menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

USB Stick နဲ့ဘာတွေလုပ်နိုင်လဲ



Union font
ZAWGYI font

USB Stick နဲ့ဘာတွေလုပ်နိုင်လဲ

+++++++++++

ကွန်ပျူတာနဲ့အလုပ်လုပ်နေရသူတော်တော်များများ USB Memory Stick ကို

မသုံးဖူးတဲ့သူ မရှိလောက်ဘူးထင်ပါတယ်။ တစ်ချို့User တွေကျတော့ USB Stickနဲ့

ဖိုင်တွေကူးဖို့၊သိမ်းဖို့၊ Windows တင်တာ စသည်ဖြင့် USB Memory Stick ရဲ့

အသုံးဝင်နည်းလမ်း အနည်းကျဉ်းလောက်ပဲ သိကြမှာပါ။ အဲ့ဒါကြောင့် မသိသေးတဲ့

သူတွေအတွက် USB Memory Stick လုပ်ဆောင်နိုင်တဲ့ အသုံးဝင်နည်းလမ်းတွေကို

ဖော်ပြပေးလိုက်ပါတယ်။ ဘာတွေလုပ်နိုင်တယ်လို့ပဲ ဖော်ပြပေးသွားမှာပါ။ တစ်ခုချင်းစီရဲ့

အသုံးပြုနည်းတွေကို သိချင်ရင်တော့ နောက်မှပြန်ရေးတင်ပါမယ်။


1. သင့်ကွန်ပျူတာကို USB Stick နဲ့အပိတ်၊အဖွင့်လုပ်နိုင်တယ်။

PREDATOR ဆော့ဝဲလ်တစ်ခုကို မိမိစက်မှာအရင် Install လုပ်ထားပြီး

သင့်ကွန်ပျူတာကို Lock ချတာ၊ ပြန်ဖွင့်တာတွေ လုပ်နိုင်တယ်။ တစ်စုံတစ်ယောက်က

မိမိကွန်ပျူတာ Password မသိပဲ ခန့်မှန်းပြီး လျှောက်ရိုက်ထည့်တဲ့ Password သို့မဟုတ်၊ Top-Secret Password တွေနဲ့ဖွင့်ဖို့ကြိုးစားလာရင် "ACCESS DENIED" ဆိုတဲ့

