menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone Second ဝယ်မယ်ဆိုရင်

Unicode
iOS Device ကို တစ်ပါးသူလက်မှပြန်ဝယ်တော့မယ်ဆိုရင် စစ်ဆေးကြည့်ရမယ့်အချက်တွေတော်တော်များများရှိပါတယ်...

အောက်ပါအချက်အလက်များကို ငွေမချေမီ စစ်ဆေးပြီးမှသာ Second hand iOS Device များကိုဝယ်ယူစေလိုပါတယ်...
..
iCloud Activation Lock
.
~ ပထမဆုံးအရေးကြီးတာကတော့ iCloud Activation Lock Status Checker ကိုသွားရောက်ပြီးတော့ မိမိဝယ်ယူမယ့် Second Hand Devices ရဲ့ IMEI သို့မဟုတ် Serial number ကိုရေးထည့်ပြီး စစ်ဆေးဖို့လိုအပ်ပါမယ်... အဆိုပါ Link ကို Web နဲ့ Desktop Browser တွေကနေပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်....
.
*** IMEI number ကို Device ရဲ့ ကျောနောက်ဖက်အောက်ခြေ၊ Box နှင့် Settings App > General > About > IMEI စသည်တို့မှာ ကိုက်ညီမှုရှိ၊မရှိ စစ်ဆေးဖို့လဲ လိုအပ်ပါတယ် ***
..
..
Check Carrier Lock/SIM Lock
.
~ အချို့သောနိုင်ငံများမှာ Contract နဲ့ ဝယ်ယူထားတဲ့ iPhone များဟာဆိုရင် အဆိုပါဝယ်ယူထားတဲ့ Carrier SIM မှလွဲ၍ အခြားသော နိုင်ငံမှ SIM Card ထည့်သွင်းပြီးအသုံးပြုလို့မရပါဘူး...
.
*** အလွယ်ကူဆုံး စစ်ဆေးတဲ့နည်းကတော့ SIM Card ကိုထည့်ကြည့်လိုက်ပါ... Status Bar မှာ Network Name တွေ့ပြီး အသုံးပြုလို့ရတယ်ဆိုရင် Unlock ဖြစ်ပြီး "Insert a valid SIM card" ဟူသည့် Alert message တက်လာခဲ့ရင်တော့ Lock အလုံးဖြစ်ပါတယ် ***
..

..
Personal Data
.
~ ပြီးရင် အကြံပေးချင်တာကတော့ ရောင်းမယ့်သူရဲ့ Data တွေ Device ထဲမှာ မရှိနေစေဖို့အတွက်သေချာ၊မသေချာ စစ်ဆေးပါ...
Settings App > General > Reset > Erase All Content and Settings ကိုနှိပ်ပြီး ခနလောက်စောင့်ပေးလိုက်ပါ..
..
..
Check the Casing
.
~ Device ရဲ့ Casing မှာ အနာအဆာရှိမရှိစစ်ဆေးပါ . . . ဘာကြောင့်လဲဆိုတော့ သင်ဝယ်ရမယ့်ဈေးနဲ့ Device မှာ ထိခိုက်မှုတခုခုရှိနေခဲ့ရင် နစ်နာစေပါလိမ့်မယ်...
..
..
Accessories
.
~ Lighting Cable, Wall-plug နဲ့ Ear-piece တွေရဲ့သန့်ရှင်းမှု နဲ့ ကောင်းမွန်စွာအလုပ် လုပ်၊မလုပ် စစ်ဆေးပါ...
.
*** Portable charging device တခုခုယူဆောင်သွားကာ Lightning Cable အလုပ်လုပ်၊မလုပ်ကိုအလွယ်စစ်ဆေးနိုင်ပေမယ့် Wall-plug ကိုတော့ Plug မရှိရင် စစ်ဆေးဖို့လွယ်ကူမှာမဟုတ်ပါဘူး...
Wall-plug ကတော်ရုံနဲ့တော့မပျက်စီးနိုင်ပါဘူး..
Ear-piece ကိုစစ်ဆေးမယ်ဆိုရင် Device ဟာ Reset လုပ်ထားမှာဖြစ်တဲ့အတွက် Music App မှာသီချင်းရှိနေနိုင်မှာမဟုတ်ပါဘူး... အလွယ်ဆုံးနည်းကတော့ SoundCloud သိ့ုမဟုတ် YouTube ကို Safari App မှဝင်ရောက်ကာ တခုခုဖွင့်ကာ စမ်းနိုင်ပါတယ်...
Mic ကိုစစ်ဆေးဖို့နည်းလမ်းကတေ့ာ မိမိအသိ၊ သူငယ်ချင်းများဆီကို ဖုန်းခေါ်ခြင်းဖြင့် စမ်းသပ်နိုင်တဲ့အပြင် Siri နဲ့လဲစမ်းနိုင်ပါတယ် ***
..
..
Battery Life
.
~ Battery သက်တမ်းကိုတချက်စစ်ကြည့်ပါ .. Device ကို Sim card ထည့်ပြီး Activate လုပ်ကာ Cellular Data (3G/LTE/4G) ဖွင့်၊ Location Service ဖွင့်ပြီး ၅မိနစ် ၁၀မိနစ်ခန့်သုံးကာ စစ်ဆေးကြည့်ပါ... ပုံမှန်ထက်ပိုမိုလွန်ကဲစွာ Battery စားနေရင် ဝယ်ယူဖို့ ပြန်လည်သုံးသပ်သင့်ပါတယ်...
.
*** Battery မကောင်းတော့လို့ လဲမယ်ဆိုရင်လဲ ယနေ့အခါမှာတော့ ဆိုင်တော်တော်များများ Model အလိုက်ဈေးများနဲ့ ရှေးယခင်ကလို မရှားပါးတော့ပါဘူး ***
..
..
Liquid Damage
.
~ Water Damage ရှိမရှိစစ်ဆေးဖို့ကလဲ အရေးကြီးပါတယ်... Liquid Contact Indicators (LCI) လို့ခေါ်တဲ့ ရေထိ၊ရေဝင်ထားမှုကိုပြသပေးနိုင်တဲ့ Sticker type small indicator ဟာ iOS Devices တွေမှာ ပါဝင်ပါတယ်... ပုံမှန် LCI ဟာ အဖြူရောင်သာဖြစ်ပြီး Liquid Damage ထိထားတဲ့ Device ဆိုရင် အဆိုပါ LCI ဟာ အနီရောင်သို့ပြောင်းနေမှာဖြစ်ပါတယ်.. Liquid Damage ဖြစ်ထားတဲ့ Device တွေဟာ ဘယ်လောက်ကြာကြာ ရေထိ၊ ရေဝင်ထားလဲပေါ်မူတည်ပြီး ပျက်စီးမှုကိုဖြစ်ပေါ်စေပါတယ်...
.
Liquid Damage ဖြစ်ထားတယ်ဆိုရင် LCD (Screen) fault, Home Button Failure, Power Button Failure, Volume button Failure, Mute Button Failure, Power docks and pins damage, Short Circuit, Battery Failure, IC Power flow, Main Board component damage, Camera and Wifi chip damage တို့အပြင် အခြားသောအရာများလဲ ထိခိုက်စေနိုင်မယ်လို့ Apple မှ ရှင်းပြထားတာတွေ့ရပါတယ်...
.
*** Liquid Damage ဖြစ်ထားတဲ့ Device ကို Apple Service မှာ ပြန်လည်ပြုပြင်တဲ့အခါမှာတော့ ကျသင့်ငွေကို Customer ဖက်မှပေးချေရမှာဖြစ်ပါတယ်... AppleCare Protection Plan (APP) ရှိနေသည့်တိုင် Liquid Damage ဖြစ်ထားတယ်ဆိုရင်တော့ တာဝန်ယူမှာမဟုတ်ပါဘူး.. ပြုပြင်ပြီးတဲ့ Device များကိုတော့ LCI အသစ်ပြန်လည်တပ်ပေးလိုက်မှာဖြစ်ပြီး Apple Service မဟုတ်တဲ့ ပြင်ပမှ Phone Repair & Service များမှာတော့ LCI အသစ်ကိုပြန်လည်တပ်ပေးခြင်းရှိ၊မရှိသေချာစွာမသိပါ ***
.

