menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Blogger တွေ အွန်လိုင်းငွေရှာနည်း
မောင်ဂုရု.. တစ်လောက မှ india က လူငှားပြီး ကြော်ငြာနှိပ်တဲ့ လုပ်ငန်း အကြောင်းကို ဖတ်မိပါတယ်။ သူတို့က ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ကို လုပ်တာပါ။ လုပ်ဆောင်ပုံက ဒီလိုလေးပေါ့။
Google Ads ဆိုတာရယ်။ pay per clicks ဆိုတာရယ် ရှိပါတယ်။ သူတို့က link လေးတွေ ပေးပါတယ်။ အဲဒီ link ကို ကိုယ်ပိုင် web site တစ်ခုမှာ တင်ထားရင် အဲဒီ web site ကို လာကြည့်သူများက ဒီ link ကို နှိပ်ပါတယ်။ အဲဒီအခါ ကြော်ငြာတဲ့ ကုမ္ပဏီက တစ်ချက် နှိပ်ရင် ဘယ်လောက်ဆိုတာ ပေးရပါတယ်။ တစ်ချက်ကို အနိမ့်ဆုံး $0.1 ကနေ $1.45 လောက်ထိ ရှိပါတယ်။ ဥပမာ မောင်ဂုရုက ခု ဘလော့ဂ်ကို ကြော်ငြာချင်တဲ့ အခါမှာ ကြော်ငြာကုမ္ပဏီကို အလုပ်အပ်ပါတယ်။ ကျွန်တော့် site ကို တစ်ခြားနေရာကနေ လာကြည့်ရင် မောက်စ် တစ်ချက်နှိပ်တာနဲ့ $0.4 ပေးပါ့မယ်လို့ bid လုပ်လိုက်တာနဲ့ ကြော်ငြာ ကုမ္ပဏီက လက်ခံပေးမယ့် web site တွေကို ရှာပေးပါတယ်။ web site တွေက မောင်ဂုရု ရဲ့ blog address link ကို တင်ထားပေးပါတယ်။ အဲဒီ web site ကို လာကြည့်တဲ့သူများက ပေးထားတဲ့ မောင်ဂုရုရဲ့ link ကို နှိပ်လိုက်တာနဲ့ မောင်ဂုရုက တစ်ချက်ကို $0.4 ကုန်ပါပြီ။ မောင်ဂုရုရဲ့ link ကို လက်ခံပေးတဲ့ website က အဲဒီ ပိုက်ဆံကို ရတယ်ပေါ့ဗျာ။ မောင်ဂုရုသိသလောက်ကတော့ ဒီလို အချက် ကို အသုံးချပြီး India က မောက်စ်နှိပ်စားသူများက လုပ်ဆောင်ပုံ ၂ မျိုးနဲ့ လုပ်ဆောင်ပါတယ်။ ပထမဆုံးကတော့ web site တစ်ခု ထောင်လိုက်ပါတယ်။ 
အဲဒီ web site ပေါ်မှာ ကြော်ငြာ် ကုမ္ပဏီက တင်ထားတဲ့ link တွေကို လက်ခံထားပါတယ်။ နောက်ကွယ်က နေ လူငှားပြီး အဲဒီ link တွေကို တစ်ချိန်လုံး ထိုင်နှိပ်ခိုင်းပါတယ်။ များများနှိပ်လေ များများ ပိုက်ဆံရလေပါပဲ။ India က အိမ်ရှင်မတွေ အတွက် အလုပ်ကောင်းကောင်းတစ်ခု ဈေးကွက်တစ်ခု ဖြစ်တဲ့ အထိ မောက်စ်နှိပ်ကြပါတယ်။ သူတို့က ဘာတွေ ပွင့်လာပြီး ဘယ်ရောက်တယ် စိတ်မဝင်စားပါဘူး။ သူတို့သိတာက ဒီ web site မှာ ရှိတဲ့ ဒီ link ကို နှိပ်ရင် အာရကေရတယ်။ ဘယ်လောက်ရတယ် ထင်ပါသလဲ။ တစ်လ ကို $100 ကနေ $200 လောက်ထိ ရကြပါတယ်။ အဲဒီတော့ ဂိုဏ်းဖွဲ့ ပြီးတော့ကို လုပ်ကြတယ်။ စဉ်းစားကြည့်လေ တစ်ယောက် ၁၀၀ ဆိုရင် အယောက် ၁၀၀ ဆိုရင် တစ်လ $10,000 နည်းမှ မနည်းပဲ။ အဲဒီတော့ လူစုလူဝေးနဲ့ ကို လုပ်ကြတာ။ နောက် အဲဒီလို ဂိုဏ်းတွေ များလာတော့ အဲဒီဂိုဏ်းတွေကို အလုပ်အပ်တဲ့သူတွေတောင် ရှိလာတယ်။ ဘယ်လိုအလုပ်လဲဆိုတော့၊ သူများကို ဒုက္ဃရောက်အောင်လုပ်တဲ့ အလုပ်ပေါ့။
