menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone Battery ကို Original မ/ဟုတ် စစ်နည်း


အကြောင်းကြောင်းကြောင့် သင့် iPhone ရဲ့ Battery လဲပြီးတဲ့အခါမှာ စစ်ဆေးသင့်သည့် အချက်လေးရှိပါတယ်။ ဘာတွေလဲဆို -တော့
• Original ဖြစ်ရဲ့လား
• Warranty ပေးရဲ့လား

တကယ်တော့ လဲပြီးတဲ့အခါမှာလည်း စစ်ဖို့လိုသလို မလဲခင်ကလည်းကြိုတင်မေးသင့်တဲ့ အချက်တွေပါ။
Battery တော့လဲပြီးပါပြီတဲ့၊ Third-party battery (Original မဟုတ်) တွေလဲမိမယ်ဆိုရင်တော့ သင့် iPhone မှာ Battery ကြောင့်ဖြစ်တတ်တဲ့ ပြဿနာတွေဟာ အချိန်မရွေးဖြစ်လာနိုင်ပါတယ်။ လဲပြီးသိပ်မကြာခင်မှာပဲ ယခင်လိုအားမခံတာတွေ၊ စက်ပူလာတာတွေ၊ ဘက်ထရီဖောင်းလာတာ စတဲ့ error တွေဖြစ်လာတတ်ပါတယ်။

Original battery ကိုလဲလှယ်မိမယ်ဆိုလျင်တော့ ဒီပြဿနာတွေက ကင်းနိုင်ပါတယ်။ ဒါကြောင့် မိမိတို့လဲလှယ်လိုက်သည့် battery ဟာ original ဖြစ်ဖို့က အရေးကြီးပါတယ်။ Original battery ဟုတ်/မဟုတ် စစ်ဆေးနိုင်သည့် နည်းလမ်းလေးရှိပါတယ်။ iOS 11.3 နဲ့အထက် တင်ထာသည့် iPhone 6 နှင့်အထက် iPhone များတွင် Battery Health ဆိုတဲ feature လေးပါလာပါတယ်။ Settings > Battery > Battery Health မှာပါ။ Battery အသစ်လဲပြီးတဲ့အခါမှာ ၎င်း Battery Health ရဲ့ Maximum Capacity တွင် 100% အပြည့်ပြသပါလိမ့်မယ်။ Third-party battery (original မဟုတ်သော) များတွင် Battery Health feature ပြသပေးမှာမဟုတ်ပဲ hide ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

ဒါကြောင့် Battery လဲပြီးတဲ့အခါ Original ဟုတ်/မဟုတ် Battery Health မှာစစ်ဆေးကြည့်ပါ။

နောက်တစ်ခုကတော့ Service ဆောင်ရွက်ပေးသူများဟာ မိမိတို့လဲပေးလိုက်သည့် Battery နဲ့ပါတ်သက်ပြီး အာမခံပေးရဲ့လားဆိုတာလည်း ထည့်တွက် စဉ်းစားဖို့လိုပါတယ်။ ဒါကတော့ မလဲခင်ကတည်းက စဉ်းစားကြလိမ့်မယ်လို့လည်း ထင်ပါတယ်။ အာမခံချက်ရှိသည့် Battery များကိုသာ လဲလှယ်ခြင်းအားဖြင့် မိမိတို့အတွက် ပိုမိုစိတ်ချလက်ချ ဖြစ်မှာအမှန်ပါပဲ။

Crd;;;;

အေၾကာင္းေၾကာင္းေၾကာင့္ သင့္ iPhone ရဲ႕ Battery လဲၿပီးတဲ့အခါမွာ စစ္ေဆးသင့္သည့္ အခ်က္ေလးရွိပါတယ္။ ဘာေတြလဲဆို -
• Original ျဖစ္ရဲ႕လား
• Warranty ေပးရဲ႕လား
တကယ္ေတာ့ လဲၿပီးတဲ့အခါမွာလည္း စစ္ဖို႔လိုသလို မလဲခင္ကလည္းႀကိဳတင္ေမးသင့္တဲ့ အခ်က္ေတြပါ။
Battery ေတာ့လဲၿပီးပါၿပီတဲ့၊ Third-party battery (Original မဟုတ္) ေတြလဲမိမယ္ဆိုရင္ေတာ့ သင့္ iPhone မွာ Battery ေၾကာင့္ျဖစ္တတ္တဲ့ ျပႆနာေတြဟာ အခ်ိန္မေရြးျဖစ္လာႏိုင္ပါတယ္။ လဲၿပီးသိပ္မၾကာခင္မွာပဲ ယခင္လိုအားမခံတာေတြ၊ စက္ပူလာတာေတြ၊ ဘက္ထရီေဖာင္းလာတာ စတဲ့ error ေတြျဖစ္လာတတ္ပါတယ္။
Original battery ကိုလဲလွယ္မိမယ္ဆိုလ်င္ေတာ့ ဒီျပႆနာေတြက ကင္းႏိုင္ပါတယ္။ ဒါေၾကာင့္ မိမိတို႔လဲလွယ္လိုက္သည့္ battery ဟာ original ျဖစ္ဖို႔က အေရးႀကီးပါတယ္။ Original battery ဟုတ္/မဟုတ္ စစ္ေဆးႏုိင္သည့္ နည္းလမ္းေလးရွိပါတယ္။ iOS 11.3 နဲ႔အထက္ တင္ထာသည့္ iPhone 6 ႏွင့္အထက္ iPhone မ်ားတြင္ Battery Health ဆိုတဲ feature ေလးပါလာပါတယ္။ Settings > Battery > Battery Health မွာပါ။ Battery အသစ္လဲၿပီးတဲ့အခါမွာ ၎ Battery Health ရဲ႕ Maximum Capacity တြင္ 100% အျပည့္ျပသပါလိမ့္မယ္။ Third-party battery (original မဟုတ္ေသာ) မ်ားတြင္ Battery Health feature ျပသေပးမွာမဟုတ္ပဲ hide ျဖစ္ေနတာကို ေတြ႔ရပါလိမ့္မယ္။
ဒါေၾကာင့္ Battery လဲၿပီးတဲ့အခါ Original ဟုတ္/မဟုတ္ Battery Health မွာစစ္ေဆးၾကည့္ပါ။
ေနာက္တစ္ခုကေတာ့ Service ေဆာင္ရြက္ေပးသူမ်ားဟာ မိမိတို႔လဲေပးလိုက္သည့္ Battery နဲ႔ပါတ္သက္ၿပီး အာမခံေပးရဲ႕လားဆိုတာလည္း ထည့္တြက္ စဥ္းစားဖို႔လိုပါတယ္။ ဒါကေတာ့ မလဲခင္ကတည္းက စဥ္းစားၾကလိမ့္မယ္လို႔လည္း ထင္ပါတယ္။ အာမခံခ်က္ရွိသည့္ Battery မ်ားကိုသာ လဲလွယ္ျခင္းအားျဖင့္ မိမိတို႔အတြက္ ပိုမိုစိတ္ခ်လက္ခ် ျဖစ္မွာအမွန္ပါပဲ။
Crd;;;;

No comments:

Post a Comment

မင်္ဂလာပါ..