 +++++++++++++++++++

NEXT...



iPhone second hand များ ဝယ်ယူမည်ဆိုလျင် စစ်ဆေးရမည့် အချက်များ

----------------------------------------

၁. phone ရဲ့ body ပိုင်းကို အရင် စစ်ဆေးပါ အပွန်း အစင်း အနာအဆာ body ဖြောင့်တန်းနေသလား ကွေးသေ လား အနာပါလျင်လည်း လွတ်ကျ ထားတာလား cover တပ် ထားလို့လား Power key / Volume key / vibrate key / စသည့် key များကို စစ်ဆေးပါ။

၂. sensor တွေ စစ်ဆေးရပါမယ် နား sensor အလုပ် လုပ်မလုပ် finger print sensor အလုပ် လုပ်မလုပ်။ (5s and later)

၃. charger ပေါက် အားသွင်း လျင် ဝင်မဝင် computer နဲ့ ချိတ်ဆက်ပြီတော့ detect သိမသိစစ်ရပါမယ် Earpod အပေါက် အလုပ် လုပ်မလုပ် နားကြပ်ထိုးပြီးစစ်ပါ။

၄. camera ပိုင်း စစ်ဆေးပါ camra သီး တည့်မတည့် Resolution ကြည်မကြည် flash မီးလင်းမလင်း စစ်ဆေးပါ။

၅. ပစ္စည်း မှန် မမှန် or body မှန် မမှန်စစ်ဆေးပါ setting >general > About ထဲက imei နဲ့ body နောက်ကျောဘက်မှာ ပါတဲ့ imei နဲ့ box မှာ ပါတယ် imei များ ထပ်တူဖြစ်နေရပါမည်။

၆. lcd ကောင်း မကောင်း ကြွမကြွ စစ်ဆေးပါ lcd မှာ အစစ်ပျောက်များ စစ်ဆေးပါ lcd ကို အနည်းငယ်ဖိ၍ flim ပြာနှင့် ကပ်မကပ်စစ်ဆေးပါ screen rotation ရမရ စစ်ဆေးပါ brightness အလင်းအမှောင်း စသည့်များ စစ်ဆေးပါ။

၇. touch ကောင်းမကောင်း စစ်ဆေးပါ app တစ်ခုကိုဖိလျပ် touch screen ရဲ့နေရာတိုင်း ကို ပွတ် ဆွဲပါ touch မကောင်းတဲ့နေရာဆို အဲဒီ app က ဆက်၍ ဆွဲလို့မရဘဲ နေခဲ့ပါလိမ့်မယ်။

၈. network ပိုင်းတွေစစ်ဆေးပါ wifi bluetooth cellular data 3g 2g gps location service Compass အလုပ် လုပ်မလုပ် စသည့် စနစ်များ။

၉. mic / ring speaker / နား speaker စသည့် အသံပိုင်းဆိုင် \ရာ အချက်အလက်များ စစ်ဆေးပါ။

၁၀. icloud ရှိမရှိစစ်ဆေးပါ www.icloud.com/activation မှာ imei ရိုက်ပြီးစစ်ဆေးပါ။ (icloud စစ်နည်းကတော့ အမျိုးမျိုးရှိပါတယ်)

၁၁. ဘယ်နိုင်ငံ export လဲ သိချင်ရင်တော့ Setting > general > about ထဲက model ဆိုတာတွေအောင် ရှာပါ နောက်ဆုံးက letters သုံးလုံကိုကြည့်ပါ ZP/A . ZA/A LL/A စသည့်တို့သည့် export နိုင်ငံများကိုသတ်မှတ်ထားသည် letters များဖြစ်သည်။

၁၂. battery အားစား မစား စစ်ပါ Battery % on ထားပြီ ဖုန်းကို 10 မိနစ်လောက်စောင်ပြီးကြည့် % ဘယ်လောက်လျော့သွားလည်းဆိုတာ။ မှတ်ချက်။ ။ စက်ပူမပူ စမ်းကြည့်ပါ။



==============

အကြောင်းကြောင်းကြောင့် တပါးသူသုံးစွဲပြီးသား iPhone တစ်လုံးကို ဝယ်ယူမည့် မိတ်ဆွေများအတွက် အဝယ်မမှားရလေအောင် မဝယ်ခင်စစ်ဆေးသင့်သည်များကို မျှဝေလိုက်ရပါတယ်။

IMEI Number စစ်ပါ။

=======

IMEI number ဆိုတာက Setting > General > IMEI ဆိုတဲ့နေရာမှာ ဂဏန်း 15 လုံးပါ။ SIM Card ထည့်တဲ့ အိမ်မှာလည်းပါပါတယ်။ Setting > General > IMEI နဲ့ SIM Tray မှာပါတဲ့ IMEI တူမတူ စစ်ပါ။ ဒါမှမဟုတ် *#06# ရိုက်၍ကြည့်ပါ။ တူညီမှုရှိမနေဘူးဆိုရင် Mother board လဲထားတာသော်လည်းကောင်း SIM tray လဲထားတာသော်လည်းကောင်းဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့ Setting က IMEI နဲ့ SIM tray က IMEI မတူရင် မဝယ်သင့်ပါဘူး။ Main board ပိုင်းပြုပြင်ထားတာဆို စိတ်မချရလို့ပါ။

(iPhone Xs, Xs Max, XR eSIM များတွင် First IMEI နှင့် Second IMEI ဆိုပြီး ၂ ခုရှိပါတယ်။ အဓိက ကြည့်ရမှာက First IMEI (*#06# ရိုက်၍ပေါ်လာသော IMEI) ပါ။)

Model Number စစ်ပါ။

============

မိမိတို့ဝယ်လိုက်တဲ့ iPhone ဟာ Original လား၊ Refurbished လား၊ Replacement လား သိဖို့လိုအပ်ပါတယ်။ Refurbished ဆိုတာ တစ်စုံတစ်ရာ ချွတ်ယွင်းချက်ရှိသော iPhone များကို Apple မှ ပြန်လည်ပြုပြင်၍ Warranty ဖြင့်ရောင်းချပေးသော iPhone များကိုခေါ်ပါတယ်။ Replacement ကတော့ Warranty ကာလအတွင်း ချွတ်ယွင်းချက်တစ်စုံတစ်ရာရှိသည့် iPhone များအစား အသစ်လဲပေးသော iPhone ကိုဆိုပါတယ်။ မိမိတို့ ဝယ်တော့မယ့် iPhone အဟောင်းဟာ အဟောင်းဆိုပေသော်ငြာလည်း Original အဟောင်းဖြစ်မယ်ဆိုရင်တော့ အသင့်တော်ဆုံးလို့ ဆိုနိုင်ပါတယ်။ ဘယ်လိုစစ်ဆေးမလဲဆိုတော့ Setting > General > Model မှာရှိတဲ့ number လေးများကို စစ်ပါ။ ဥပမာ - ME335LL/A ဆိုတာမျိုး ဂဏန်းလေးပါ။ ၎င်း ဂဏန်းလေးဟာ M နဲ့စရင် Original set ၊ F နဲ့စရင် Refurbished ၊ N နဲ့စရင်တော့ Replacement ပါ။