ကုမ္ပဏီ ၂ ခု ဈေးကွက်မှာ ပြိုင်လာတယ်။ ဟိုဘက်ကုမ္ပဏီကို စားရိတ်တက်ပြီး ဒုက္ဃရောက်စေချင်တဲ့အခါကြတော့၊ ဒီလို မောက်စ်နှိပ်စားသူများ ဂိုဏ်းကို ပိုက်ဆံပေးပြီး အဲဒီ ကုမ္ပဏီရဲ့ ကြော်ငြာ link ကို လိုက် နှိပ်ခိုင်းတော့တာပဲ။ ဟိုလူတွေကလည်း လာထား နှိပ်တာ မှ အသားကုန်။ ဖွတ်ကလိက ရတာကိုး။ လူများများရအောင် ကြော်ငြာမိတဲ့ ကုမ္ပဏီခမျာမတော့ တစ်ခါရှင်းရင် ကြော်ငြာစားရိတ်က တင် မျက်လုံးပြူးလောက်စရာ မျက်ဖြူဆိုက်လောက်စရာ အကျပ်ရိုက်ရတော့တာကိုး။ မူလကတော့ သူ့site လာကြည့်တဲ့သူ ၁၀၀ မှာ ၁ ယောက်လောက် ရောင်းရရင် အမြတ်ပဲ ဆိုပြီး ကြော်ငြာမိခါမှ လာကြည့်တဲ့သူ အယောက်တစ်သိန်း ဖြစ်လည်း ဘာမှ မရောင်းရတော့ မိအေး ၂ ခါ နာ ဒေဝါလီခံကိန်းဆိုက်။ နောက်ကွယ်ကနေ ဓါးနဲ့ ထိုးတဲ့ ပြိုင်ဘက်ကတော့ ဒူးလေးနှန့်လို့။
ဒါမျိုးလုပ်တာ india တစ်နိုင်ငံတည်းလား ဆိုတော့ မဟုတ်ဘူးတဲ့ဗျ။ အရှေ့ခြမ်း နိုင်ငံတွေ တော်တော်များများ လုပ်ကြတယ်တဲ့။
လုပ်ပုံလုပ်နည်း အသေးစိတ်လေး ပြောပြပါ့မယ်။ တစ်နည်းအားဖြင့် online ပေါ်က ပိုက်ဆံရှာနည်းလေးပါ။ နည်း (၂) မျိုး ရှိပါတယ်။
နည်း (၁)
၁။ ကိုယ်ပိုင် web site ဖြစ်ဖြစ် blog ဖြစ်ဖြစ် ထူထောင်လိုက်ပါ။ အဲဒီ site ကို လူများများ လာကြည့်အောင် လုပ်ပါ။ အောင်မြင်အောင်လုပ်ပါ။
၂။ paypal မှာ account တစ်ခု ဖွင့်ပါ။ paypal account က ဖွင့်ရတာလွယ်ပါတယ်။ မြန်မာပြည်ကနေဆိုရင်တော့ freedom လိုမျိုး tunneling software တစ်ခုကနေတစ်ဆင့် paypal ကိုချိတ်လိုက်ပါ။ ပြီးရင် sign up လုပ်လိုက်ပါ။ plan ၃ ခု ထဲက မှ premium plan ကို ရွေးလိုက်ပါ။ နောက်တစ်ဆင့် credit card ကို မေးရင် go to my account ဆိုတာကို နှိပ်လိုက်ပါ။ email ကနေ တစ်ဆင့် verification လုပ်လိုက်တာနဲ့paypal account တစ်ခု ရပါပြီ။
၂။ ပြီးရင် bidvertiser မှာ account တစ်ခုဖွင့်လိုက်ပါ။ အဲဒီက ရတဲ့ advertisement code ကို ကိုယ့် site မှာ တင်လိုက်ရင် လာကြည့်တဲ့သူ နှိပ်သမျှကို ကိုယ်က ရပါတယ်။ ရလာတဲ့ ပိုက်ဆံကို paypal မှာ ပြန်လွဲထားလိုက်ပေ့ါ။
နည်း (၂)
၁။ paypal မှာ account တစ်ခု ဖွင့်ပါ။ paypal account က ဖွင့်ရတာလွယ်ပါတယ်။ မြန်မာပြည်ကနေဆိုရင်တော့ freedom လိုမျိုး tunneling software တစ်ခုကနေတစ်ဆင့် paypal ကိုချိတ်လိုက်ပါ။ ပြီးရင် sign up လုပ်လိုက်ပါ။ plan ၃ ခု ထဲက မှ premium plan ကို ရွေးလိုက်ပါ။ နောက်တစ်ဆင့် credit card ကို မေးရင် go to my account ဆိုတာကို နှိပ်လိုက်ပါ။ email ကနေ တစ်ဆင့် verification လုပ်လိုက်တာနဲ့paypal account တစ်ခု ရပါပြီ။
၂။ ပိုက်ဆံပေးတဲ့ survey site တွေနဲ့ ချိတ်ထားဖို့လိုပါတယ်။ A.W surveys, socints, surveyhead စတာတွေကို သွားပြီး sign up လုပ် ပါ။ အဲဒီ site တွေက မေးသမျှ ပေါက်တတ်ကရ ဖြေပေးယုံနဲ့ သူတို့က ပိုက်ဆံတွေ ပေးပါတယ်။ ရလာတဲ့ ပိုက်ဆံတွေကို paypal account ထဲ ပြန်လွှဲလိုက်ပေါ့။
ဒီနည်း ၂ ခုလုံးမှာ ကိုယ်ပိုင် email လိုပါတယ်။ မောင်ဂုရု ကတော့ email account တစ်ခုကို gmail မှာ အသစ်ဖွင့်ပြီးမှ ဒီနည်းတွေကို စမ်းသပ်စေချင်ပါတယ်။ ဘာဖြစ်သေးလည်း မရေတော့လည်း အရင်း ရတော့လည်း အမြတ်ပေါ့။
Credits:
ဒီ blog လေး ရေးနိုင်ဖို့ ဝိုင်းဝန်းကူညီသူများဖြစ်တဲ့ minwe, wai wai hlaing, lego, Aung kk m, kyaw တို့ကို အထူးကျေးဇူးတင်ရှိပါတယ်။
@-by copyေ
နည်း (၁)
နည်း (၂)
Credits:
@-by copy
No comments:
Post a Comment
မင်္ဂလာပါ..