menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Windows ပေါ်မှာ Linux OS တွေကို အသုံးပြုနည်း


 
ကွန်ပျူတာက Windows နဲ့Linux ကို Dual Boot တင်ဖို့ အဆင်မပြေဘူး၊ စက်မနိုင်ဘူးဆိုရင် Windows ပေါ်မှာပဲ (VMware, Virtual Box တွေပေါ်မှာမဟုတ်ပဲ) တင်သုံးလို့ ရနိုင်ပါတယ်။ ဒါပေမယ့် အခုသုံးနေတဲ့ Windows 10 OS Version က Anniversary Update ဖြစ်တဲ့ Build နံပါတ် 1607 နဲ့ အထက်ဖြစ်ရမှာဖြစ်ပြီး 64 bit OS ဖြစ်ရပါမယ်။ Windows Version ကြည့်ဖို့ Search box, Run box မှာ winver ကို ရိုက်ထည့်ပြီး စစ်ကြည့်နိုင်ပါတယ်။ 
1. Settings\Update&Security\For Developers အောက်မှာ Developer Mode ကို အမှန်ခြစ် လုပ်ရွေးပေးထားရပါမယ်။ Windows 10 2018 Update မဟုတ်တဲ့ စက်တွေမှာဆိုရင် Power Shell ကို Admin နဲ့ဖွင့်ပြီး အောက်ပါ Command ကို ရိုက်ထည့်ပါ။ လိုအပ်တဲ့ Software, File တွေ အလိုလို ဒေါင်းလုဒ်ဆွဲသွားပါမယ်။ ပြီးရင် စက်ကို Restart ချပေးရပါမယ်။

Enable- Windows Optional Feature -Online - Feature Name Microsoft-Windows-Subsystem-Linux (တစ်ကြောင်းတည်းပါ။)
2. Windows 10 2018 Update တွေမှာတော့ Run box မှာ appwiz.cpl ကို ရိုက်ထည့်ပြီး Turn Windows Features On or Off ထဲကိုဝင်၊ အောက်ဆုံးနားမှာ Windows Subsystem For Linux ဆိုတာကို အမှန်ခြစ်ပေး၊ခဏစောင့်၊ပြီးရင် စက်ကို Restart ချပေးရပါမယ်။
3. စက်ပြန်တက်လာရင် Microsoft Store ထဲကို ဝင်သွားပြီး Search box မှာ Linux ဆိုတာကို ရိုက်ရှာလိုက်ရင် Linux နဲ့ ပတ်သက်တွေ အကုန် ပေါ်လာပါမယ်။ Kali, Ubantu, Server ကြိုက်တဲ့ တစ်ခုကို Get ဆိုတာကို နှိပ်ပြီး ဒေါင်းလုဒ်ဆွဲရမယ်။
4. ဒေါင်းလုဒ်ဆွဲထားတဲ့ Linux Distribution တစ်ခုကို ဖွင့်လိုက်ရင် သို့မဟုတ် Windows Cmd ကို Administrator နဲ့ဖွင့်ပြီး bash ကို ရိုက်ထည့်လိုက်ရင် Linux အတွက် User Account နဲ့Password ပြုလုပ်ပြီး အသုံးပြုနိုင်ပါပြီ။ Search box မှာ bash ကို ရိုက်ရှာပြီးလည်း ဖွင့်နိုင်ပါတယ်။
5. Linux bash ပေါ်မှာ ပုံမှန် Linux ကို သုံးသလိုမျိုး Command Keys တွေနဲ့အသုံးပြုနိုင်ပါပြီ။ Windows ပေါ်မှာ Linux အသုံးပြုနည်းတွေကို မသိသေးရင်၊ အသုံးမပြုတတ်သေးရင်၊ Linux ကို ကောင်းစွာ အသုံးပြုတတ်ချင်ရင် Google မှာ How to use Windows Subsystem for Linux လို့ရိုက်ရှာပြီး Windows ပေါ်မှာ Linux OS တွေကို အသုံးပြုနည်းများကြည့်ရှုနိုင်ပါတယ်။

No comments:

Post a Comment

မင်္ဂလာပါ..