ဖွင့်ပြင်ထားခြင်းရှိ မရှိစစ်ပါ။

============

Mother board ပိုင်းဆိုင်ရာများ ပြုပြင်ထားသည့် iPhone အဟောင်းများဟာ သင့်အတွက် ပိုက်ဘောမိနိုင်ပါတယ်။ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ဗုံးတစ်လုံးလို ဘယ်အချိန်မှာထဖောက်မယ်မသိတဲ့ ရောဂါသယ်ကိုလင်တော်ထားရသလို ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင်ဝယ်တော့မယ့် iPhone ကို ဖွင့်ပြင်ဖူးထားခြင်းရှိ၊ မရှိသေချာစစ်ဆေးဖို့လိုအပ်ပါတယ်။ ဘယ်လိုစစ်ရမလဲဆို ဝက်အူခေါင်းလေးတွေဟာ အရာလေးတွေရှိလား၊ မှန်တွေက ဟနေလား စတဲ့အခြေအနလေးတွေကို သေသေချာချာလေး စစ်ပေးဖို့လိုပါတယ်။ အရာအယွင်းတစ်ခုခုရှိနေရင်တော့ ဖွင့်ထားထာဖြစ်ဖို့ သေချာသလောက်ပါပဲ။ ဒါပေမယ့် သတိထားရမှာလေးကတော့ တချို့က ဖွင့်ထားပေမယ့် သေသေသပ်သပ်နဲ့ပြန်တပ်ထားတယ်၊ ဝက်အူတွေကိုလည်း အသစ်လဲတပ်ပေးထားတယ်ဆိုရင်တော့ တော်တော်လေးကို စစ်ဆေးဖို့ ခက်လှပါတယ်။

ရေဝင်ထားခြင်း ရှိ/မရှိစစ်ပါ။

===============

အနည်းငယ်သော ရေ(သို့မဟုတ်)အရည်တမျိုးမျိုး ဝင်သွားခဲ့တာရှိရင် ကံကောင်းထောက်မစွာနဲ့ ဖုန်းရဲ့လုပ်ငန်းဆောင်တာတွေ ချက်ခြင်းထိခိုက်သွားတာမျိုး မတွေ့မြင်တာ ရှိတတ်ပါတယ်။ နောက်ပိုင်းကျရင်တော့ ဒီအကျိုးဆက်ကြောင့် အချိန်မရွေး error တက်နိုင်ချေရှိပါတယ်။ ဒါကြောင့် iPhone အဟောင်းဝယ်တော့မယ်ဆို ရေဝင်ထားခြင်း ရှိ/မရှိ မဝယ်ခင်ကတည်းက မေးမြန်းဖို့လိုသလို မိမိတို့ကိုယ်တိုင်လည်း စစ်ဆေးသင့်ပါတယ်။ ဘယ်လိုစစ်ကြည့်ရမလဲဆိုရင် SIM tray ထည့်သည့်အပေါက်အတွင်းပိုင်းမှာ Liquid Contact Indicator(LCI) လေးရှိပါတယ်။ အဲ့တာလေးကို ကြည့်ပြီး စစ်ပါ။ ၎င်း Indicator လေးဟာ အနီရောင်လေး ဖြစ်နေမယ်ဆိုရင်တော့ ရေဝင်ထားတာပါ။ ဒီလို iPhone ဆိုရင်တော့ မဝယ်ပါနဲ့။

Screen & Touch ကောင်းမကောင်း စစ်ပါ။

================

ဖုန်းရဲ့ Screen display ဟာ အနာအဆာကင်းရဲ့လား၊ ကောင်းကောင်းမွန်မွန်အလုပ်လုပ်ရဲ့လား စစ်ပါ။ Screen ပေါ်မှာ tempered glass ကပ်ထားရင် ခွာပြီးစစ်ပါ။ Screen ရဲ့ အရောင်တွေက မှန်ရဲ့လား၊ အလင်းပေါက်တာတွေ၊ အစင်းတွေ အစက်တွေရှိလား၊ စတာတွေသေချာစစ်ပါ။ နောက်ပြီး အလင်းအမှောင်ဟာ မှန်ရဲကလား။ အမည်းရောင် စစ်စစ် Screen နဲ့ အဖြူရောင်စစ်စစ်နောက်ခံတွေနဲ့စစ်ကြည့်ပါ။ ဒီ http://iphonedpt.awardspace.com မှာအလွယ်တကူစစ်နိုင်ပါတယ်။

Touch တွေဟာ ဆွဲလို့ကောင်းရဲ့လား။ 3D Touch ပါတဲ့ဖုန်းတွေဆို 3D Touch ရမရ စတာတွေ သေချာစစ်ပါ။ ဘယ်လိုစစ်ရမလဲဆိုတော့ AssistiveTouch အဝိုင်းလေးကို screen တလျောက်ဖိဆွဲရွေ့လျား၍ စစ်ဆေးကြည့်ပါ။

Finger Print ရမရ၊ FaceID ရမရစစ်ပါ။

===========

5s ကနေ 8 Plus ထိက Finger Print ပါပါတယ်။ iPhone X နဲ့အထက် iPhone တွေကတော့ Finger Print အစား FaceID ကိုသုံးပါတယ်။ သက်ဆိုင် iPhone model တွေမှာ Finger Print ရမရ၊ FaceID ရမရ စစ်ပါ။ မရရင် မဝယ်တာကောင်းပါတယ်။

Camera တွေစစ်ပါ။

===========

Camera ရဲ့ အရည်အသွေးတွေဟာ iPhone model တွေအလိုက် တူညီနေတာတော့မဟုတ်ပါဘူး။ သာမာန် စစ်ရိုးစစ်စဉ်များအတိုင်း camera တွေရိုက်ကြည့်ပါ။ ပုံထွက်တွေကို စစ်ကြည့်ပါ။ Camera ရိုက်တာဝါသနာ ပါသူတွေဆို ကျနော့်ထက်တောင် ပိုနားလည်နိုင်ပါတယ်။ iPhone 7 Plus, 8 Plus, X, XR, XS, XS Max စတာတွေဆို Portrait mode လည်းပါဝင်လို့ Portrait ရမရလည်း စစ်ဖို့လိုပါတယ်။

Camera Zoom ဆွဲတာဟာ အဆင်ပြေရဲ့လားလည်း စစ်ဖို့လိုပါတယ်။ Portrait ပါတဲ့ ဖုန်းတွေမှာတော့ Optical zoom နဲ့ digital zoom ၂ မျိုးရှိပါတယ်။ နောက်ပြီး Camera Flash မီး လင်းမလင်းလည်း စစ်ပါ။

Battery စွမ်းဆောင်ရည် အခြေအနေစစ်ပါ။

================

Battery စွမ်းရည် အခြေအနေစစ်ရတာက မလွယ်လှပါဘူး။ နာရီဝက်၊ တစ်နာရီလောက် အသုံးပြုပြီး လျော့ကျသွားတဲ့ Battery percentage အခြေအနေကြည့်ပြီးပဲ စစ်တာဟာ အကောင်းဆုံးပါပဲ။ တစ်နာရီလောက်ဖွင့်ပြီး မနားတမ်းသုံးကြည့်တာမှာ ၁၅% မှ ၂၅% လောက်ထိများ ဘက်ထရီလျော့သွားမယ်ဆို battery ရဲ့ Power က တော်တော်ကျနေပြီလို့ ဆိုနိုင်ပါတယ်။ နောက်ပြီး Battery ဟာ ပူလာသလားလည်း ဂရုစိုက်ပါ။

WiFi, Bluetooth, Hotspot, GPS တွေစစ်ပါ။

==================

WiFi, Bluetooth, Hotspot တွေပွင့်ရဲ့လား၊ GPS က သုံးလို့ရရဲ့လားတွေလည်း စစ်ဖို့လိုပါတယ်။ Setting မှာ WiFi, Bluetooth စတာတွေရှိပါတယ်။ GPS စစ်တာကတော့ Setting > Privacy > Location Service ကို ON ပြီးစစ်ကြည့်ပါ။ အလွယ်ကူဆုံး စစ်တာကတော့ location service မှာ facebook ကိုလည်း location access ပေးပြီး မိမိရောက်နေတဲ့ နေရာကို Check in ထောက်ကြည့်လိုက်ပါ။ ရတယ်ဆိုရင်တော့ GPS လည်းကောင်းပါတယ်။

