menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

မသိသော ဖုန်း Call များ မဝင်အောင်


    Operator တွေကနေ ဖုန်းဆက်ပြီးကြော်ငြာဝင်တာမျိုး သင်ကြုံတွေ့ဖူးပါသလား။

ဒါမှမဟုတ် မိမိရဲ့ contact list မှာမရှိတဲ့ တစ်စိမ်းတွေရဲ့ phone call တွေကြောင့် အနှောက်အယှက်ဖြစ်ရတာမျိုးရော ကြုံဖူးလား။

တစ်ခါတစ်လေတော့လည်း အကြောင်းအမျိုးမျိုးကြောင့် မိမိသိတဲ့သူများမှလွဲပြီး တခြားတစိမ်းတွေနဲ့ ဖုန်းမပြောချင်တဲ့အချိန်အခါမျိုးတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးတွေကြုံလာရင်တော့ iPhone သုံးစွဲသူများအတွက် မိမိတို့ contact list မှာမရှိတဲ့သူတွေဆီက ဖုန်းခေါ်တာတွေကို block ပြုလုပ်ပေးမယ့် Block Unknown Caller ဆိုတဲ့ function လေးရှိပါတယ်။ ဒီ Function လေးကို အသုံးပြုမယ်ဆိုရင်တော့ သင်မသိတဲ့သူတွေဆီက phone call တွေကို အာရုံနောက်ခံပြီး လက်ခံစကားပြောနေဖို့ မလိုတော့ပါဘူး။

ဘယ်လိုလုပ်ရမလဲ -



    Setting > Do Not Disturb ကိုသွားပါ။
    Do Not Disturb ကို ON ပါ။
    SILENCE မှာ Always အမှန်ခြစ်ပေးထားပါ။
    Allow Call From ကို နှိပ်ပါ။
    All Contacts ကိုရွေးပါ။

ဒါဆိုရင်တော့ မိမိ contact list မှသူများကလွဲလို့ တခြားဖုန်းတွေကို အဝင်ခေါ်ဆိုမှု ပိတ်ပေးပါလိမ့်မည်။ ဒီနေရာမှာ မိမိဖုန်းလက်ခံပြောလိုတဲ့သူတွေကိုပဲ သီးသန့်ခွဲထားလို့ရပါသေးတယ်။ လက်ခံလိုတဲ့လူတွေကို Favorites အဖြစ် contact list မှာ ပြင်ဆင်ထားဖို့တော့လိုအပ်ပါတယ်။

မသိတဲ့ phone call တွေကို အလုလိုလက်မခံနိုင်အောင် ပြုလုပ်တာဟာ Do Not Disturb function ကိုအသုံးချဆောင်ရွက်တာပါ။ ဒီတော့ အခုလို setting လေးပြင်ပြီးတဲ့အခါ Do Not Disturb ကိုပဲ ON/OFF လုပ်ပြီး လိုအပ်တိုင်းအသုံးပြုနိုင်ပါတယ်။

Do Not Disturb ကို Control Center မှာထားပြီး အလွယ်တကူသုံးလို့ရပါတယ်။

    Control center မှာ လခြမ်းပုံ icon လေးကို လက်နဲ့ဖိနှိပ်လိုက်ပါ။
    ပေါ်လာတဲ့ဘောက်လေးမှာမှ For 1 hour တို့ Until this evening တို့ မိမိအဆင်ပြေရာရွေးပါ။ ဒီလိုမှမဟုတ်ရင်လည်း Schedule ကိုနှိပ်ပြီး ဘယ်အချိန်ကနေ ဘယ်အချိန်ဆိုပြီး သပ်မှတ်နိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🙏🙏