စာသားတက်လာပါလိမ့်မယ်။ မိမိကွန်ပျူတာကို အသုံးမပြုတဲ့အချိန်မှာ USB Stick ကို

ထုတ်ထားလိုက်ရင် စက်က အမဲရောင် Screen ဖြစ်သွားပြီး Lock ကျသွားမှာပါ။

ပြန်သုံးချင်တဲ့အချိန် Stick ကို ပြန်ထိုးလိုက်ရင် Password ရိုက်ထည့်စရာမလိုပဲ

နဂိုမိမိသုံးနေတဲ့နေရာ ပြန်ရောက်သွားမယ်။

2.Wireless Networks တွေကို အလွယ်တကူချိတ်ဆက်နိုင်တယ်။

Windows OS တွေမှာ မိမိလက်ရှိသုံးနေတဲ့ Wifi name,Password နဲ့တစ်ခြား

Information တွေကို USB Stick မှာ ကူးပြီး သိမ်းထားနိုင်တဲ့ Features တွေ

ပါဝင်ပါတယ်။ မိမိစက်ထဲက Wifi name, Password နဲ့Network နဲ့သက်ဆိုင်တဲ့

အချက်လက်တွေကို USB Stick ထဲ ထည့်သိမ်း။ ပြီးရင် တစ်ခြားစက်တစ်လုံးမှာ

ထိုးထည့်ပြီး Network ကို Password ထည့်စရာမလိုပဲ အလွယ်တကူချိတ်ဆက်နိုင်မယ်။

3.ReadyBoost လုပ်သုံးပြီး ကွန်ပျူတာကို မြန်ဆန်စွာအသုံးပြုနိုင်တယ်။

သင့်ကွန်ပျူတာမှာ Harddrive တွေလည်းအလုပ်လုပ်နှေးနေတယ်ဆိုရင်

ReadyBoost လုပ်ပြီး မြန်ဆန်စွာအသုံးပြုနိုင်ပါတယ်။ ReadyBoost လုပ်ထားခြင်းက

Harddrive ရဲ့ Cache အဖြစ် အလုပ်လုပ်နိုင်ပါတယ်။ Harddrive Cache ဆိုတာက

ဖိုင်တွေ တော်တေ်ာများများကို အကြိမ်နှုန်းများစွား အသုံးပြုနေတာလို့အလွယ်နည်း

မှတ်ထားလိုက်ပါ။ Cache တွေက Harddrive ထက် USB Stickကို

ပိုမိုမြန်ဆန်စွာ ဖတ်ရင် Windows OS ကလည်း USB Stick ပေါ်မှာရှိတဲ့

Cache တွေထံက Files တွေကို ပိုဖတ်နိုင်မယ်။ ဒါပေမယ့် SSD ဆိုရင်တော့

Cache က SSD ထက် နှေးကွေးတာကြောင့် ReadyBoost ကို သုံးလို့မရနိုင်ပါဘူး။

4.Portable Web Server ထည့်ထားနိုင်တယ်။ သင်က Website တွေ

ရေးသားနေတဲ့ Web Developer ဆိုရင်တော့ Server2Go ကို USB Stick မှာ

ထည့်ထားပြီး Portable Web Server အဖြစ် သုံးနိုင်ပါတယ်။ Server2Go ထဲမှာ

WAMPP Server Stack ပါဝင်တာကြောင့် Apache, MySQL, PHP, and

Perl တွေလည်း အသုံးပြုနိုင်ပါတယ်။ သွားလေရာနေရာတိုင်းကို Server စက်ကြီး

သယ်နေစရာမလိုပဲ Stick ကို တစ်ခြားကွန်ပျူတာထဲမှာ ထိုးထည့်ရုံနဲ့

မိမိ Web Server ကို အလွယ်တကူအသုံးပြုနိုင်ပါတယ်။

5. Apps,Games နဲ့အသုံးဝင် ဆော့ဝဲလ်တွေကို Portable အဖြစ်

Stick မှာ ထည့်ထားပြီးသုံးနိုင်တယ်။ မိမိစက်က ဆော့ဝဲလ်တွေ

ထည့်ထားတာများနေရင်၊ နောက်ထပ် Install လုပ်ဖို့စက်မနိုင်တော့ဘူးဆိုရင်

USB Stick မှာ Portable လုပ်ထားပြီး အသုံးပြုနိုင်ပါတယ်။ ဒီနည်းကို

အသုံးပြုနေကြသူတွေ များပါတယ်။

6. Operation System တစ်ခုအဖြစ် လုပ်ထားနိုင်တယ်။ မိမိ Stick မှာ

တစ်ခြား OS တင်ထားပြီး လက်ရှိသုံးနေတဲ့ OS နဲ့အလည့်ကျ အသုံးပြုလို့ရတယ်။

ဥပမာ-အခုသုံးနေတာ Windows OS ဆိုရင် USB Stick မှာ တစ်ခြား

OS Linux တစ်ခု တင်၊ BIOS မှာ USB Stick နဲ့Boot တက်ပြီး အသုံးပြုနိုင်ပါတယ်။

ကွန်ပျူတာတစ်လုံးတည်းမှာ Dual Boot လို Partition တစ်ခုစီမှာ OS တင်တာ

မဟုတ်ပဲ OS နှစ်ခုကို အလည့်ကျ အသုံးပြုနိုင်ပါတယ်။

7. နောက်ထပ် အသုံးဝင်နည်းလမ်းတွေ များစွာရှိပါသေးတယ်။

Third-Party Software တွေနဲ့ပေါင်းပြီး အသုံးပြုလို့ရတဲ့နည်းတွေလည်း

ရှိပါသေးတယ်။ USB Stick လေး ထိုးလိုက်တာနဲ့ကွန်ပျူတာတစ်ခုလုံး

ဘာမှ လုပ်မရဖြစ်သွားအောင် လုပ်တဲ့နည်းတွေလည်းရှိပါတယ်။

မကောင်းမှုတွေကို အားမပေးတာရယ်၊ဖော်ပြလိုက်ရင် အန္တရာယ်ရှိနိုင်တာရယ်၊

စာရှည်ရင် ဘယ်သူမှ မဖတ်ကြတော့တာရယ်ကြောင့် မရေးတော့ပါဘူး။

အပေါ်မှာ ဖော်ပြခဲ့တဲ့နည်းလမ်းတွေထဲက လိုအပ်တဲ့ နည်းလမ်းတွေကိုသာ

ဖော်ပြပေးပါမယ်။ မိမိသိချင်တာကို Comment မှာ ရေးထားခဲ့ပါ။

နောက်နေ့တွေမှာ အသုံးပြုနည်းတွေကို ပြန်ရေးတင်ပေးပါမယ်။

ZAWGYI font
USB Stick နဲ ့ဘာေတြလုပ္ႏိုင္လဲ
+++++++++++
ကြန္ပ်ဴတာနဲ ့အလုပ္လုပ္ေနရသူေတာ္ေတာ္မ်ားမ်ား USB Memory Stick ကို
မသုံးဖူးတဲ့သူ မရွိေလာက္ဘူးထင္ပါတယ္။ တစ္ခ်ိဳ ့User ေတြက်ေတာ့ USB Stickနဲ ့
ဖိုင္ေတြကူးဖို ့၊သိမ္းဖို ့၊ Windows တင္တာ စသည္ျဖင့္ USB Memory Stick ရဲ ့
အသုံးဝင္နည္းလမ္း အနည္းက်ဥ္းေလာက္ပဲ သိၾကမွာပါ။ အဲ့ဒါေၾကာင့္ မသိေသးတဲ့
သူေတြအတြက္ USB Memory Stick လုပ္ေဆာင္ႏိုင္တဲ့ အသုံးဝင္နည္းလမ္းေတြကို
ေဖာ္ျပေပးလိုက္ပါတယ္။ ဘာေတြလုပ္ႏိုင္တယ္လုိ ့ပဲ ေဖာ္ျပေပးသြားမွာပါ။ တစ္ခုခ်င္းစီရဲ ့
အသုံးျပဳနည္းေတြကို သိခ်င္ရင္ေတာ့ ေနာက္မွျပန္ေရးတင္ပါမယ္။