Headphone တို့၊ Charging Ports တို့ကိုလည်းစစ်ပါ။

================

6 Plus ထိကတော့ Headphone ရော Charging Ports ရောပါပါတယ်။ 7 နဲ့အထက်ကတော့ Charging Ports တစ်ခုတည်းမှာပဲ အလုပ် ၂ ခုလုပ်ပါတယ်။ ၎င်း Ports တွေကို ကောင်းမကောင်း၊ နားကြပ်တပ်ပြီးစစ်ပါ။ အားသွင်းကြည့်၍လည်း စစ်ပါ။

Home Button တွေ Power Button တွေ Volume Up/Down Button တွေ စစ်ပါ။

=================

iPhone X နဲ့ အထက် iPhone တွေမှာတော့ Home Button ကပါမှာမဟုတ်ပါဘူး။ Button တွေအားလုံးကို ကောင်းကောင်းအလုပ်လုပ်ရဲ့လားလည်း သေချာစစ်ပါ။ ချောင်နေလား၊ လှူပ်နေလား၊ မာနေလား စတာတွေလည်း စစ်ပါ။

Speaker ကိုလည်း စစ်ပါ။

==========

Video ဖွင့်ပြီးသော်လည်းကောင်း သီချင်းတစ်ခုခုဖွင့်ပြီးသော်လည်းကောင်း အသံကိုစစ်ပါ။ ဖုန်းခေါ်၍လည်း စစ်ပါ။ ကိုယ့်ဘက်ကရော တခြားဘက်ကပါ ကောင်းကောင်းကြားမကြား သေချာစစ်ပါ။ နောက်ပြီး Viber, messenger တွေမှလည်း video calling လုပ်ပြီး အသံ အဆင်ပြေရဲ့လား စစ်ပါ။ Voice Recorder App ကိုဖွင့်ပြီး အသံဖမ်းကြည့်ပါ။ ပြီးရင် Play လုပ်ပြီး အသံစစ်ကြည့်ပါ။

Call quality လည်းစစ်ပါ။

==========

အပေါ်မှာ Speaker စစ်သလိုမျိုး ဖုန်းခေါ်၍စစ်ပါ။ ဖုန်းပြောဆိုတဲ့အခါ ဟိုဘက်ရော ဒီဘက်ပါ အသံက ကောင်းမကောင်း စစ်ပါ။ ဒါအပြင် ဖုန်းလိုင်းက ကောင်းစွာတက်ရဲ့လား စစ်ပါ။ ဖြစ်နိုင်လျှင် Myanmar ပြည်မှာ အသုံးပြုတဲ့SIM Card အစုံနဲ့ ထည့်၍ စစ်ပါ။

Body အနာအဆာ စစ်ပါ။

===========

ဒါတော့ လူတိုင်းစစ်ကြမယ်လို့ထင်ပါတယ်။ အပြင်ပန်းအခြေအနေက လန်းရဲ့လား၊ အနာအဆာကင်းရဲ့လား၊ Original body ဟုတ်ရဲ့လား စစ်သင့်ပါတယ်။ Original body ဟုတ် မဟုတ်ကတော့ ဖွင့်ထားတာရှိမရှိ ကြည့်ပြီး မေးသင့်ပါတယ်။ ဝက်အူခေါင်းလေးတွေမှာ အရာလေးတွေထင်နေတယ်၊ မှန်က အနည်းငယ်ဟနေတယ် .. စတဲ့အခြေအနေတွေကြည့်ပြီး ဖွင့်ထားခြင်း ရှိမရှိက ခန့်မှန်းကြည့်နိုင်ပါတယ်။

Warranty စစ်ပါ။

===========

သင်ဝယ်တော့မယ့် iPhone ဟာ အဟောင်းဆိုတော့လည်း Warranty က မရှိဖို့များမှာပါ။ ဒါပေမယ့် တချို့တွေက Warranty ဘယ်လောက်ကျန်သေးတယ် ဆိုပြီးပြောရောင်းကြတာရှိတတ်ပါတယ်။ ဒီလိုပြောရောင်းခဲ့ရင်တော့ Warranty စစ်ဖို့လိုပါတယ်။ ဘယ်လိုစစ်ရလဲဆိုရင် https://checkcoverage.apple.com/ သို့သွားပြီး imei ရိုက်ထည့်စစ်ဆေးရတာပါ။

Stolen လား၊ iCloud Lock လား၊ SIM Locked လား စစ်ပါ။

================

လိုရမယ်ရပြောတာပါ။ iCloud Locked ကျနေတဲ့ဖုန်းကတော့ ဖွင့်ပြီး စစ်လို့လည်းရမှာမဟုတ်ပါဘူး။ SIM Locked ကတော့ ဖွင့်လို့ရတယ်။ ဖုန်းလိုင်းမတက်တာပဲရှိပါမယ်။ iCloud ကျနေတယ်၊ ဖွင့်မရဘူး၊ လိုင်းမတက်ဘူး၊ ဖုန်းပြောလို့မရဘူးဆိုရင်တော့ ဘယ်သူမှဝယ်လိမ့်မယ်လို့ မထင်ပါဘူး။ ဒါပေမယ့် တချို့တွေရှိတတ်ပါတယ်။ iCloud ကျတာ၊ SIM Locked ကျတာ တွေက ဖြည်လိုက်လို့ရတယ်။ သိပ်မကုန်ပါဘူး။ ဒီလိုပြောရောင်းတဲ့သူတွေရှိတတ်ပါတယ်။ လုံးဝမဝယ်မိပါစေနဲ့။

iCloud Locked လား၊ SIM Locked လား၊ Stolen လား စတဲ့အခြေအနေတွေ သိနိုင်ဖို့အတွက် https://iunlocker.net/check_imei.php သို့သွားပြီး imei ရိုက်ထည့်၍ စစ်ဆေးနိုင်ပါတယ်။ ဒီလိုစစ်ဆေးကြည့်လိုက်တဲ့အခါမှ Stolen လား, SIM Locked လား, iCloud လား ဆိုတာကို ကွဲကွဲပြားပြားသိရမှာပါ။

Reset ဆောင်ရွက်ပါ။

=============

အားလုံး စစ်ဆေးလို့ အဆင်ပြေပြီဆို နောက်ဆုံးအနေနဲ့ ဆောင်ရွက်ရမှာကတော့ Erase All Content and Settings ဆိုပြီး ဖုန်းရဲ့ Setting အားလုံးကို Reset ချပစ်ပါ။ Setting > General > Erase All Content and Settings ပါ။

နောက်တစ်ကြိမ် ထပ်မံစစ်ဆေးပါ။

==============

Reset ချပြီးသွားလျှင်တော့ အပေါ်မှာဖော်ပြထားသည်များအတိုင်း နောက်တစ်ကြိမ် ထပ်မံစစ်ဆေးပါ။ နောက်တစ်ကြိမ် ထပ်မံစစ်ဆေးပြီးလို့ အဆင်ပြေပြီဆိုရင်တော့ ဝယ်လို့ရပါပြီ။

