အရေးကြီးချိန် ရီမု နှင့် ဖွင့်မရခဲ့ရင်
🔹 နောက်ပိုင်းထုတ် မော်ဒယ်မြင့် ကားတွေမှာ လက်ဆွဲကွင်းမှာ သော့ ပေါက် မမြင်ရတော့ပါဘူး. သော့တံလည်း မတွေ့ရတော့ပါ..
ဒီကားတွေ ဖြစ်တတ်တာက
အရေးကြီးချိန်မှာ ရီမု နှင့် ဖွင့်မရခဲ့ရင် သော့တံ မရှိ ၊ သော့လှည့်ဖွင့်ပေါက်မပါ သလို ဖြစ်နေပါတယ် ..
🔹 ဒီအချိန်မှာ
ဘယ်လိုဖွင့်မလဲ ဆိုတော့ .
🔹 ရီမု ဓာတ်ခဲ အားကုန်ချိန် အရေးပေါ် တံခါးဖွင့်နိုင်ရန် အတွက် ရီမု မှာ သံသော့ တချောင်း ထည့်သွင်းပေးထားပါတယ် ။
🔹 Toyota နှင့် Lexus အတွက် ရီမု မှာ ပါသော ခလုတ် (ပုံပါ) ကို ဆွဲဖွင့်၍
အရေးပေါ်သုံး သံသော့တံ ကို ထုတ်ယူရပါမယ် ..
🔹 ယာဉ်မောင်းဘက်တံခါး လက်ဆွဲ ကွင်း ရှိ (မော်ဒယ် ဟောင်းတွေမှာ သော့လှည့်ပေါက်ရှိသော နေရာ ) နီကယ် ဖုံး ကို အောက်မှ ကြည့်လျှင် သော့တံ ကလန် ဖွင့်ရန် အပေါက်လေး ပါ ပါတယ်
ထို အပေါက်ကို ကလန် ဖွင့် လိုက်ရပါမယ် ..
🔹 နီကယ်ဖုံး ကွာသွားပါက အတွင်းမှာ ရှိတဲ့ ဝှက်ထားသော သော့အိမ် ကို တွေ့ရပါမယ် ..
🔹 သော့အိမ် တွေ့ပီး သော့တံ ရှိနေမှတော့ တံခါး ပွင့်ပြီပေါ့ဗျာ..
🔹 ခွာထားတဲ့ နီကယ်ဖုံး အား ပြန်တပ်ထား ချင် တပ်ထားလို့ ရပါတယ် .. (ကလစ် အတက်ကလေး ကျိုးသွားရင်တော့ ပြုင်ပီးမှသာ တပ်ပါ )
🔹 စက်နိုးဖို့ကတော့
ရမု ကို ပုံတွင်ပြထားသလို
push start ခလုတ်
နား ကပ် ၍ နိုးလိုက် ရုံပါ..
Credit original upload
No comments:
Post a Comment
မင်္ဂလာပါ..