1. သင့္ကြန္ပ်ဴတာကို USB Stick နဲ ့အပိတ္၊အဖြင့္လုပ္ႏိုင္တယ္။
PREDATOR ေဆာ့ဝဲလ္တစ္ခုကို မိမိစက္မွာအရင္ Install လုပ္ထားျပီး
သင့္ကြန္ပ်ဴတာကို Lock ခ်တာ၊ ျပန္ဖြင့္တာေတြ လုပ္ႏိုင္တယ္။ တစ္စုံတစ္ေယာက္က
မိမိကြန္ပ်ဴတာ Password မသိပဲ ခန္ ့မွန္းျပီး ေလ်ွာက္ရိုက္ထည့္တဲ့ Password သို ့မဟုတ္၊ Top-Secret Password ေတြနဲ ့ဖြင့္ဖို ့ၾကိဳးစားလာရင္ "ACCESS DENIED" ဆိုတဲ့
စာသားတက္လာပါလိမ့္မယ္။ မိမိကြန္ပ်ဴတာကို အသုံးမျပဳတဲ့အခ်ိန္မွာ USB Stick ကို
ထုတ္ထားလိုက္ရင္ စက္က အမဲေရာင္ Screen ျဖစ္သြားျပီး Lock က်သြားမွာပါ။
ျပန္သုံးခ်င္တဲ့အခ်ိန္ Stick ကို ျပန္ထိုးလိုက္ရင္ Password ရိုက္ထည့္စရာမလိုပဲ
နဂိုမိမိသုံးေနတဲ့ေနရာ ျပန္ေရာက္သြားမယ္။
2.Wireless Networks ေတြကို အလြယ္တကူခ်ိတ္ဆက္ႏိုင္တယ္။
Windows OS ေတြမွာ မိမိလက္ရွိသုံးေနတဲ့ Wifi name,Password နဲ ့တစ္ျခား
Information ေတြကို USB Stick မွာ ကူးျပီး သိမ္းထားႏိုင္တဲ့ Features ေတြ
ပါဝင္ပါတယ္။ မိမိစက္ထဲက Wifi name, Password နဲ ့Network နဲ ့သက္ဆိုင္တဲ့
အခ်က္လက္ေတြကို USB Stick ထဲ ထည့္သိမ္း။ ျပီးရင္ တစ္ျခားစက္တစ္လုံးမွာ
ထိုးထည့္ျပီး Network ကို Password ထည့္စရာမလိုပဲ အလြယ္တကူခ်ိတ္ဆက္ႏိုင္မယ္။
3.ReadyBoost လုပ္သုံးျပီး ကြန္ပ်ဴတာကို ျမန္ဆန္စြာအသုံးျပဳႏိုင္တယ္။
သင့္ကြန္ပ်ဴတာမွာ Harddrive ေတြလည္းအလုပ္လုပ္ေႏွးေနတယ္ဆိုရင္
ReadyBoost လုပ္ျပီး ျမန္ဆန္စြာအသုံးျပဳႏိုင္ပါတယ္။ ReadyBoost လုပ္ထားျခင္းက
Harddrive ရဲ ့ Cache အျဖစ္ အလုပ္လုပ္ႏိုင္ပါတယ္။ Harddrive Cache ဆိုတာက
ဖိုင္ေတြ ေတာ္ေတ္ာမ်ားမ်ားကို အၾကိမ္ႏႈန္းမ်ားစြား အသုံးျပဳေနတာလို ့အလြယ္နည္း
မွတ္ထားလိုက္ပါ။ Cache ေတြက Harddrive ထက္ USB Stickကို
ပိုမိုျမန္ဆန္စြာ ဖတ္ရင္ Windows OS ကလည္း USB Stick ေပၚမွာရွိတဲ့
Cache ေတြထံက Files ေတြကို ပိုဖတ္ႏိုင္မယ္။ ဒါေပမယ့္ SSD ဆိုရင္ေတာ့
Cache က SSD ထက္ ေႏွးေကြးတာေၾကာင့္ ReadyBoost ကို သုံးလို ့မရႏိုင္ပါဘူး။
4.Portable Web Server ထည့္ထားႏိုင္တယ္။ သင္က Website ေတြ
