menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Computer အချက်လက်များ စစ်ဆေးနည်း


ကွန်ပျူတာစလေ့လာနေသူတွေအနေဖြင့် မိမိအသုံးပြုမယ့်

ကွန်ပျူတာက အထီးလား၊ အမလား သေသေချာချာကွဲပြားစွာ

သိရှိဖို့လိုအပ်ပါတယ်။ ကွန်ပျူတာအသစ်၊ Second ဝယ်မယ့်

သူတွေလည်း သူများအလိမ်မခံရအောင် ကွန်ပျူတာအခြေခံ

အကြောင်းတွေကို သိထားသင့်ပါတယ်။ ကွန်ပျူတာ System

Information တွေကို အလွယ်တကူကြည့်လို့ရတဲ့ နည်းတွေ

များစွာရှိပါတယ်။ ဒါပေမယ့် အဲ့ဒီလို အလွယ်တကူကြည့်လို့

ရတဲ့နည်းတွေက Registry မှာ ပြင်ထားနိုင်လို့မမှန်နိုင်ပါဘူး။

Registry ထဲမှာ စက်မော်ဒယ်၊BIOS စတာတွေကို ကြိုက်သလို

လူရှိန်သွားအောင် ပြင်ဆင်ထားရတယ်။ တစ်ချို့လူလိမ်တွေ

ဒီလိုမဟုတ်တာတွေ ပြင်ဆင်ပြီး လိမ်ရောင်းတဲ့သူတွေရှိတယ်နော်။

အဲ့ဒီတော့ စက်ရဲ့မှုရင်း System Information တွေကို

Cmd သုံးပြီး စစ်ကြည့်ရင် System Info အမှန်တွေကို

သိရှိနိုင်ပါတယ်။ CPU-Z ဆိုတဲ့ ဆော့ဝဲလ်သုံးရင်လည်း

အမှန်တွေ သိနိုင်ပါတယ်။ ကွန်ပျူတာအခြေခံ System

Information အကြောင်းတွေလေးကို သိရှိစေနိုင်ဖို့

Command Prompt (CMD) နဲ့စစ်ဆေးတဲ့ နည်းကို

ဖော်ပြပေးလိုက်ပါတယ်။

Windows Search box မှာ Cmd လို့ရိုက်ရှာပြီး ပေါ်လာရင်

cmd ကို Right Click နှိပ်၊ Run As Admin နဲ့ဖွင့်ပါ။ ပထမဆုံး

အနေဖြင့် System Information အကုန်လုံးကို ကြည့်ဖို့Prompt မှာ

systeminfo ကိုရိုက်ထည့်ကြည့်လိုက်ပါ။ အောက်က

ပုံမှာပြထားသလိုပဲ ကွန်ပျူတာ System Information

အကုန်လုံးကို တွေ့ရပါမယ်။ ဒီနည်းနဲ့System Info

တွေကို ကြည့်လို့ရတယ်ဆိုပေမယ့် Registry မှာ ပြင်ဆင်

ထားတယ်ဆိုရင်တော့ ပြင်ဆင်ထားတဲ့အတိုင်းပဲ ပေါ်မှာပါ။

မယုံရင်တော့ Registry မှာ System Information တွေကို

RAM 32 GB, i7th,8 Gen, HDD 2TB, Graphic 32 GB

စသည်ဖြင့် ပြင်ဆင်ထားကြည့်ပြီး Cmd မှာ ပြန်စစ်ကြည့်ပါ။

အဲ့ဒါကြောင့် မိမိကွန်ပျူတာ System Information တွေကို

အမှန်ကန်သိလို့ရအောင် အောက်ဖော်ပြပါနည်းတွေနဲ့

တစ်ခုချင်း ပြန်စစ်ဆေးကြည့်ရအောင်။

ကွန်ပျူတာ Operation System နဲ့ပတ်သက်တဲ့

အချက်လက်တွေကို စစ်ဆေးချင်တယ်ဆိုရင် အောက်ပါ

Command ကို သေချာရိုက်ထည့်ပေးပါ။

systeminfo | findstr “OS Name”

