menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iCloud Photo အကြောင်း


iCloud Photo အကြောင်း
iCloud Photo မှာပါဝင်တဲ့ Photo Library တို့ My Photo Stream တို့ဟာ ဘယ်လိုကွာခြားမှူရှိလဲ။ ဘယ်လိုအသုံးပြုသင့်လဲ။



ဘယ်သူတွေ အသုံးပြုသင့်လဲဆိုတာ သိထားသင့်တာလေးတွေရှိပါတယ်။

Apple Device သုံးစွဲသူများအနေနဲ့ မိမိတို့ရဲ့ Apple ID ကိုအသုံးပြုပြီး iCloud မှာ Contact တွေသိမ်းထားမယ်၊ Photo တွေသိမ်းထားမယ်၊ Note တွေသိမ်းထားမယ်။

အဲ့လို iCloud မှာ သိမ်းထားခြင်းဖြင့် မိမိရဲ့ Photo တွေ Contact တွေဟာ မိမိရဲ့ Device ပျောက်သွား ပျက်သွားရင်တောင် ဒီ data တွေက မပျောက်တော့ဘူးပေါ့။

iCloud မှာ Photo တွေသိမ်းတာနဲ့ ပါတ်သက်ပြီး သိထားသင့်တာလေးတွေရှိပါတယ်။

Setting > Apple ID > iCloud > Photo သွားမယ်ဆိုရင် iCloud Photo Library, Upload to My Photo Stream, iCloud Photo Sharing ဆိုတောတွေ တွေ့ရမှာပါ။

iCloud photo ကိုသုံးမယ်ဆိုရင်တော့ ဒီ function လေးတွေရဲ့အကြောင်းလည်း သိထားဖို့လိုအပ်ပါတယ်။

iCloud Photo Library

===================

iCloud Photo Library ဟာ သင့်ရဲ့ Photos, Videos ရှိရှိသမျှ အားလုံးကို iCloud Storage ဆန့်သလောက် သိမ်းပေးပါတယ်။

iCloud Storage ရှိသလောက် အားလုံးသိမ်းပေးတဲ့သဘောပါ။

iCloud Photo Library ကို On ထားမယ်ဆိုရင်တော့ ရှိသမျှ Photos, Videos တွေအကုန်သိမ်းပေးမှာပါ။

ဒီမှာလည်း Optimize iPhone Storage နဲ့ Download and Keep Originals ဆိုတာရှိပါသေးတယ်။

Optimize iPhone Storage က မူရင်း File ကိုသိမ်းရာမှာ မူလ Quality အတိုင်းပုံစံမပျက်ပဲ iCloud ပေါ်ကိုတော့ သိမ်းပါတယ်။

ဒါပေမယ့် မိမိရဲ့ Device ပေါ်သိမ်းတဲ့ file ကိုတော့ Device ရဲ့ Storage အခြေအနေပေါ်မူတည်ပြီးပဲ သိမ်းပါတယ်။

ဆိုလိုတာက မိမိရဲ့ device ဟာ storage နည်းနေတယ်ဆိုရင် iCloud ပေါ်မှာတော့ မူလ Quality အတိုင်းသိမ်းပြီး device အတွင်းမှာတော့ Quality လျော့သိမ်းပေးတာမျိုးလုပ်ပေးတာပါ။

ဒီလိုအခြေအနေမျိုးဆိုရင်တော့ device ထဲမှာရှိနေတဲ့ quality လျှော့ပြီး သိမ်းပေးတာဖြစ်လို့ internet မဖွင့်ပဲ ကြည့်မယ်ဆိုရင် photo တွေဟာ ဝါးတားတားဖြစ်နေတာဟာ ဒီသဘောရှိပါတယ်။

မူလ Quality အတိုင်း ကြည့်ချင်တယ်ဆိုရင်တော့ internet လေး ဖွင့်ပြီးမှပဲ ကြည့်ပါ။

Download and Keep Originals ကတော့ device ပေါ်မှာသိမ်းတာရော၊ iCloud ပေါ်မှာသိမ်းတာရော မူလ Quality အတိုင်းပဲ သိမ်းပေးပါတယ်။

device storage နည်းပါးတဲ့သူတွေအတွက်တော့ ဒီ function ကိုမသုံးပဲ Optimize iPhone Storage ကိုပဲ အမှန်ခြစ်ပေးထားတာက ပိုသင့်တော်မှာပါ။

