menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
USB Not reconized ပြဿနာ
Unicode
External drives - USB flash Drive (သို့) external hard drive တွေသုံးရ တာ တော်တော်လွယ်ကူပါတယ်။တစ်ခါတစ်လေ ကြရင် ကြုံလည်း ကြုံဖူးကျ မှာပါ USB Flash Drive ကို Computer ရဲ့ USB Port မှာတတ်လိုက်တဲ့ အခါ
USB Not reconized လို့ ပြတတ်ပါတယ်။ဒီ ပြဿနာ  ဘာလို့ ကြုံရလည်း ဆိုရင် သင့်ရဲ့ external drive ပေါ်မှာ ရှိတဲ့ Partation မကောင်းလို့ ၊ File System အမှားသုံး ထားလို့ ၊ Winodws မှာ တင်ထားတဲ့ USB Port Driver မှားနေလို့ ၊နောက်ဆုံး တစ်ချက်က Computer မှာရှိတဲ့ USB Port ကပျက်နေလို့ ကြောင့် USB Not Reconized လို့ ပြနေတာ ဖြစ်ပါတယ်။နောက်တစ်ခုက ဖြစ်လေ့ဖြစ်ထလည်း နည်းပါတယ် သင့် USB Flash Driver ကိုက မကောင်းတာ ကြောင့် ဒီလို ကြုံရတာ ဖြစ်ပါတယ်။
ကဲ အကြောင်းကို တော့သိပြီး အကြောင်းကြောင့် ဖြစ်လာတဲ့ (ဒီနေရာမှာတော့) ဆိုးကျိုးကို ကုစားကြည့် ရအောင်။
အောက်မှာ ပြထားတဲ့ အဆင့်တွေက USB Flash Drive မှာပဲ ဖြစ်ဖြစ် External Hard Drive အကြီးကြီး တွေမှာပဲ ဖြစ်ဖြစ် နှစ်ခုလုံး မှာအသုံးပြုနိုင်ပါတယ်။
သင့်ရဲ့ Memory Stick က "Disk Management" မှာကော်ပြနေလား?
ဟုတ်တယ် - ဒါ ပထမ ဦးဆုံး စဉ်းစားရမယ့် အချက်ဖြစ်တတယ်။ ပထမဦးဆုံး သင့် ရဲ့ Pen Drive ကို Computer မှာ တတ်လိုက်ပါ ပြီးရင် Windows Key နဲ့ R နဲ့ တွဲ နှိပ်ပြီး ပေါ်လာတဲ့ Run Box ထဲမှာ "diskmgmt.msc" ကို ရိုက်ပေးပါ။
အဲ့ဒီ့ ပေါ်လာတဲ့ Disk Management Windows ထဲမှာ သင့်ရဲ့ external drive ကို တွေ့ရင် တွေ့ပါလိမ့်မယ်။ သင့် MY COMPUTER Windows ထဲမှာ မပြရတဲ့ အကြောင်းအရင်း က သူ့မှာ ပြစရာ ဘာ Partation မှ မရှိတော့လို့ ဖြစ်ပါတယ်။ အဲ့ဒါ ဆိုဘာလုပ်မလဲ? ဘာမှ မလုပ်နဲ့ Format သာရိုက် ပစ်ပါ။ နေအုံး နေအုံး သေသေချာချာ လေးလဲ သတိလေးထားပြီး Format ရိုက်အုံး တော်ကြာ တစ်ခြား Partation တွေနဲ့ မှားသွားရင် ပြဿနာ တွေ တတ်နေအုံးမယ်။Format လုပ်လို့ ပြီးသွားရင် အဆင်ပြေသွားပါလိမ့်မယ်။
အခု ကျွန်တော်တို့ အပေါ်မှာ ပြောပြခဲ့တဲ့ နည်းနဲ့ အဆင်မပြေသေးဘူး ဆိုရင် အောက်မှာ ပြထားတဲ့ နည်းအတိုင်း ဆက်လုပ် ကြည့်ပါအုံး။
Drive ကို Reconize လုပ်နိုင်အောင် Windows ကို ခိုင်းမယ်
အပေါ်မှာ ပြောထားသလို Disk Management ထဲမှာ တောင်မှ မပေါ်ဘူးဆိုရင် Hardware ကြောင့်လည်း ဖြစ်ပါတယ်။ ဥပမာ - Computer မှာ ရှိတဲ့ USB Port ပျက်နေလို့ လည်းဖြစ်နိုင်ပါတယ်။အဲ့ဒါ ဆိုရင် အခုသင်တပ်ထားတဲ့ USB Port ကနေ ဖြုတ်ပြီး နောက်တစ်ပေါက်ကို ပြောင်းထိုးကြည့်ပါ။တကယ်လို့ သင်ဟာ USB hub (ကျွန်တော်တို့ အခေါ်အဝေါ် အရ USB ခေါင်းပွားတဲ့ ဟာပေါ့) တွေကို သုံးထားတယ်ဆိုရင် အဲ့ဒီဟာကို မသုံးပဲ Direct ထိုးကြည့်ပါ။တစ်ခါ တစ်လေကြရင် USB Hub တွေက လျှပ်စစ်အား လုံလုံလောက်လောက် မရင်ရင်လည်း USB Not Reconized ပြတတ်ပါတယ်။