Windows OS နဲ့ပတ်သက်တဲ့ အချက်လက်တွေကို

တွေ့ရပါမယ်။ နောက်ပြီးတော့ အသုံးပြုနေတဲ့ OS က

တရားဝင်လိုင်စင်နဲ့သုံးတာလား၊ ခိုးသုံး(Crack)လုပ်ပြီး

သုံးတာလား သိဖို့အောက်ပါ command ရိုက်ထည့်ပေးပါ။

slmgr -dli

တကယ်လို့ Windows Script ကို Disable လုပ်ထားတယ်

ပြလာရင် Anti-Virus ဆော့ဝဲလ်မှာ Script ကို Enable ပေး၊

Services မှာလည်း Enable ပေးထားပြီး slmgr –dli ကို

ပြန်ရိုက်ထည့်ကြည့်ပါ။ Windows OS Activation နဲ့

ပတ်သက်တာတွေ တွေ့ရပါမယ်။

Windows Operation System ကို စစ်ဆေးပြီးသွားပြီဆိုရင်

CPU ကို စစ်ကြည့်ပါမယ်။ အောက်ပါ command ကို ရိုက်ထည့်ပါ။

wmic cpu list full | findstr “Name”

အဲ့ဒါဆိုရင် CPU ကို ဘယ်ကုမ္မဏီကထုတ်ထားတယ်။

ဘယ်မော်ဒယ် ဖြစ်တယ်ဆိုတာတွေကို တွေ့ရပါမယ်။

အခုအသုံးပြုနေရင်း CPU ဘယ်လောက် အမြန်နှုန်းနဲ့

အလုပ်လုပ်နေသလဲကြည့်ဖို့အောက်ပါ command ကို ရိုက်ထည့်ပါ။

Wmic cpu get loadpercentage /format:value

Hard Disk ကို စစ်ဆေးချင်ရင် အောက်က command ကို ရိုက်ထည့်ပါ။

wmic diskdrive get size

ဒီ command က HDD ရဲ့ ပမာဏ GB ကို ဖော်ပြပါမယ်။

cmd မှာတော့ Size ကို Byte နဲ့ပဲပြပါတယ်။ Hard Disk မှာ

Partition ဘယ်နှစ်ခုရှိလဲ စစ်ဆေးဖို့အောက်က command ကို

ရိုက်ထည့်ပါ။

wmic diskdrive get Partitions

Partitions ဘယ်နှစ်ပိုင်း ရှိမှန်းတော့သိသွားပြီး ဒါပေမယ့် Drive

Letter တွေကို မသိသေးဘူးဆိုရင် အောက်က command ရိုက်ထည့်ပါ။

fsutil fsinfo drives

အခု Partitions တွေ့ရဲ့ Drive Letter တွေကို သိသွားပြီဆိုတော့

ဒီ partitions တွေ ဘယ်လောက် Size လဲ၊ Free Space ဘယ်လောက်

ကျန်သေးလဲ စတာတွေကို သိရှိဖို့အောက်က command ကိုရိုက်ထည့်ပါ။

Fsutil volume diskfree <Partition Drive Letter:>

Hard Disk ကို စစ်ဆေးပြီးသွားရင် RAM ကို စစ်ဆေးပါမယ်။

RAM အချက်လက်တွေအကြောင်းစုံကို သိချင်ရင် အောက်က

Command တွေကို တစ်ခုပြီး တစ်ခုရိုက်ထည့်စစ်ကြည့်ပါ။

Wmic memorychip list full | findstr “Manufacture”

Wmic memorychip list full | findstr “Capacity”

Wmic memorychip list full | findstr “Speed”