စစ်ဆေးရမည့်အပိုင်းများကို အကျဉ်းအနေဖြင့် ထပ်မံပြောပြပါ့မည်။

(1) IMEI Number စစ်ပါ။

(2) Model Number စစ်ပါ။

(3) ဖွင့်ပြင်ထားခြင်းရှိ မရှိစစ်ပါ။

(4) ရေဝင်ထားခြင်း ရှိ/မရှိစစ်ပါ။

(5) Screen & Touch ကောင်းမကောင်း စစ်ပါ။

(6) Finger Print ရမရ၊ FaceID ရမရစစ်ပါ။

(7) Camera တွေစစ်ပါ။

(8) Battery စွမ်းဆောင်ရည် အခြေအနေစစ်ပါ။

(9) WiFi, Bluetooth, Hotspot, GPS တွေစစ်ပါ။

(10) Headphone တို့၊ Charging Ports တို့ကိုလည်းစစ်ပါ။

(11) Home Button တွေ Power Button တွေ Volume Up/Down Button တွေ စစ်ပါ။

(12) Speaker ကိုလည်း စစ်ပါ။

(13) Call quality လည်းစစ်ပါ။

(14) Body အနာအဆာ စစ်ပါ။

(15) Reset ဆောင်ရွက်ပါ။

(16) ဒုတိယအကြိမ် ထပ်မံစစ်ဆေးပါ။



Next>>>

iPhone ဝယ်မည်ဆိုပါက စစ်ဆေးနည်းများ
*******************************
နည်းပညာများအား Share ပေးခြင်းဖြင့်ကူညီပါ။


iPhone ဝယ်မည်ဆိုပါကသိထားသင့်သောအရာ
👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻
1 - iPh တွင် Original ပါသော Clock App လေးကိုကြည့်ပါ စက္ကန့်တံလေးသွားနေရပါမည်(သံပါတ်နာရီများကဲ့သို့)။(Clone တချို့တွင် စက္ကန့်တံလေးသွားနေသော်လည်း သံပါတ်နာရီများကဲ့သို့ ဆက်တိုက်မဟုတ်ပဲ ဓာတ်ခဲနာရီကဲ့သို့ တစ်စက္ကန့်ချင်း ရပ်လိုက်သွားလိုက်သွားပါသည်)။

2 - မိမိဝယ်ယူမည့် iPh ထဲသို့ SIM card ထည့်ပြီး
" *#5005*7672# " ကိုဖုန်းခေါ်လိုက်ပါ Message Center No ပေါ်ရပါမည်။(Clone များမှာမပေါ်ပါ)

3 - *** iCloud (Find My iPhone) on ထားခြင်း ရှိမရှိစစ်ဆေးပါ *** iCloud ရှိမရှိစစ်ဆေးရန်အတွက်မိမိဝယ်ယူမည့် iPhone မှ imei နံပါတ်လိုအပ်ပါတယ် imei နံပါတ်ကို Dialer မှာ *#06# ကိုနှိပ်ပြီးကြည့်ပါ (သို့) Setting > General > About > imei ကိုကြည့်ပါ (imei နံပါတ် 15လုံးရှိပါသည်) ရရှိလာတဲ့ imei နံပါတ် 15လုံးကို ဒီလင့်လေးမှာ ရိုက်ထည့်ပါ > https://www.icloud.com/activationlock/

4 - မိမိဝယ်ယူမယ့် iPh ဟာ Official Unlocked (Sim Unlocked) (or) Sim Lockedလားသိဖို့လိုအပ်ပါတယ်

မိမိဝယ်ယူမယ့် iPh က Sim locked ဟုတ်မဟုတ်" imei နဲ့ " ဒီလင့်လေးကစစ်နိုင်ပါတယ် > http://imeidata.net/iphone/unlock-check

***Official Unlocked ဆိုရင်တော့ မည်သည့်နိုင်ငံက Simcard မဆိုအသုံးပြုနိုင်ပါတယ်

***Sim locked ဆိုရင်တော့ အဲ့ဒီ iPh ဝယ်ယူခဲ့တဲ့ နိုင်ငံက Simcard ဖြင့်သာအသုံးပြုနိုင်မှာပါ (Sim Locked ဖုန်းအလုံးတိုင်းမဟုတ်ပဲ တစ်ချို့Sim Lockedဖုန်းများကိုလည်း Gevey Sim လေးကြားခံထည့်ပြီးအခြားနိုင်ငံမှSimcard များအသုံးပြုနိုင်အောင်ပြုလုပ်နိုင်ပါတယ် (သို့) Online မှ Carrier ကိုလျော်ကြေးငွေပေးသွင်းပြီး Official Unlocked ဖြစ်သွားအောင်ပြုလုပ်နိုင်ပါတယ်)
1•App Store ကို ဝင်လိုက်၊ google account တောင်းနေရင် Clone ပါ၊
2•Music ကို ဝင်လိုက်၊ Sportify ဝင်ခိုင်းရင် Clone ပါ။
3•Home Button ကို ၂ ချက်ဆက်နှိပ်လိုက်၊ Multitasking လုပ်မရရင် Clone ပဲ။
4•Clock ကိုကြည့်လိုက်၊ နာရီလက်တံက Swipe မဟုတ်ရင် Clone ပဲ။
5• Home Page ကို ဖွင့်ပြီး Home Button လေးကို တို့ကြည့်လိုက်၊ Application Icons တွေ Screen ရဲ့ တဝက်လောက်ထိ အပေါ်တက်-
အောက်ဆင်း မလုပ်ဘူးဆိုရင် အဲ့ဒါ Clone ပဲ။

အဲ့လောက်စမ်းသပ်လိုက်ရင်ပဲအရမ်းသိသာနေပြီ။
ကျန်တဲ့နည်းလမ်းတွေလဲအများကြီးရှိပါသေးတယ်
Apple iPhone ဆိုပြီး App Store ကိုဝင်ဖို့ google account တောင်းနေတာ တစ်ခုနဲ့တင် Clone ဟုတ်မဟုတ် ခွဲခြားဖို့ 100% လုံလောက်နေပါပြီ။
Credit:::::မူရင်းပိုင်ရှင်




Zawgyi


iPhone second hand မ်ား ဝယ္ယူမည္ဆုိလ်င္ စစ္ေဆးရမည့္ အခ်က္မ်ား

----------------------------------------

၁. phone ရဲ႕ body ပုိင္းကုိ အရင္ စစ္ေဆးပါ အပြန္း အစင္း အနာအဆာ body ေၿဖာင့္တန္းေနသလား ေကြးေသ လား အနာပါလ်င္လည္း လြတ္က် ထားတာလား cover တပ္ ထားလုိ႔လား Power key / Volume key / vibrate key / စသည့္ key မ်ားကုိ စစ္ေဆးပါ။

၂. sensor ေတြ စစ္ေဆးရပါမယ္ နား sensor အလုပ္ လုပ္မလုပ္ finger print sensor အလုပ္ လုပ္မလုပ္။ (5s and later)

၃. charger ေပါက္ အားသြင္း လ်င္ ဝင္မဝင္ computer နဲ႔ ခ်ိတ္ဆက္ၿပီေတာ့ detect သိမသိစစ္ရပါမယ္ Earpod အေပါက္ အလုပ္ လုပ္မလုပ္ နားၾကပ္ထုိးၿပီးစစ္ပါ။

၄. camera ပုိင္း စစ္ေဆးပါ camra သီး တည့္မတည့္ Resolution ၾကည္မၾကည္ flash မီးလင္းမလင္း စစ္ေဆးပါ။

၅. ပစၥည္း မွန္ မမွန္ or body မွန္ မမွန္စစ္ေဆးပါ setting >general > About ထဲက imei နဲ႔ body ေနာက္ေက်ာဘက္မွာ ပါတဲ့ imei နဲ႔ box မွာ ပါတယ္ imei မ်ား ထပ္တူျဖစ္ေနရပါမည္။

၆. lcd ေကာင္း မေကာင္း ၾကြမၾကြ စစ္ေဆးပါ lcd မွာ အစစ္ေပ်ာက္မ်ား စစ္ေဆးပါ lcd ကုိ အနည္းငယ္ဖိ၍ flim ျပာႏွင့္ ကပ္မကပ္စစ္ေဆးပါ screen rotation ရမရ စစ္ေဆးပါ brightness အလင္းအေမွာင္း စသည့္မ်ား စစ္ေဆးပါ။

