်ကိုလည်း ခံနိုင်ရည်မရှိဘူး။ Nikon က ED နဲ့ super ED glass တွေသုံးထားလို့ ဒီပြသနာတွေမရှိဘူး။

ဒီနေရာမှာ ကျွန်တော်တို့သတိမထားမိတာက Canon ကသူတို့ရဲ့ L Lens အများစုကို ဘာလို့ အဖြူရောင်နဲ့ထုတ်လဲဆိုတာကိုပဲ။ အရင်က Fashion အတွက်လို့ထင်ခဲ့ဖူးတယ်။ တကယ်က Canon ရဲ့ lens တွေမှာ Fluorite lens elements တွေပါတဲ့အတွက် အပူချိန်များလာတာနဲ့ အမျှပြန့်ကားထွက်လာတတ်တဲ့သဘောရှိတယ်။ ဒီပြန့်ကားမှုက Lens အသေးတွေမှာ မပြောပလောက်ပေမယ့် tele lens အကြီးတွေမှာတော့ နည်းနည်းပြသနာရှိနိုင်တယ်။ ဒါကြောင့် Canon က အလင်းကိုပြန်စေပြီး အပူစုပ်ယူမှုကို ကာကွယ်ပေးနိုင်အောင် အဖြူရောင်နဲ့ထုတ်ခဲ့တာ။

Nikon ရဲ့ကိုယ်ပိုင် ED နဲ့ super ED glass တွေက အပူချိန်ရုတ်တရက်အပြောင်းအလဲနဲ့ ပူလွန်း အေးလွန်းတာတွေကို ခံနိုင်ရည်ရှိတယ်။ ဒါပေမယ့် ED glass တွေက လေးတယ်။ အခု Nikon ရဲ့ အသစ်ထုတ် 70-200 f2.8E နဲ့ နောက်ထွက် tele lens တွေမှာ အလေးချိန်လျှော့ချချင်လို့ Fluorite lens elements တွေသုံးလာလို့ အတော်လေးဂယက်ရိုက်သွားတယ်။ Nikon ဘက်က ခုခံချက်တွေကတော့ သူတို့ Fluorite lens elements တွေက Canon ရဲ့ ဖော်စပ်ပုံနည်းလမ်းနဲ့ မတူဘဲ ထုတ်လုပ်ထားလို့ အပူချိန်နဲ့ တုန်ခါမှုဒဏ်ကိုခံနိုင်ရည်ရှိတယ်လို့ဆိုတယ်။ ထုတ်လုပ်ပုံအသေးစိတ်ကို မဖော်ပြထားပေမယ့် အနက်ရောင်တွေနဲ့ ပဲထုတ်ထားလို့ Nikon မှာ ဒီပြသနာမရှိဘူးလို့ယူဆနေကြတယ်။ 

No comments:

Post a Comment

မင်္ဂလာပါ..