Wmic os get freephysicalmemory /format:value

Graphic ကို စစ်ဆေးဖို့အောက်ပါ command တွေကို ရိုက်ထည့်ပါ။

Wmic PATH Win32_videocontroller GET description

Wmic PATH Win32_videocontroller GET adapterRAM

BIOS Info တွေကို စစ်ဆေးချင်ရင် အောက်ပါ command ကိုထည့်ပါ။

Systeminfo | findstr “BIOS”

Motherboard ကို စစ်ဆေးဖို့အောက်ပါ command ကို ရိုက်ထည့်ပါ။

Wmic baseboard list full | findstr “Manufacture”

Wmic baseboard list full | findstr “Product”

ကွန်ပျူတာမှာ Install လုပ်ထားတဲ့ Drive Drivers တွေ ဘယ်နှစ်ခုရှိလဲ၊

ဘာတွေလဲ၊ Update လုပ်ဖို့လိုအပ်သလား စတာတွေကို စစ်ဆေးဖို့

အောက်ပါ command ကို ရိုက်ထည့်ပါ။

driverquery /fo “table”

driverquery /fo “list”

driverquery /fo csv

အပေါ်မှာ ဖော်ပြခဲ့တဲ့နည်းလမ်းတွေနဲ့ အခုလောက်ဆိုရင်

System Information တွေကို သေချာစစ်ဆေးနိုင်ပါပြီ။

Cmd နဲ့စစ်ဆေးလို့ရတဲ့ တစ်ခြားနည်းလမ်းများစွာရှိပါသေးတယ်။

သိပ်မအားလို့ဖြစ်သလိုသာ ရေးသားထားပါသည်။ 😇👨‍💻😃

Tech Core Computer Training Center Mandalay

ကြန္ပ်ဴတာစေလ့လာေနသူေတြအေနျဖင့္ မိမိအသုံးျပဳမယ့္
ကြန္ပ်ဴတာက အထီးလား၊ အမလား ေသေသခ်ာခ်ာကြဲျပားစြာ
သိရွိဖို ့လိုအပ္ပါတယ္။ ကြန္ပ်ဴတာအသစ္၊ Second ဝယ္မယ့္
သူေတြလည္း သူမ်ားအလိမ္မခံရေအာင္ ကြန္ပ်ဴတာအေျခခံ
အေၾကာင္းေတြကို သိထားသင့္ပါတယ္။ ကြန္ပ်ဴတာ System
Information ေတြကို အလြယ္တကူၾကည့္လို ့ရတဲ့ နည္းေတြ
မ်ားစြာရွိပါတယ္။ ဒါေပမယ့္ အဲ့ဒီလို အလြယ္တကူၾကည့္လို ့
ရတဲ့နည္းေတြက Registry မွာ ျပင္ထားႏုိင္လုိ ့မမွန္ႏိုင္ပါဘူး။
Registry ထဲမွာ စက္ေမာ္ဒယ္၊BIOS စတာေတြကို ၾကိဳက္သလို
လူရွိန္သြားေအာင္ ျပင္ဆင္ထားရတယ္။ တစ္ခ်ိဳ ့လူလိမ္ေတြ
ဒီလိုမဟုတ္တာေတြ ျပင္ဆင္ျပီး လိမ္ေရာင္းတဲ့သူေတြရွိတယ္ေနာ္။
အဲ့ဒီေတာ့ စက္ရဲ ့မႈရင္း System Information ေတြကို
Cmd သုံးျပီး စစ္ၾကည့္ရင္ System Info အမွန္ေတြကို
သိရွိႏိုင္ပါတယ္။ CPU-Z ဆိုတဲ့ ေဆာ့ဝဲလ္သုံးရင္လည္း
အမွန္ေတြ သိႏိုင္ပါတယ္။ ကြန္ပ်ဴတာအေျခခံ System
Information အေၾကာင္းေတြေလးကို သိရွိေစႏိုင္ဖို ့
Command Prompt (CMD) နဲ ့စစ္ေဆးတဲ့ နည္းကို