၇. touch ေကာင္းမေကာင္း စစ္ေဆးပါ app တစ္ခုကုိဖိလ်ပ္ touch screen ရဲ႕ေနရာတုိင္း ကုိ ပြတ္ ဆြဲပါ touch မေကာင္းတဲ့ေနရာဆုိ အဲဒီ app က ဆက္၍ ဆြဲလုိ႔မရဘဲ ေနခဲ့ပါလိမ့္မယ္။

၈. network ပုိင္းေတြစစ္ေဆးပါ wifi bluetooth cellular data 3g 2g gps location service Compass အလုပ္ လုပ္မလုပ္ စသည့္ စနစ္မ်ား။

၉. mic / ring speaker / နား speaker စသည့္ အသံပုိင္းဆုိင္ \ရာ အခ်က္အလက္မ်ား စစ္ေဆးပါ။

၁၀. icloud ရွိမရွိစစ္ေဆးပါ www.icloud.com/activation မွာ imei ရုိက္ၿပီးစစ္ေဆးပါ။ (icloud စစ္နည္းကေတာ့ အမ်ဳိးမ်ဳိးရွိပါတယ္)

၁၁. ဘယ္ႏုိင္ငံ export လဲ သိခ်င္ရင္ေတာ့ Setting > general > about ထဲက model ဆုိတာေတြေအာင္ ရွာပါ ေနာက္ဆုံးက letters သုံးလုံကုိၾကည့္ပါ ZP/A . ZA/A LL/A စသည့္တုိ႔သည့္ export ႏုိင္ငံမ်ားကုိသတ္မွတ္ထားသည္ letters မ်ားျဖစ္သည္။

၁၂. battery အားစား မစား စစ္ပါ Battery % on ထားၿပီ ဖုန္းကုိ 10 မိနစ္ေလာက္ေစာင္ၿပီးၾကည့္ % ဘယ္ေလာက္ေလ်ာ့သြားလည္းဆုိတာ။ မွတ္ခ်က္။ ။ စက္ပူမပူ စမ္းၾကည့္ပါ။



==============

အေၾကာင္းေၾကာင္းေၾကာင့္ တပါးသူသံုးစြဲၿပီးသား iPhone တစ္လံုးကို ဝယ္ယူမည့္ မိတ္ေဆြမ်ားအတြက္ အဝယ္မမွားရေလေအာင္ မဝယ္ခင္စစ္ေဆးသင့္သည္မ်ားကို မွ်ေဝလိုက္ရပါတယ္။

IMEI Number စစ္ပါ။

=======

IMEI number ဆိုတာက Setting > General > IMEI ဆိုတဲ့ေနရာမွာ ဂဏန္း 15 လံုးပါ။ SIM Card ထည့္တဲ့ အိမ္မွာလည္းပါပါတယ္။ Setting > General > IMEI နဲ႔ SIM Tray မွာပါတဲ့ IMEI တူမတူ စစ္ပါ။ ဒါမွမဟုတ္ *#06# ရိုက္၍ၾကည့္ပါ။ တူညီမွုရွိမေနဘူးဆိုရင္ Mother board လဲထားတာေသာ္လည္းေကာင္း SIM tray လဲထားတာေသာ္လည္းေကာင္းျဖစ္တတ္ပါတယ္။ အေကာင္းဆံုးကေတာ့ Setting က IMEI နဲ႔ SIM tray က IMEI မတူရင္ မဝယ္သင့္ပါဘူး။ Main board ပိုင္းျပဳျပင္ထားတာဆို စိတ္မခ်ရလို႔ပါ။

(iPhone Xs, Xs Max, XR eSIM မ်ားတြင္ First IMEI ႏွင့္ Second IMEI ဆိုၿပီး ၂ ခုရွိပါတယ္။ အဓိက ၾကည့္ရမွာက First IMEI (*#06# ရိုက္၍ေပၚလာေသာ IMEI) ပါ။)

Model Number စစ္ပါ။

============

မိမိတို႔ဝယ္လိုက္တဲ့ iPhone ဟာ Original လား၊ Refurbished လား၊ Replacement လား သိဖို႔လိုအပ္ပါတယ္။ Refurbished ဆိုတာ တစ္စံုတစ္ရာ ခြၽတ္ယြင္းခ်က္ရွိေသာ iPhone မ်ားကို Apple မွ ျပန္လည္ျပဳျပင္၍ Warranty ျဖင့္ေရာင္းခ်ေပးေသာ iPhone မ်ားကိုေခၚပါတယ္။ Replacement ကေတာ့ Warranty ကာလအတြင္း ခြၽတ္ယြင္းခ်က္တစ္စံုတစ္ရာရွိသည့္ iPhone မ်ားအစား အသစ္လဲေပးေသာ iPhone ကိုဆိုပါတယ္။ မိမိတို႔ ဝယ္ေတာ့မယ့္ iPhone အေဟာင္းဟာ အေဟာင္းဆိုေပေသာ္ျငာလည္း Original အေဟာင္းျဖစ္မယ္ဆိုရင္ေတာ့ အသင့္ေတာ္ဆံုးလို႔ ဆိုႏိုင္ပါတယ္။ ဘယ္လိုစစ္ေဆးမလဲဆိုေတာ့ Setting > General > Model မွာရွိတဲ့ number ေလးမ်ားကို စစ္ပါ။ ဥပမာ - ME335LL/A ဆိုတာမ်ိဳး ဂဏန္းေလးပါ။ ၎ ဂဏန္းေလးဟာ M နဲ႔စရင္ Original set ၊ F နဲ႔စရင္ Refurbished ၊ N နဲ႔စရင္ေတာ့ Replacement ပါ။

ဖြင့္ျပင္ထားျခင္းရွိ မရွိစစ္ပါ။

============

Mother board ပိုင္းဆိုင္ရာမ်ား ျပဳျပင္ထားသည့္ iPhone အေဟာင္းမ်ားဟာ သင့္အတြက္ ပိုက္ေဘာမိႏိုင္ပါတယ္။ အခ်ိန္မေရြးေပါက္ကြဲႏိုင္တဲ့ဗံုးတစ္လံုးလို ဘယ္အခ်ိန္မွာထေဖာက္မယ္မသိတဲ့ ေရာဂါသယ္ကိုလင္ေတာ္ထားရသလို ျဖစ္ေနႏိုင္ပါတယ္။ ဒါေၾကာင့္ သင္ဝယ္ေတာ့မယ့္ iPhone ကို ဖြင့္ျပင္ဖူးထားျခင္းရွိ၊ မရွိေသခ်ာစစ္ေဆးဖို႔လိုအပ္ပါတယ္။ ဘယ္လိုစစ္ရမလဲဆို ဝက္အူေခါင္းေလးေတြဟာ အရာေလးေတြရွိလား၊ မွန္ေတြက ဟေနလား စတဲ့အေျခအနေလးေတြကို ေသေသခ်ာခ်ာေလး စစ္ေပးဖို႔လိုပါတယ္။ အရာအယြင္းတစ္ခုခုရွိေနရင္ေတာ့ ဖြင့္ထားထာျဖစ္ဖို႔ ေသခ်ာသေလာက္ပါပဲ။ ဒါေပမယ့္ သတိထားရမွာေလးကေတာ့ တခ်ိဳ႕က ဖြင့္ထားေပမယ့္ ေသေသသပ္သပ္နဲ႔ျပန္တပ္ထားတယ္၊ ဝက္အူေတြကိုလည္း အသစ္လဲတပ္ေပးထားတယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလးကို စစ္ေဆးဖို႔ ခက္လွပါတယ္။