Operator ေတြကေန ဖုန္းဆက္ၿပီးေၾကာ္ျငာဝင္တာမ်ိဳး သင္ႀကဳံေတြ႕ဖူးပါသလား။
ဒါမွမဟုတ္ မိမိရဲ႕ contact list မွာမရွိတဲ့ တစ္စိမ္းေတြရဲ႕ phone call ေတြေၾကာင့္ အေႏွာက္အယွက္ျဖစ္ရတာမ်ိဳးေရာ ႀကဳံဖူးလား။
တစ္ခါတစ္ေလေတာ့လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိမိသိတဲ့သူမ်ားမွလြဲၿပီး တျခားတစိမ္းေတြနဲ႔ ဖုန္းမေျပာခ်င္တဲ့အခ်ိန္အခါမ်ိဳးေတြလည္း ရွိေကာင္းရွိႏိုင္ပါတယ္။
ဒီလိုအေျခအေနမ်ိဳးေတြႀကဳံလာရင္ေတာ့ iPhone သုံးစြဲသူမ်ားအတြက္ မိမိတို႔ contact list မွာမရွိတဲ့သူေတြဆီက ဖုန္းေခၚတာေတြကို block ျပဳလုပ္ေပးမယ့္ Block Unknown Caller ဆိုတဲ့ function ေလးရွိပါတယ္။ ဒီ Function ေလးကို အသုံးျပဳမယ္ဆိုရင္ေတာ့ သင္မသိတဲ့သူေတြဆီက phone call ေတြကို အာ႐ုံေနာက္ခံၿပီး လက္ခံစကားေျပာေနဖို႔ မလိုေတာ့ပါဘူး။
ဘယ္လိုလုပ္ရမလဲ -
  1. Setting > Do Not Disturb ကိုသြားပါ။
  2. Do Not Disturb ကို ON ပါ။
  3. SILENCE မွာ Always အမွန္ျခစ္ေပးထားပါ။
  4. Allow Call From ကို ႏွိပ္ပါ။
  5. All Contacts ကိုေ႐ြးပါ။


ဒါဆိုရင္ေတာ့ မိမိ contact list မွသူမ်ားကလြဲလို႔ တျခားဖုန္းေတြကို အဝင္ေခၚဆိုမႈ ပိတ္ေပးပါလိမ့္မည္။ ဒီေနရာမွာ မိမိဖုန္းလက္ခံေျပာလိုတဲ့သူေတြကိုပဲ သီးသန္႔ခြဲထားလို႔ရပါေသးတယ္။ လက္ခံလိုတဲ့လူေတြကို Favorites အျဖစ္ contact list မွာ ျပင္ဆင္ထားဖို႔ေတာ့လိုအပ္ပါတယ္။
မသိတဲ့ phone call ေတြကို အလုလိုလက္မခံႏိုင္ေအာင္ ျပဳလုပ္တာဟာ Do Not Disturb function ကိုအသုံးခ်ေဆာင္႐ြက္တာပါ။ ဒီေတာ့ အခုလို setting ေလးျပင္ၿပီးတဲ့အခါ Do Not Disturb ကိုပဲ ON/OFF လုပ္ၿပီး လိုအပ္တိုင္းအသုံးျပဳႏိုင္ပါတယ္။
Do Not Disturb ကို Control Center မွာထားၿပီး အလြယ္တကူသုံးလို႔ရပါတယ္။
  1. Control center မွာ လျခမ္းပုံ icon ေလးကို လက္နဲ႔ဖိႏွိပ္လိုက္ပါ။
  2. ေပၚလာတဲ့ေဘာက္ေလးမွာမွ For 1 hour တို႔ Until this evening တို႔ မိမိအဆင္ေျပရာေ႐ြးပါ။ ဒီလိုမွမဟုတ္ရင္လည္း Schedule ကိုႏွိပ္ၿပီး ဘယ္အခ်ိန္ကေန ဘယ္အခ်ိန္ဆိုၿပီး သပ္မွတ္ႏိုင္ပါတယ္။
႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ 🙏🙏🙏

No comments:

Post a Comment

မင်္ဂလာပါ..