ေဖာ္ျပေပးလိုက္ပါတယ္။
Windows Search box မွာ Cmd လို ့ရိုက္ရွာျပီး ေပၚလာရင္
cmd ကို Right Click ႏွိပ္၊ Run As Admin နဲ ့ဖြင့္ပါ။ ပထမဆုံး
အေနျဖင့္ System Information အကုန္လုံးကို ၾကည့္ဖို ့Prompt မွာ
systeminfo ကိုရိုက္ထည့္ၾကည့္လိုက္ပါ။ ေအာက္က
ပုံမွာျပထားသလိုပဲ ကြန္ပ်ဴတာ System Information
အကုန္လုံးကို ေတြ ့ရပါမယ္။ ဒီနည္းနဲ ့System Info
ေတြကို ၾကည့္လုိ ့ရတယ္ဆိုေပမယ့္ Registry မွာ ျပင္ဆင္
ထားတယ္ဆိုရင္ေတာ့ ျပင္ဆင္ထားတဲ့အတိုင္းပဲ ေပၚမွာပါ။
မယုံရင္ေတာ့ Registry မွာ System Information ေတြကို
RAM 32 GB, i7th,8 Gen, HDD 2TB, Graphic 32 GB
စသည္ျဖင့္ ျပင္ဆင္ထားၾကည့္ျပီး Cmd မွာ ျပန္စစ္ၾကည့္ပါ။
အဲ့ဒါေၾကာင့္ မိမိကြန္ပ်ဴတာ System Information ေတြကို
အမွန္ကန္သိလုိ ့ရေအာင္ ေအာက္ေဖာ္ျပပါနည္းေတြနဲ ့
တစ္ခုခ်င္း ျပန္စစ္ေဆးၾကည့္ရေအာင္။
ကြန္ပ်ဴတာ Operation System နဲ ့ပတ္သက္တဲ့
အခ်က္လက္ေတြကို စစ္ေဆးခ်င္တယ္ဆိုရင္ ေအာက္ပါ
Command ကို ေသခ်ာရိုက္ထည့္ေပးပါ။
systeminfo | findstr “OS Name”
Windows OS နဲ ့ပတ္သက္တဲ့ အခ်က္လက္ေတြကို
ေတြ ့ရပါမယ္။ ေနာက္ျပီးေတာ့ အသုံးျပဳေနတဲ့ OS က
တရားဝင္လိုင္စင္နဲ ့သုံးတာလား၊ ခုိးသုံး(Crack)လုပ္ျပီး
သုံးတာလား သိဖို ့ေအာက္ပါ command ရိုက္ထည့္ေပးပါ။
slmgr -dli
တကယ္လို ့ Windows Script ကို Disable လုပ္ထားတယ္
ျပလာရင္ Anti-Virus ေဆာ့ဝဲလ္မွာ Script ကို Enable ေပး၊
Services မွာလည္း Enable ေပးထားျပီး slmgr –dli ကို
ျပန္ရိုက္ထည့္ၾကည့္ပါ။ Windows OS Activation နဲ ့
ပတ္သက္တာေတြ ေတြ ့ရပါမယ္။
Windows Operation System ကို စစ္ေဆးျပီးသြားျပီဆိုရင္
CPU ကို စစ္ၾကည့္ပါမယ္။ ေအာက္ပါ command ကို ရိုက္ထည့္ပါ။
wmic cpu list full | findstr “Name”
အဲ့ဒါဆိုရင္ CPU ကို ဘယ္ကုမၼဏီကထုတ္ထားတယ္။
ဘယ္ေမာ္ဒယ္ ျဖစ္တယ္ဆိုတာေတြကို ေတြ ့ရပါမယ္။
အခုအသုံးျပဳေနရင္း CPU ဘယ္ေလာက္ အျမန္ႏႈန္းနဲ ့
အလုပ္လုပ္ေနသလဲၾကည့္ဖို ့ေအာက္ပါ command ကို ရိုက္ထည့္ပါ။
Wmic cpu get loadpercentage /format:value
Hard Disk ကုိ စစ္ေဆးခ်င္ရင္ ေအာက္က command ကို ရိုက္ထည့္ပါ။
wmic diskdrive get size
ဒီ command က HDD ရဲ ့ ပမာဏ GB ကုိ ေဖာ္ျပပါမယ္။