Upload to My Photo Stream

=================

သူကလည်း photo အသစ်တွေကို internet ချိတ်ထားရင်တော့ iCloud ပေါ် အလိုအလျှောက်တင်ပေးပါတယ်။

ဒါပေမယ့် သူက ရက် (၃၀)အတွင်း ရိုက်တဲ့ပုံတွေပဲ သိမ်းပေးတာပါ။

နောက်ပြီး ပုံ 1000 အထိပဲ သိမ်းပေးပါတယ်။

ဒီ feature ကို ဘယ်သူတွေ သုံးသင့်လဲဆိုရင် iCloud Storage မဝယ်ယူလိုတဲ့သူတွေ၊ iCloud ပေါ်မှာ ခဏတဖြုတ်ပဲ(ရက် ၃၀ အတွင်းပဲ) ပုံတွေကို သိမ်းလိုတဲ့သူတွေ သုံးသင့်ပါတယ်။

ဒီ Function ဟာ ၎င်း iCloud နဲ့ချိတ်ဆက်ထားရင် iPhone, iPad, iPod touch, Mac အစရှိတဲ့ Apple Devices များကနေ ကြည့်နိုင်ပါတယ်။

iCloud Photo Sharing

==================

ဒီ function ကတော့ Apple ID ကိုသုံးပြီး iCloud မှတဆင့် photo တွေကို အလွယ်တကူ Share ပြုလုပ်ပါမယ်။ iCloud အချင်းချင်း over the internet ကနေ share တာဖြစ်တဲ့အတွက် internet ရတဲ့ မည်သည့်နေရာမဆို Share နိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🙏