ေရဝင္ထားျခင္း ရွိ/မရွိစစ္ပါ။

===============

အနည္းငယ္ေသာ ေရ(သို႔မဟုတ္)အရည္တမ်ိဳးမ်ိဳး ဝင္သြားခဲ့တာရွိရင္ ကံေကာင္းေထာက္မစြာနဲ႔ ဖုန္းရဲ႕လုပ္ငန္းေဆာင္တာေတြ ခ်က္ျခင္းထိခိုက္သြားတာမ်ိဳး မေတြ႔ျမင္တာ ရွိတတ္ပါတယ္။ ေနာက္ပိုင္းက်ရင္ေတာ့ ဒီအက်ိဳးဆက္ေၾကာင့္ အခ်ိန္မေရြး error တက္ႏိုင္ေခ်ရွိပါတယ္။ ဒါေၾကာင့္ iPhone အေဟာင္းဝယ္ေတာ့မယ္ဆို ေရဝင္ထားျခင္း ရွိ/မရွိ မဝယ္ခင္ကတည္းက ေမးျမန္းဖို႔လိုသလို မိမိတို႔ကိုယ္တိုင္လည္း စစ္ေဆးသင့္ပါတယ္။ ဘယ္လိုစစ္ၾကည့္ရမလဲဆိုရင္ SIM tray ထည့္သည့္အေပါက္အတြင္းပိုင္းမွာ Liquid Contact Indicator(LCI) ေလးရွိပါတယ္။ အဲ့တာေလးကို ၾကည့္ၿပီး စစ္ပါ။ ၎ Indicator ေလးဟာ အနီေရာင္ေလး ျဖစ္ေနမယ္ဆိုရင္ေတာ့ ေရဝင္ထားတာပါ။ ဒီလို iPhone ဆိုရင္ေတာ့ မဝယ္ပါနဲ႔။

Screen & Touch ေကာင္းမေကာင္း စစ္ပါ။

================

ဖုန္းရဲ႕ Screen display ဟာ အနာအဆာကင္းရဲ႕လား၊ ေကာင္းေကာငး္မြန္မြန္အလုပ္လုပ္ရဲ႕လား စစ္ပါ။ Screen ေပၚမွာ tempered glass ကပ္ထားရင္ ခြာၿပီးစစ္ပါ။ Screen ရဲ႕ အေရာင္ေတြက မွန္ရဲ႕လား၊ အလင္းေပါက္တာေတြ၊ အစင္းေတြ အစက္ေတြရွိလား၊ စတာေတြေသခ်ာစစ္ပါ။ ေနာက္ၿပီး အလင္းအေမွာင္ဟာ မွန္ရဲကလား။ အမည္းေရာင္ စစ္စစ္ Screen နဲ႔ အျဖဴေရာင္စစ္စစ္ေနာက္ခံေတြနဲ႔စစ္ၾကည့္ပါ။ ဒီ http://iphonedpt.awardspace.com မွာအလြယ္တကူစစ္ႏိုင္ပါတယ္။

Touch ေတြဟာ ဆြဲလို႔ေကာင္းရဲ႕လား။ 3D Touch ပါတဲ့ဖုန္းေတြဆို 3D Touch ရမရ စတာေတြ ေသခ်ာစစ္ပါ။ ဘယ္လိုစစ္ရမလဲဆိုေတာ့ AssistiveTouch အဝိုင္းေလးကို screen တေလ်ာက္ဖိဆြဲေရြ႕လ်ား၍ စစ္ေဆးၾကည့္ပါ။

Finger Print ရမရ၊ FaceID ရမရစစ္ပါ။

===========

5s ကေန 8 Plus ထိက Finger Print ပါပါတယ္။ iPhone X နဲ႔အထက္ iPhone ေတြကေတာ့ Finger Print အစား FaceID ကိုသံုးပါတယ္။ သက္ဆိုင္ iPhone model ေတြမွာ Finger Print ရမရ၊ FaceID ရမရ စစ္ပါ။ မရရင္ မဝယ္တာေကာင္းပါတယ္။

Camera ေတြစစ္ပါ။

===========

Camera ရဲ႕ အရည္အေသြးေတြဟာ iPhone model ေတြအလုိက္ တူညီေနတာေတာ့မဟုတ္ပါဘူး။ သာမာန္ စစ္ရိုးစစ္စဥ္မ်ားအတိုင္း camera ေတြရိုက္ၾကည့္ပါ။ ပံုထြက္ေတြကို စစ္ၾကည့္ပါ။ Camera ရိုက္တာဝါသနာ ပါသူေတြဆို က်ေနာ့္ထက္ေတာင္ ပိုနားလည္ႏိုင္ပါတယ္။ iPhone 7 Plus, 8 Plus, X, XR, XS, XS Max စတာေတြဆို Portrait mode လည္းပါဝင္လို႔ Portrait ရမရလည္း စစ္ဖို႔လိုပါတယ္။

Camera Zoom ဆြဲတာဟာ အဆင္ေျပရဲ႕လားလည္း စစ္ဖို႔လိုပါတယ္။ Portrait ပါတဲ့ ဖုန္းေတြမွာေတာ့ Optical zoom နဲ႔ digital zoom ၂ မ်ိဳးရွိပါတယ္။ ေနာက္ၿပီး Camera Flash မီး လင္းမလင္းလည္း စစ္ပါ။

Battery စြမ္းေဆာင္ရည္ အေျခအေနစစ္ပါ။

================

Battery စြမ္းရည္ အေျခအေနစစ္ရတာက မလြယ္လွပါဘူး။ နာရီဝက္၊ တစ္နာရီေလာက္ အသံုးျပဳၿပီး ေလ်ာ့က်သြားတဲ့ Battery percentage အေျခအေနၾကည့္ၿပီးပဲ စစ္တာဟာ အေကာငး္ဆံုးပါပဲ။ တစ္နာရီေလာက္ဖြင့္ၿပီး မနားတမ္းသံုးၾကည့္တာမွာ ၁၅% မွ ၂၅% ေလာက္ထိမ်ား ဘက္ထရီေလ်ာ့သြားမယ္ဆို battery ရဲ႕ Power က ေတာ္ေတာ္က်ေနၿပီလို႔ ဆိုႏိုင္ပါတယ္။ ေနာက္ၿပီး Battery ဟာ ပူလာသလားလည္း ဂရုစိုက္ပါ။

WiFi, Bluetooth, Hotspot, GPS ေတြစစ္ပါ။

==================

WiFi, Bluetooth, Hotspot ေတြပြင့္ရဲ႕လား၊ GPS က သံုးလို႔ရရဲ႕လားေတြလည္း စစ္ဖို႔လိုပါတယ္။ Setting မွာ WiFi, Bluetooth စတာေတြရွိပါတယ္။ GPS စစ္တာကေတာ့ Setting > Privacy > Location Service ကို ON ၿပီးစစ္ၾကည့္ပါ။ အလြယ္ကူဆံုး စစ္တာကေတာ့ location service မွာ facebook ကိုလည္း location access ေပးၿပီး မိမိေရာက္ေနတဲ့ ေနရာကို Check in ေထာက္ၾကည့္လုိက္ပါ။ ရတယ္ဆိုရင္ေတာ့ GPS လည္းေကာင္းပါတယ္။

Headphone တို႔၊ Charging Ports တို႔ကိုလည္းစစ္ပါ။

================

6 Plus ထိကေတာ့ Headphone ေရာ Charging Ports ေရာပါပါတယ္။ 7 နဲ႔အထက္ကေတာ့ Charging Ports တစ္ခုတည္းမွာပဲ အလုပ္ ၂ ခုလုပ္ပါတယ္။ ၎ Ports ေတြကို ေကာင္းမေကာင္း၊ နားၾကပ္တပ္ၿပီးစစ္ပါ။ အားသြင္းၾကည့္၍လည္း စစ္ပါ။

Home Button ေတြ Power Button ေတြ Volume Up/Down Button ေတြ စစ္ပါ။

=================

iPhone X နဲ႔ အထက္ iPhone ေတြမွာေတာ့ Home Button ကပါမွာမဟုတ္ပါဘူး။ Button ေတြအားလံုးကို ေကာင္းေကာင္းအလုပ္လုပ္ရဲ႕လားလည္း ေသခ်ာစစ္ပါ။ ေခ်ာင္ေနလား၊ လႉပ္ေနလား၊ မာေနလား စတာေတြလည္း စစ္ပါ။

