menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iCloud ကို Invoice နဲ့ ဖြည်နည်း

👨‍💻👨‍💻iPhone iCloud ကို Invoice နဲ့ဖြည်နည်းလေး ပြောပြပေးပါမယ်👨‍💻👨‍💻 (Part 1 Lesson) ဒီနည်းကိုမသင်ခင် အရင်ဆုံးသိသင့်တာ လေးတွေပြောပြပေးပါမယ် နည်းနည်းလေးတော့သည်းခံ စိတ်ရှည်ပေးကြပါဗျာ တချို့ ဘာမှမသိတဲ့ Userတွေအတွက်ပါ သိသင့်တဲ့အခြေခံကအစ ထည့်သွင်းရေးပေးထားတာမလို့ပါ✌️✌️ ဒီနည်းရဲ့ နာမည်က *Invoice Method* လို့ခေါ်သလို ဒီနည်းကို Unlocker တွေ က *Slow Service*လို့လည်းထပ်ခေါ်ပါတယ် ၄င်း နည်းလမ်းက Apple ကနေ Real Owner တွေအတွက် တရား၀င်ချပေးထားတဲ့နည်းလမ်းလေးပါ ဒီနေရာလေးမှာ ကျွန်တော်ပြောတဲ့ Real Owner ကိုတချို့နားမလည်ကြဘူးထင်ပါတယ် ရှင်းရှင်းပြောရရင်ပိုင်ရှင်အစစ်ကိုပြောတာပါ ဒီနေရာထိလည်း နားမလည်ကြသေးရင် ဒီနောက်က စာလေးတွေကို အသေချာဖတ်ပါ တဖြည်းဖြည်းသဘောပေါက် နားလည် လာပါလိမ့်မယ်😇😇 ဆက်သွားမယ်နော်....... ဟုတ်ပီဗျာ ဒီနည်းကအပေါ်က ပြောခဲ့သလို Apple က တရား၀င်ချပေးထားတဲ့နည်းလမ်း ဘယ်လိုနည်းလမ်းလည်းဆိုတော့ကာ ......(Part 2 မျှော်) 🥴🥴🥴 (Part 1 အဆက် 😜😜) မိမိ iPhone iCloud ကျသွားပြီဆိုပါတော့ ဖုန်းပိုင်ရှင်အများစုက မှတ်ထားလေ့ မရှိဘူး Apple id တွေ Password တွေကို တချို့ကြတော့လည်း Note App ထဲမှာ မှတ်ထားကြတယ် /သို့ပေမဲ့ Passcode မေ့သွားလို့ ဖြစ်ဖြစ် အကြောင်းအရာ တခုခုကြောင့်ဖြစ်ဖြစ် မိမိဖုန်းကို Firmware ရေးရတော့မှာမို့ ရေးလိုက်မယ်ဆိုရင် iCloud ပါရင် iCloud ကျပါမယ်... ဒီနေရာမှာ အပေါ်နားကပြောခဲ့သလို ပေါ့ Passcodeအနေအထားမဟုပဲ လက်ရှိသုံးရအနေအထားမှာ Firmware ရေးမယ်ဆိုရင် Note App ထဲ iCloud Mail ကော Password မှတ်ထားသူတွေအဖို့တော့ အဆင်ပြေတယ်ဗျ iCloudကျသွားလည်း မိမိ က Note ထဲ မှတ်ထားလို့ မှတ်မိနေတဲ့အတွက် မိမိအကောင့်ပြန်၀င်ပေးလိုက်လို့ရပါတယ် iCloud Mail ကော Password ကော မမှတ်မိသူတွေအဖို့တော့ Firmwareရေးရင် iCloud ကျပါမယ် ဒါဆိုရင်တော့ iCloud ဖြည်ရပါမယ် မိမိသုံးနေရင်း အကြောင်းအရာတခုခုကြောင့် Firmwareရေးလိုက်ရလို့ iCloud ကျသွားတာမျိုးကိုတော့ iCloud " Clean Mode" လို့ခေါ်ပါတယ် Clean Mode မှာ Offical ဖြည်နည်း 2နည်းရှိပါတယ် (1) Fast Service ဖြည်နည်း (2) Slow Service ဖြည်နည်း (Or) Invoice Method တို့ပဲဖြစ်ပါတယ် ကျွန်တော်က NO(2) ဖြစ်တဲ့ Slow Service ဖြည်နည်းကို ပဲသင်ကြားမှာဖြစ်ပါတယ်...... ဒီနေရာမှာ တခုမေ့တော့မလို့ဗျ User တချို့က iCloud ကျတာကို ဘာလည်းမသိကြဘူး Activation Lock ကျတာကို iCloud ကျတာလို့ ခေါ်ပါတယ် ဗျာ Firmwareရေးလိုက်လို့ Power ပြန်ပွင့်လာ Region ရွေး Wifi ချိတ်ပြီး "Activate " လုပ်တဲ့အခါ ပေါ်လာတဲ့ Activation Lock လို့ပြပြီး Mail နဲ့ Password တောင်းနေတဲ့ Screen ကို iCloud ကျတာလို့ ခေါ်ပါတယ်ဗျာ ဒီပို့စ်အောက်မှာ Activation Lock (iCloud) ကျနေတဲ့ ပုံကိုပါ တခါတည်းပြထားပေးပါတယ်ခင်ဗျ ကျွန်တော်အခုလို စာကြောင်းရှည်ရှည်နဲ့ ရေးပြပေးနေတာက ကျွန်တော့လို တုံးအတဲ့ User တချို့ကိုပါ နားလည်စေချင်တဲ့ စေတနာကြောင့်ပါ ✌️✌️ iCloud ကျတဲ့ နေရာမှာ "Mode" သုံး Mode ရှိပါတယ် (1) Clean Mode (2) Lost Mode (3) Earase Mode တို့ဖြစ်ပါတယ် ဘယ်ဟာက Clean Mode လည်း ဘယ်ဟာက Lost Mode လည်း ဘယ်ဟာက Earase Mode လည်း သူတို့တွေကိုဘယ်လိုခွဲခြားလည်း?? စသည်စသည် တို့နှင့် Invoice Method ဖြည်နည်းကို (Part 2 Lesson) လေးမှာ စောင့်မျှော်ကြည့်လိုက်ရအောင်ဗျာ ချစ်ခြင်းများစွာဖြင့် ✌️✌️✌️

No comments:

Post a Comment

မင်္ဂလာပါ..