iCloud Photo အေၾကာင္း
===================
iCloud Photo မွာပါဝင္တဲ့ Photo Library တို႔ My Photo Stream တို႔ဟာ ဘယ္လိုကြာျခားမႉရွိလဲ။ ဘယ္လိုအသံုးျပဳသင့္လဲ။
ဘယ္သူေတြ အသံုးျပဳသင့္လဲဆိုတာ သိထားသင့္တာေလးေတြရွိပါတယ္။
Apple Device သံုးစြဲသူမ်ားအေနနဲ႔ မိမိတို႔ရဲ႕ Apple ID ကိုအသံုးျပဳၿပီး iCloud မွာ Contact ေတြသိမ္းထားမယ္၊ Photo ေတြသိမ္းထားမယ္၊ Note ေတြသိမ္းထားမယ္။
အဲ့လို iCloud မွာ သိမ္းထားျခင္းျဖင့္ မိမိရဲ႕ Photo ေတြ Contact ေတြဟာ မိမိရဲ႕ Device ေပ်ာက္သြား ပ်က္သြားရင္ေတာင္ ဒီ data ေတြက မေပ်ာက္ေတာ့ဘူးေပါ့။
iCloud မွာ Photo ေတြသိမ္းတာနဲ႔ ပါတ္သက္ၿပီး သိထားသင့္တာေလးေတြရွိပါတယ္။
Setting > Apple ID > iCloud > Photo သြားမယ္ဆိုရင္ iCloud Photo Library, Upload to My Photo Stream, iCloud Photo Sharing ဆိုေတာေတြ ေတြ႔ရမွာပါ။
iCloud photo ကိုသံုးမယ္ဆိုရင္ေတာ့ ဒီ function ေလးေတြရဲ႕အေၾကာင္းလည္း သိထားဖို႔လိုအပ္ပါတယ္။
iCloud Photo Library
===================
iCloud Photo Library ဟာ သင့္ရဲ႕ Photos, Videos ရွိရွိသမွ် အားလံုးကို iCloud Storage ဆန္႔သေလာက္ သိမ္းေပးပါတယ္။
iCloud Storage ရွိသေလာက္ အားလံုးသိမ္းေပးတဲ့သေဘာပါ။
iCloud Photo Library ကို On ထားမယ္ဆိုရင္ေတာ့ ရွိသမွ် Photos, Videos ေတြအကုန္သိမ္းေပးမွာပါ။
ဒီမွာလည္း Optimize iPhone Storage နဲ႔ Download and Keep Originals ဆိုတာရွိပါေသးတယ္။
Optimize iPhone Storage က မူရင္း File ကိုသိမ္းရာမွာ မူလ Quality အတုိင္းပံုစံမပ်က္ပဲ iCloud ေပၚကိုေတာ့ သိမ္းပါတယ္။
ဒါေပမယ့္ မိမိရဲ႕ Device ေပၚသိမ္းတဲ့ file ကိုေတာ့ Device ရဲ႕ Storage အေျခအေနေပၚမူတည္ၿပီးပဲ သိမ္းပါတယ္။
ဆိုလိုတာက မိမိရဲ႕ device ဟာ storage နည္းေနတယ္ဆိုရင္ iCloud ေပၚမွာေတာ့ မူလ Quality အတိုင္းသိမ္းၿပီး device အတြင္းမွာေတာ့ Quality ေလ်ာ့သိမ္းေပးတာမ်ိဳးလုပ္ေပးတာပါ။
ဒီလိုအေျခအေနမ်ိဳးဆိုရင္ေတာ့ device ထဲမွာရွိေနတဲ့ quality ေလွ်ာ့ၿပီး သိမ္းေပးတာျဖစ္လို႔ internet မဖြင့္ပဲ ၾကည့္မယ္ဆိုရင္ photo ေတြဟာ ဝါးတားတားျဖစ္ေနတာဟာ ဒီသေဘာရွိပါတယ္။
မူလ Quality အတုိင္း ၾကည့္ခ်င္တယ္ဆိုရင္ေတာ့ internet ေလး ဖြင့္ၿပီးမွပဲ ၾကည့္ပါ။
Download and Keep Originals ကေတာ့ device ေပၚမွာသိမ္းတာေရာ၊ iCloud ေပၚမွာသိမ္းတာေရာ မူလ Quality အတိုင္းပဲ သိမ္းေပးပါတယ္။
device storage နည္းပါးတဲ့သူေတြအတြက္ေတာ့ ဒီ function ကိုမသံုးပဲ Optimize iPhone Storage ကိုပဲ အမွန္ျခစ္ေပးထားတာက ပိုသင့္ေတာ္မွာပါ။
Upload to My Photo Stream
=================
သူကလည္း photo အသစ္ေတြကို internet ခ်ိတ္ထားရင္ေတာ့ iCloud ေပၚ အလိုအေလွ်ာက္တင္ေပးပါတယ္။
ဒါေပမယ့္ သူက ရက္ (၃၀)အတြင္း ရိုက္တဲ့ပံုေတြပဲ သိမ္းေပးတာပါ။
ေနာက္ၿပီး ပံု 1000 အထိပဲ သိမ္းေပးပါတယ္။
ဒီ feature ကို ဘယ္သူေတြ သံုးသင့္လဲဆိုရင္ iCloud Storage မဝယ္ယူလိုတဲ့သူေတြ၊ iCloud ေပၚမွာ ခဏတျဖဳတ္ပဲ(ရက္ ၃၀ အတြင္းပဲ) ပံုေတြကို သိမ္းလိုတဲ့သူေတြ သံုးသင့္ပါတယ္။
ဒီ Function ဟာ ၎ iCloud နဲ႔ခ်ိတ္ဆက္ထားရင္ iPhone, iPad, iPod touch, Mac အစရွိတဲ့ Apple Devices မ်ားကေန ၾကည့္ႏိုင္ပါတယ္။
iCloud Photo Sharing
==================
ဒီ function ကေတာ့ Apple ID ကိုသံုးၿပီး iCloud မွတဆင့္ photo ေတြကို အလြယ္တကူ Share ျပဳလုပ္ပါမယ္။ iCloud အခ်င္းခ်င္း over the internet ကေန share တာျဖစ္တဲ့အတြက္ internet ရတဲ့ မည္သည့္ေနရာမဆို Share ႏုိင္ပါတယ္။
ရႊင္လန္းခ်မ္းေျမ့ၾကပါေစ 🙏🙏

No comments:

Post a Comment

မင်္ဂလာပါ..