Speaker ကိုလည္း စစ္ပါ။

==========

Video ဖြင့္ၿပီးေသာ္လည္းေကာင္း သီခ်င္းတစ္ခုခုဖြင့္ၿပီးေသာ္လည္းေကာင္း အသံကိုစစ္ပါ။ ဖုန္းေခၚ၍လည္း စစ္ပါ။ ကိုယ့္ဘက္ကေရာ တျခားဘက္ကပါ ေကာင္းေကာင္းၾကားမၾကား ေသခ်ာစစ္ပါ။ ေနာက္ၿပီး Viber, messenger ေတြမွလည္း video calling လုပ္ၿပီး အသံ အဆင္ေျပရဲ႕လား စစ္ပါ။ Voice Recorder App ကိုဖြင့္ၿပီး အသံဖမ္းၾကည့္ပါ။ ၿပီးရင္ Play လုပ္ၿပီး အသံစစ္ၾကည့္ပါ။

Call quality လည္းစစ္ပါ။

==========

အေပၚမွာ Speaker စစ္သလိုမ်ိဳး ဖုန္းေခၚ၍စစ္ပါ။ ဖုန္းေျပာဆိုတဲ့အခါ ဟိုဘက္ေရာ ဒီဘက္ပါ အသံက ေကာင္းမေကာင္း စစ္ပါ။ ဒါအျပင္ ဖုန္းလိုင္းက ေကာင္းစြာတက္ရဲ႕လား စစ္ပါ။ ျဖစ္ႏုိင္လွ်င္ Myanmar ျပည္မွာ အသံုးျပဳတဲ ့SIM Card အစံုနဲ႔ ထည့္၍ စစ္ပါ။

Body အနာအဆာ စစ္ပါ။

===========

ဒါေတာ့ လူတိုင္းစစ္ၾကမယ္လို႔ထင္ပါတယ္။ အျပင္ပန္းအေျခအေနက လန္းရဲ႕လား၊ အနာအဆာကင္းရဲ႕လား၊ Original body ဟုတ္ရဲ႕လား စစ္သင့္ပါတယ္။ Original body ဟုတ္ မဟုတ္ကေတာ့ ဖြင့္ထားတာရွိမရွိ ၾကည့္ၿပီး ေမးသင့္ပါတယ္။ ဝက္အူေခါင္းေလးေတြမွာ အရာေလးေတြထင္ေနတယ္၊ မွန္က အနည္းငယ္ဟေနတယ္ .. စတဲ့အေျခအေနေတြၾကည့္ၿပီး ဖြင့္ထားျခင္း ရွိမရွိက ခန္႔မွန္းၾကည့္ႏိုင္ပါတယ္။

Warranty စစ္ပါ။

===========

သင္ဝယ္ေတာ့မယ့္ iPhone ဟာ အေဟာင္းဆိုေတာ့လည္း Warranty က မရွိဖို႔မ်ားမွာပါ။ ဒါေပမယ့္ တခ်ိဳ႔ေတြက Warranty ဘယ္ေလာက္က်န္ေသးတယ္ ဆိုၿပီးေျပာေရာင္းၾကတာရွိတတ္ပါတယ္။ ဒီလိုေျပာေရာင္းခဲ့ရင္ေတာ့ Warranty စစ္ဖို႔လိုပါတယ္။ ဘယ္လိုစစ္ရလဲဆိုရင္ https://checkcoverage.apple.com/ သို႔သြားၿပီး imei ရိုက္ထည့္စစ္ေဆးရတာပါ။

Stolen လား၊ iCloud Lock လား၊ SIM Locked လား စစ္ပါ။

================

လိုရမယ္ရေျပာတာပါ။ iCloud Locked က်ေနတဲ့ဖုန္းကေတာ့ ဖြင့္ၿပီး စစ္လို႔လည္းရမွာမဟုတ္ပါဘူး။ SIM Locked ကေတာ့ ဖြင့္လို႔ရတယ္။ ဖုန္းလိုင္းမတက္တာပဲရွိပါမယ္။ iCloud က်ေနတယ္၊ ဖြင့္မရဘူး၊ လိုင္းမတက္ဘူး၊ ဖုန္းေျပာလို႔မရဘူးဆိုရင္ေတာ့ ဘယ္သူမွဝယ္လိမ့္မယ္လို႔ မထင္ပါဘူး။ ဒါေပမယ့္ တခ်ိဳ႕ေတြရွိတတ္ပါတယ္။ iCloud က်တာ၊ SIM Locked က်တာ ေတြက ျဖည္လိုက္လို႔ရတယ္။ သိပ္မကုန္ပါဘူး။ ဒီလိုေျပာေရာင္းတဲ့သူေတြရွိတတ္ပါတယ္။ လံုးဝမဝယ္မိပါေစနဲ႔။

iCloud Locked လား၊ SIM Locked လား၊ Stolen လား စတဲ့အေျခအေနေတြ သိႏိုင္ဖို႔အတြက္ https://iunlocker.net/check_imei.php သို႔သြားၿပီး imei ရိုက္ထည့္၍ စစ္ေဆးႏိုင္ပါတယ္။ ဒီလိုစစ္ေဆးၾကည့္လိုက္တဲ့အခါမွ Stolen လား, SIM Locked လား, iCloud လား ဆိုတာကို ကြဲကြဲျပားျပားသိရမွာပါ။

Reset ေဆာင္ရြက္ပါ။

=============

အားလံုး စစ္ေဆးလို႔ အဆင္ေျပၿပီဆို ေနာက္ဆံုးအေနနဲ႔ ေဆာင္ရြက္ရမွာကေတာ့ Erase All Content and Settings ဆိုၿပီး ဖုန္းရဲ႕ Setting အားလံုးကို Reset ခ်ပစ္ပါ။ Setting > General > Erase All Content and Settings ပါ။

ေနာက္တစ္ႀကိမ္ ထပ္မံစစ္ေဆးပါ။

==============

Reset ခ်ၿပီးသြားလွ်င္ေတာ့ အေပၚမွာေဖာ္ျပထားသည္မ်ားအတိုင္း ေနာက္တစ္ႀကိမ္ ထပ္မံစစ္ေဆးပါ။ ေနာက္တစ္ႀကိမ္ ထပ္မံစစ္ေဆးၿပီးလို႔ အဆင္ေျပၿပီဆိုရင္ေတာ့ ဝယ္လို႔ရပါၿပီ။

စစ္ေဆးရမည့္အပိုင္းမ်ားကို အက်ဥ္းအေနျဖင့္ ထပ္မံေျပာျပပါ့မည္။

(1) IMEI Number စစ္ပါ။

(2) Model Number စစ္ပါ။

(3) ဖြင့္ျပင္ထားျခင္းရွိ မရွိစစ္ပါ။

(4) ေရဝင္ထားျခင္း ရွိ/မရွိစစ္ပါ။

(5) Screen & Touch ေကာင္းမေကာင္း စစ္ပါ။

(6) Finger Print ရမရ၊ FaceID ရမရစစ္ပါ။

(7) Camera ေတြစစ္ပါ။

(8) Battery စြမ္းေဆာင္ရည္ အေျခအေနစစ္ပါ။

(9) WiFi, Bluetooth, Hotspot, GPS ေတြစစ္ပါ။

(10) Headphone တို႔၊ Charging Ports တို႔ကိုလည္းစစ္ပါ။

(11) Home Button ေတြ Power Button ေတြ Volume Up/Down Button ေတြ စစ္ပါ။

(12) Speaker ကိုလည္း စစ္ပါ။

(13) Call quality လည္းစစ္ပါ။

(14) Body အနာအဆာ စစ္ပါ။

(15) Reset ေဆာင္ရြက္ပါ။

(16) ဒုတိယအႀကိမ္ ထပ္မံစစ္ေဆးပါ။

No comments:

Post a Comment

မင်္ဂလာပါ..