menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Harddisk ကျန်းမာရေးစစ်ဆေးနည်း
Harddisk ကျန်းမာရေးစစ်ဆေးနည်း 👨💻
ကွန်ပျူတာတွေမှာထည့်ထားသမျှ Data တွေကို
အဓိကသိမ်းဆည်းထားတဲ့ Harddisk (HDD) ကို
ကျန်းမာရေးစစ်ဆေးပေးဖို့လိုအပ်ပါတယ်။ HDD
ထဲမှာ သိမ်းထားသမျှ Data တွေဟာ Harddisk ရဲ့ 
Sector ဆိုတဲ့ အပိုင်း၊အခန်းလေးတွေမှာ သိမ်းဆည်း
ထားတာဖြစ်ပါတယ်။ ကွန်ပျူတာကို အသုံးပြုတာ
ကြာလာလို့အပူတွေတက်လာတဲ့အချိန်၊အကြောင်း
တစ်ခုခုကြောင့် Data သိမ်းဆည်းလို့မရတော့တဲ့
အပိုင်းများ(bad sector) ဖြစ်သွားတတ်ပါတယ်။
HDD မှာ Bad Sector တွေ များလာပြီဆိုရင်တော့
HDD ကျန်းမာရေးအခြေအနေသိပ်မကောင်း
ဖြစ်လာတတ်ပြီး နောက်ဆုံး Data တွေဆုံးရှုံး
ပျက်စီးသွားတတ်ပါတယ်။ HDD Space တွေ
နေရာလွတ်မကျန်တာတွေဖြစ်သွားတတ်ပါတယ်။
ကွန်ပျူတာအသစ်ဝယ်တာပဲဖြစ်ဖြစ်၊ လက်ရှိ
အသုံးပြုနေတဲ့ ကွန်ပျူတာမှာဖြစ်ဖြစ် HDD ရဲ့
ကျန်းမာရေးကို စစ်ဆေးပေးဖို့လိုအပ်ပါတယ်။
HDD Bad Sector တွေနဲ့ တစ်ခြား HDD Error
တွေကို စစ်ဆေးချင်တယ်၊ပြဿနာဖြစ်နေရင်
ပြန်လည်ကောင်းမွန်လာအောင်ပြုလုပ်ချင်တယ်
ဆိုရင် Cmd ကို Admin Right နဲ့ဖွင့်လိုက်ပါ။ 
Cmd မှာ chkdsk ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။
HDD Partition Size များရင် များသလောက် 
စစ်ဆေးတဲ့ အချိန်ကြာနိုင်ပါတယ်။ chkdsk
Command က HDD Partition အားလုံးကို
စစ်ဆေးပေးသွားမှာပါ။ တကယ်လို့Partiton
တစ်ပိုင်းတည်းကိုပဲ စစ်ဆေးချင်တယ်ဆိုရင်
chkdsk D:\ စသည်ဖြင့် ရိုက်ထည့်ပေးရမယ်။
ပြဿနာဖြစ်နေတဲ့ အပိုင်း၊ bad Sector ကို
စစ်ဆေးတဲ့အချိန်မှာ တစ်ခါတည်း ပြန်လည်
ပြုပြင်စေလိုတယ်ဆိုရင် chkdsk /f ကို ရိုက်
ထည့်ပေးရပါမယ်။ /f ဆိုတာက HDD ရဲ့
Error များကို Fix လုပ်၊ပြုပြင်ပေးတာကို
ဆိုလိုပါတယ်။ chkdsk d: /f /r /x နဲ့လည်း
စစ်ဆေးနိုင်ပါတယ်။ကွန်ပျူတာအသုံးပြုနေတဲ့
အချိန်တွေမှာ နောက်ကွယ်ကနေ HDD ရဲ့ 
ကျန်းမာရေးကို စစ်ဆေးပေးနေစေချင်ရင်
Smart Report နဲ့စစ်ဆေးပေးနိုင်တယ်။
Smart Report ဆိုတာက (Self Monitoring
Anaysis Reporting Tool) လို့ခေါ်ပါတယ်။
ကွန်ပျူတာအသစ်၊ HDD အသစ်ဝယ်ယူတဲ့
အခါတွေမှာလည်း ဒီ Smart Report နဲ့
စစ်ဆေးပေးပြီးမှ ဝယ်ယူသင့်ပါတယ်။
Smart Report နဲ့ HDD ကျန်းမာရေး
စစ်ဆေးချင်ရင် cmd မှာ အောက်ပါ
command ကို ရိုက်ထည့်လိုက်ပါ။
wmic diskdrive get status
Status က OK ဆိုရင် HDD 
ကျန်းမာရေးအခြေနေကောင်းပါတယ်။
အောင်သူရဝင်း(NetComplus)Harddisk ကျန်းမာရေးစစ်ဆေးနည်း 👨💻
ပျက်စီးသွားတတ်ပါတယ်။ HDD Space တွေ
စစ်ဆေးပေးသွားမှာပါ။ တကယ်လို့ Partiton
ထည့်ပေးရပါမယ်။ /f ဆိုတာက HDD ရဲ့ 
ဆိုလိုပါတယ်။ chkdsk d: /f /r /x နဲ့ လည်း
Status က OK ဆိုရင် HDD 
အောင်သူရဝင်း(NetComplus)
1 comment:
မင်္ဂလာပါ..