အခုချိန်ထိ Disk Mangement မှာ မပြသေးဘူးဆိုရင် သင်ရဲ့ Computer ကပဲ  ဖြစ်တာလား USB Drive က ပဲဖြစ်တာလား ပြောဖို့ တော့ခတ်ပြီ။ဒါကြောင့် အနီးအနား မှာ Computer နောက်တလုံး ရှိရင် သင့်ရဲ့ USB Drive ကို တပ်ကြည့်ပါ။Computer နောက်တစ်လုံးမှာ သင့်ရဲ့ USB Drive က ကောင်းနေတယ် ၊ Disk Mangement မှာ ပေါ်နေတယ်ဆိုရင် သင့် Computer က ဖြစ်နေတာဖြစ်ပြီး ၊ Disk Mangement မှာ မပြဘူးဆိုရင် သင့်ရဲ့ USB Drive ကို မေ့လိုက်ပါတော့။
သင့်ရဲ့ USB Drive က တစ်ခြား Computer မှာ ပြနေတယ် ဒါပေမယ့် သင့် Computer မှာ မပြဘူး Not Reconized လို့ ပြနေရင် ဒါ Driver ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ Winodws Key နဲ့ R ကို နှိပ်ပြီး ပေါ်လာတဲ့ Run Box မှာ  “devmgmt.msc” လို့ ရိုက်ထည့်ပြီး Enter ကိုနှိပ်လိုက်ပါ။
Device Manager ကိုတွေ့ပါလိမ့်မယ်။Disk Drive ရဲ့ အောက်မှာ ရှိတဲ့ Device တွေကို ကြည့်ကြည့်ပါ ဘယ် Device က exclamation mark ပြနေလဲ။ပြနေတဲ့ Device ကို Right Click နှိပ်ပြီး Properties ကို ဝင်လိုက်ပါ။အဲ့ဒီမှာ Error Massage ကို တွေ့ပါလိမ့်မယ်။အဲ့ဒီ့ Error ကို Google မှာ ရှာကြည့်ပါ။
တစ်ချိုု့ ပြသာနာ တွေဆိုရင် ပြင်ရ ပြုရတာ တအားခတ်ပါတယ်။ဒါကြောင့် System Restore လုပ်ကြည့်ပါ။ Driver ကို Update လုပ်ကြည့်ပါ။
Partitioning and Formatting the Drive
သင့် Drive ရဲ့ Partation နှင့် File System Problem တွေကို Windows Disk Management tool ကို အသုံးပြုပြီး ပြုပြင်နိုင်ပါတယ်။တကယ်လို့ သင့် Drive က “unallocated space" လို့ပြနေရင် Partation အသစ်တစ်ခုလုပ်ဖို့ လိုလာပါပြီ။အဲ့ဒါ ကြောင့် unallocated space ဆိုတဲ့ အထဲမှာ Right Click - New Simple Volume ကိုရွေးပြီး သူပြထားတဲ့ Wizard အတိုင်းလုပ်လိုက်ရင် Partation အသစ်တစ်ခုဖြစ်လာပါလိမ့်မယ်။
တစ်ကယ်လို့ သင်ဟာ သင့်ရဲ့ Drive ကို Partation လည်းလုပ်ပြီးသွားပြီ ဒါပေမယ့် အခုအချိန်အထိ မပေါ်လာသေးဘူးဆိုရင် Drive Letter Change ကြည့်ပါ။Driver Letter ချိန်းဖို့ အတွက် Drive ကို Right Click -Change Drive Letter and Paths ကိုရွေး ပြီး Drive Letter တစ်ခုထည့်လိုက်ပါ။ပြီးရင် Drive ကို FAT32 (သို့) NTFS File System တွေနဲ့ တစ်လှည့်စီ Format လုပ်ကြည့်ပါ။အဆင်ပြေသွားပါလိမ့်မယ်။
နောက်ဆုံးတစ်ခု ပြောချင်တယ် ကျွန်တော်တို့ အခုအပေါ်မှာ ပြထားတဲ့ အတိုင်း တစ်ခုချင်းစီ လုပ်ကြည့်လို့မှ သင့်ရဲ့ Drive ပြန်မကောင်းလာ ရင် သင့်ရဲ့ Drive ကို အမှိုက်တောင်းထဲသာ ထည့်လိုက်ပါတော့။
အားလုံးအဆင်ပြေကြပါစေ။
zawgyi
No comments:
Post a Comment
မင်္ဂလာပါ..