menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone မှာ မလိုအပ်သော Data ကုန်မှုတွေကို လျှော့ချနည်း



 iPhone မှာမလိုအပ်ပဲအင်တာနက် Data ကုန်ကျမှု ကိုဘယ်လိုလျှော့ချမလည်း


( 1 ) Compress your text message attachment

iOS 10 မှာပါတဲ့ Settings >>> Messages >>> Low Quality Image Mode ကို on ပြီးသုံးပါ SMS & iMessage နဲ့တွဲပို့တဲ့ video & photo တွေရဲ့ file sizes တွေကိုလျှော့ချပေးပါလိမ့်မယ် လက်ခံတဲ့သူကတော့ အရမ်းကြီးကြည်လင်ပြတ်သားအောင်မြင်ရမှာမဟုတ်ပေမယ့် သင့်ရဲ့လစဉ် data သုံးစွဲမှုကိုတော့ချွေတာနိုင်ပါတယ်


( 2 ) Don't let app updates download

automatically on cellular

Settings >>> iTunes & App Stores >>> Use Cellular Data ကိုပိတ်ထားပါ အဲတာကို enable လုပ်ထားမယ်ဆိုရင် background မှာ app တွေကို auto update လုပ်နေပါလိမ့်မယ် wifi ရတဲ့အခါမှာဖြစ်ဖြစ် ကိုယ် update လုပ်ချင်တဲ့ app ကိုပဲဖြစ်ဖြစ် update လုပ်သင့်ပါတယ်



( 3 ) Keep data-guzzling apps from

accessing cellular data

Settings >>> Cellular မှာ data မသုံးချင်တဲ့ app ကိုပိတ်ထားပါ ( app တစ်ခုချင်းဆီမှာဘယ်လောက်သုံးတယ်ဆိုတာကြည့်နိုင်ပါတယ် )


( 4 ) Don't let videos auto-play in your social

networking apps

Facebook, Instagram, Twitter တွေမှာ videos auto-play ကိုပိတ်ထားပါ ( တစ်ခုချင်းမပြောတော့ပါဘူး )


( 5 ) Limit cellular usage in your music

streaming apps

Settings >>> Music >>> Cellular data မှာ Streaming နဲ့ Downloads ကိုပိတ်ထားပေးပါ ( မြန်မာပြည်မှာတော့သုံးမယ်မထင်ပါဘူး )


( 6 ) Turn off Wi-Fi Assist

Settings >>> Cellular >>> Wi-Fi Assist ကိုပိတ်ထားပါ ဒီ feature က ကိုယ် wifi ကိုသုံးနေတဲ့အချိန်လိုင်းမကောင်းရင် data ကိုအလိုအလျောက်ပြောင်းပေးတာပါ ( ဥပမာ - wifi နဲ့ဇာတ်ကားတစ်ကားဒေါင်းနေတယ်ဆိုပါစို့ လိုင်းမကောင်းရင်ဖြစ်ဖြစ် လိုင်းကျသွားရင်ဖြစ်ဖြစ် data ကိုပြောင်းပြီးဆက်ဒေါင်းပါလိမ့်မယ် ကိုယ်က wifi နဲ့ဒေါင်းနေတယ်ဆိုပြီးအေးဆေးထားရင်ကုန်ပြီ )


( 7 ) Don't let iCloud Drive anywhere your data

iCloud Drive ( app ရဲ့ documents & data တွေကို iCloud မှာသိမ်းဆည်းခြင်း ) မှာ Use Cellular Data ကိုပိတ်ထားပါ Settings >>> iCloud >>> iCloud Drive


( 8 ) Disable Push for the Mail app

Settings >>> Mail >>> Accounts >>> Fetch New Data မှာ Push ကိုပိတ်ထားပါ


( 9 ) Limit Background App Refresh for your

apps

Background App Refresh ကို on ထားမယ်ဆိုရင် မလိုအပ်ပဲ app ရဲ့ data တွေ up to date ဖြစ်ဖို့ Cellular data ကိုသုံးနေပါလိမ့်မယ် Settings >>> General >>> Background App Refresh ကိုပိတ်ထားပါ

( 10 ) Keep Wifi turned on

Wifi ကို on ထားမယ်ဆိုရင် battery အားကိုထိခိုက်ကောင်းထိခိုက်နိုင်ပေမယ့် available network ရှိတဲ့အခါအလိုလျောက်ချိတ်ဆက်ပေးမှာဖြစ်လို့ data ကိုလျှော့ချနိုင်ပါတယ်


( 11 ) Turn off Personal Hotspot

Settings >>> Personal Hotspot ကို on မထားပါနဲ့

( ကိုယ်တိုင် wifi ရှယ်ပေးချင်ရင်တစ်မျိုးပေါ့ )


( 12 ) Turn off Cellular Data

Cellular data ကိုပိတ်ထားပါ ( နောက်တယ်လို့မထင်ပါနဲ့ 😜 ) ကားမောင်းနေတဲ့အခါ အလုပ်ထဲမှာရောက်နေတဲ့အခါ date နေတဲ့အခါတွေမှာ အင်တာနက်သုံးဖို့မလိုအပ်ဘူးသေချာနေရင်ပိတ်ထားပါ


တစ်ခုထပ်ပြီး အကြံပေးချင်တာက public wifi တွေကိုသုံးတဲ့အခါ ကိုယ့် data တွေရဲ့လုံခြုံရေးကိုစိုးရိမ်ရပါတယ် ( ဥပမာ - fb acc & pw ) အဲတာကြောင့် public wifi တွေကိုသုံးမယ်ဆိုရင် VPN app တစ်ခုခုခံပြီးသုံးသင့်ပါတယ် အားလုံးမဟုတ်တောင်ကိုယ့်အတွက်အသုံးတဲ့မယ်ထင်တဲ့အချက်လေးတွေစမ်းသုံးကြည့်ကြပါ




Zawgyi 





networking apps

streaming apps

( 6 ) Turn off Wi-Fi Assist



apps
( 10 ) Keep Wifi turned on




Credit Linn Moe Eain

No comments:

Post a Comment

မင်္ဂလာပါ..