cmd မွာေတာ့ Size ကုိ Byte နဲ ့ပဲျပပါတယ္။ Hard Disk မွာ
Partition ဘယ္ႏွစ္ခုရွိလဲ စစ္ေဆးဖို ့ေအာက္က command ကို
ရိုက္ထည့္ပါ။
wmic diskdrive get Partitions
Partitions ဘယ္ႏွစ္ပိုင္း ရွိမွန္းေတာ့သိသြားျပီး ဒါေပမယ့္ Drive
Letter ေတြကို မသိေသးဘူးဆိုရင္ ေအာက္က command ရိုက္ထည့္ပါ။
fsutil fsinfo drives
အခု Partitions ေတြ ့ရဲ ့ Drive Letter ေတြကုိ သိသြားျပီဆိုေတာ့
ဒီ partitions ေတြ ဘယ္ေလာက္ Size လဲ၊ Free Space ဘယ္ေလာက္
က်န္ေသးလဲ စတာေတြကို သိရွိဖို ့ေအာက္က command ကိုရိုက္ထည့္ပါ။
Fsutil volume diskfree <Partition Drive Letter:>
Hard Disk ကုိ စစ္ေဆးျပီးသြားရင္ RAM ကုိ စစ္ေဆးပါမယ္။
RAM အခ်က္လက္ေတြအေၾကာင္းစုံကို သိခ်င္ရင္ ေအာက္က
Command ေတြကုိ တစ္ခုျပီး တစ္ခုရိုက္ထည့္စစ္ၾကည့္ပါ။
Wmic memorychip list full | findstr “Manufacture”
Wmic memorychip list full | findstr “Capacity”
Wmic memorychip list full | findstr “Speed”
Wmic os get freephysicalmemory /format:value
Graphic ကို စစ္ေဆးဖို ့ေအာက္ပါ command ေတြကို ရိုက္ထည့္ပါ။
Wmic PATH Win32_videocontroller GET description
Wmic PATH Win32_videocontroller GET adapterRAM
BIOS Info ေတြကုိ စစ္ေဆးခ်င္ရင္ ေအာက္ပါ command ကိုထည့္ပါ။
Systeminfo | findstr “BIOS”
Motherboard ကုိ စစ္ေဆးဖို ့ေအာက္ပါ command ကုိ ရိုက္ထည့္ပါ။
Wmic baseboard list full | findstr “Manufacture”
Wmic baseboard list full | findstr “Product”
ကြန္ပ်ဴတာမွာ Install လုပ္ထားတဲ့ Drive Drivers ေတြ ဘယ္ႏွစ္ခုရွိလဲ၊
ဘာေတြလဲ၊ Update လုပ္ဖို ့လိုအပ္သလား စတာေတြကို စစ္ေဆးဖုိ ့
ေအာက္ပါ command ကို ရိုက္ထည့္ပါ။
driverquery /fo “table”
driverquery /fo “list”
driverquery /fo csv
အေပၚမွာ ေဖာ္ျပခဲ့တဲ့နည္းလမ္းေတြနဲ ့ အခုေလာက္ဆိုရင္
System Information ေတြကို ေသခ်ာစစ္ေဆးႏိုင္ပါျပီ။
Cmd နဲ ့စစ္ေဆးလို ့ရတဲ့ တစ္ျခားနည္းလမ္းမ်ားစြာရွိပါေသးတယ္။
သိပ္မအားလို ့ျဖစ္သလိုသာ ေရးသားထားပါသည္။ 😇👨‍💻😃
Tech Core Computer Training Center Mandalay

No comments:

Post a Comment

မင်္ဂလာပါ..