menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

USB Stick Shortcut Virus Error ဖြေရှင်းနည်း

USB Stick Shortcut Virus Error ဖြေရှင်းနည်း
================================

#ဒီနေ့တော့ ကျွန်တော် Shortcut virus အကြောင်းလေးပြောပြပေးချင်ပါတယ်။ USB Stick အသုံးများတဲ့ ရုံး၊ သင်တန်းကျောင်း များ နှင့် မိတ္တူဆိုင် တော်တော်များများမှာ ဖြစ်နေတတ်တဲ့ Shortcut Virus
အကြောင်းလေးပြောပြပေးချင်ပါတယ်။
* Stick ထိုးလိုက်တာနဲ့ Data တွေ အားလုံးဟာ သုံးလို့မရတော့ဘဲ Shortcut တွေပဲဖြစ်သွားတတ်ပါတယ်။
* ( Shortcut Virus ရှိနေသော Stick အား အသုံးပြုမိသော ကွန်ပျူတာတိုင်းသည် Shortcut Virus လွယ်ကူစွာဝင်ရောက်သွားမည်ဖြစ်သည်။ ထို့ကြောင့် Shortcut Virus အားသတ်ပြီးမှသာလျှင် အသုံးပြုသင့်ပေသည်။ )
* ( Shortcut Virus ရှိနေသော Computer များအား မည်သည့် USB Stick ထိုးစေကာမူ Virus များတိုက်ရိုက်ဝင်ရောက်သွားမည်ဖြစ်သည်။ )
Shortcut Virus ကာကွယ်နည်း
( 1 ) Shortcut Virus ရှိနေသောစက်အား စိတ်ချရအောင် Data များအား Backup ယူပြီး Window အသစ်ပြန်တင်ပါ။
( မှတ်ချက်။ ။ တစ်ခါတစ်ရံ Shortcut Virus အား Bat File, Command Line ,Antivirus Softwrare များ နှင့် Full Scan ပေးထားသော်လည်း
ပြန်လည်ဝင်ရောက်နိုင်သောကြောင့် Window အသစ် ပြန်တင်ခြင်းဖြစ်ပါသည်။ )
( 2 ) Window အသစ်တင်ပြီးသည်နှင့် လိုအပ်သော Driver နှင့် Software များထည့်ပြီးပါက System Restore Point တစ်ခုခံထားပါ။
( မှတ်ချက်။ ။Shortcut Virus ရှိနေသော Stick ထဲမှ File များအား Double Click နှိပ်၍ ဖွင့်မိပါကShortcut Virus လွယ်ကူစွာ ဝင်ရောက်နိုင်သောကြောင့် Restore Point ခံထားခြင်းဖြစ်ပါသည်။ )
( 3 ) Window Key ကိုနှိပ်ပြီး Search Programs တွင် Autoplay ကိုရိုက်ထည့်ပါ ။ Autoplay Box ကျလာလျှင် Use Autoplay for all media and devices မှ အမှန်ဖြစ်ကို ဖြုတ်ပေးပြီး Save လုပ်ပါ။
( 4 ) Window + R ကို တွဲနှိပ်ပြီး Run Box ဖော်ပါ။ ကျလာသော Box ထဲတွင် gpedit.msc ကို နှိပ်ပါ။ ထို့နောက် Computer Configuration ထဲမှ Window Components ထဲမှ Autoplay polices ကို နှိပ်ပါ။ Turn off Autoplay ကို double click ပေးပြီး Enabled ပေးလိုက်ပါ ။
( Win+R >> Run >> gpedit.msc >> Computer Configuration >> Window Components >> Autoplay polices >> Turn off Autoplay >> Enabled
#User Configurationမှာလည်း အထက်ပါအတိုင်းလုပ်ဆောင်ပါ။
( 5 ) Virus ကို ကာကွယ်ပေးနိုင်မည့် Antivirus Software တစ်ခုခု ၊ ဥပမာ Smadav လိုမျိုး Software
တစ်ခုခုထည်းထားပြီး USB Disk Security Software နှင့် AutoRun Killer ကိုလည်း ထည်းထားပါ။ ဤအချက်များအားလုံးအား ဖြည့်စွက်ပြီးပါက Shortcut Virus အန္တာရာယ် မှ ကင်းဝေးသွားမည်ဖြစ်ပါသည်။
#Link Installer:
Smadav Pro Download : http://www.kfiles.life/search?q=Smadav
USB Disk Security Download: http://bit.ly/2LCciM0
AutoRun Killer Download: http://bit.ly/2sk0d5m

No comments:

Post a Comment

မင်္ဂလာပါ..