ေရးသားေနတဲ့ Web Developer ဆိုရင္ေတာ့ Server2Go ကို USB Stick မွာ
ထည့္ထားျပီး Portable Web Server အျဖစ္ သုံးႏိုင္ပါတယ္။ Server2Go ထဲမွာ
WAMPP Server Stack ပါဝင္တာေၾကာင့္ Apache, MySQL, PHP, and
Perl ေတြလည္း အသုံးျပဳႏိုင္ပါတယ္။ သြားေလရာေနရာတိုင္းကို Server စက္ၾကီး
သယ္ေနစရာမလုိပဲ Stick ကုိ တစ္ျခားကြန္ပ်ဴတာထဲမွာ ထိုးထည့္ရုံနဲ ့
မိမိ Web Server ကို အလြယ္တကူအသုံးျပဳႏုိင္ပါတယ္။
5. Apps,Games နဲ ့အသုံးဝင္ ေဆာ့ဝဲလ္ေတြကို Portable အျဖစ္
Stick မွာ ထည့္ထားျပီးသုံးႏိုင္တယ္။ မိမိစက္က ေဆာ့ဝဲလ္ေတြ
ထည့္ထားတာမ်ားေနရင္၊ ေနာက္ထပ္ Install လုပ္ဖို ့စက္မႏိုင္ေတာ့ဘူးဆိုရင္
USB Stick မွာ Portable လုပ္ထားျပီး အသုံးျပဳႏုိင္ပါတယ္။ ဒီနည္းကို
အသုံးျပဳေနၾကသူေတြ မ်ားပါတယ္။
6. Operation System တစ္ခုအျဖစ္ လုပ္ထားႏုိင္တယ္။ မိမိ Stick မွာ
တစ္ျခား OS တင္ထားျပီး လက္ရွိသုံးေနတဲ့ OS နဲ ့အလည့္က် အသုံးျပဳလို ့ရတယ္။
ဥပမာ-အခုသုံးေနတာ Windows OS ဆိုရင္ USB Stick မွာ တစ္ျခား
OS Linux တစ္ခု တင္၊ BIOS မွာ USB Stick နဲ ့Boot တက္ျပီး အသုံးျပဳႏိုင္ပါတယ္။
ကြန္ပ်ဴတာတစ္လုံးတည္းမွာ Dual Boot လို Partition တစ္ခုစီမွာ OS တင္တာ
မဟုတ္ပဲ OS ႏွစ္ခုကို အလည့္က် အသုံးျပဳႏိုင္ပါတယ္။
7. ေနာက္ထပ္ အသုံးဝင္နည္းလမ္းေတြ မ်ားစြာရွိပါေသးတယ္။
Third-Party Software ေတြနဲ ့ေပါင္းျပီး အသုံးျပဳလို ့ရတဲ့နည္းေတြလည္း
ရွိပါေသးတယ္။ USB Stick ေလး ထိုးလိုက္တာနဲ ့ကြန္ပ်ဴတာတစ္ခုလုံး
ဘာမွ လုပ္မရျဖစ္သြားေအာင္ လုပ္တဲ့နည္းေတြလည္းရွိပါတယ္။
မေကာင္းမႈေတြကို အားမေပးတာရယ္၊ေဖာ္ျပလိုက္ရင္ အႏၱရာယ္ရွိႏိုင္တာရယ္၊
စာရွည္ရင္ ဘယ္သူမွ မဖတ္ၾကေတာ့တာရယ္ေၾကာင့္ မေရးေတာ့ပါဘူး။
အေပၚမွာ ေဖာ္ျပခဲ့တဲ့နည္းလမ္းေတြထဲက လိုအပ္တဲ့ နည္းလမ္းေတြကိုသာ
ေဖာ္ျပေပးပါမယ္။ မိမိသိခ်င္တာကို Comment မွာ ေရးထားခဲ့ပါ။
ေနာက္ေန ့ေတြမွာ အသုံးျပဳနည္းေတြကို ျပန္ေရးတင္ေပးပါမယ္။
NetComplus.

1 comment:

  1. တင်​ပေးတဲ့အတွက် ​ကျေးဇူးပါ

    ReplyDelete

မင်္ဂလာပါ..