menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

AI ဆိုတာဘာလဲ



AI ဆိုတာဘာလဲ
++++++
Artificial Intelligence ( AI ) ဆိုတာအလိုအလျောက် သင်ယူလေ့လာနိုင်အောင်ရေးဆွဲထားသော ကွန်ပျူတာ program တစ်ခုဖြစ်တယ်။ AI ကို Machine learning Algorithm တွေသုံးပြီး Deep Learning စနစ်နဲ့ သင်ယူနိုင်အောင်ရေးဆွဲထားတယ်လို့ အကြမ်းသဘောပြောနိုင်ပါတယ်။ လူသားတွေမှာ စဉ်းစားတွေးခေါ်နိုင်တဲ့ ဦးနှောက်ရှိသလို AI ကိုလည်း Computer brain လို့ပဲပြောရမှာပါ။ AI က အလိုအလျောက် သင်ယူနိုင်တယ်ဆိုပေမယ့် အချို ့အရာတွေ ( ဥပမာ စစ်တုရင်ကစားခြင်း၊ ဂိမ်းကစားခြင်း) စတဲ့အရာတွေကို လူသားတွေက လေ့ကျင့်ပေးရပါသေးတယ်။ ဒါပေမယ့် AI ကိုလေ့ကျင့်သင်ကြားပြီးသွားရင်တော့ လူသားတွေလုပ်ထာထက် အလွန်ကောင်းမွန်တဲ့ရလဒ်ကောင်းတွေကို ထုတ်ပေးနိုင််ပါတယ်။ AI ရဲ့ အလုပ်လုပ်ပုံက အလွန်ရှုပ်ထွေးပြီး နားလည်ရခက်ပါတယ်။

Ai ကိုဘယ်နေရာတွေမှာ အသုံးပြုသလဲ
အခုခေတ်မှာတော့ AI ကိုနေရာတော်တော်များများ အထူးသဖြင့် နည်းပညာပိုင်းတွေမှာ အသုံးပြုလာကြပါတယ်။နောက်ပိုင်းထွက်ရှိလာတဲ့ Electronic device တော်တော်များများမှာ AI ကနေရာယူထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး AI အသုံးပြုမှုကတော့ Google ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Google ကုမ္ပဏီဟာ သူ့ ရဲ့Software အကုန်လုံးလိုလိုမှာ AI ကို အသုံးပြုထားပါတယ်။ ဥပမာ သင်ကပြိုင်ကားတွေကိုစိတ်ဝင်စားတဲ့သူဆိုပါတော့။ သင်က Google search engine ကိုသုံးပြီး ပြိုင်ကားတွေကို ကြည့်ရှုလေ့ရှိသူပါ။ သင်ပြိုင်ကားတွေအကြောင်းမကြာခဏရှာဖွေတဲ့အခါ သင့်ဖုန်း သို့မဟုတ် ကွန်ပျူ တာမှာရှိတဲ့ Google ကသင်ပြိုင်ကားတွေကိုစိတ်ဝင်စားကြောင်းမှတ််သားထားလိုက်ပြီဖြစ်ပါတယ်။ တကယ်လို့သင်ဟာ Ferrari ပြိုင်ကားအကြောင်း ရှာလိုကိပြီဆိုရင် Ferrari ရေမွှေး Ferrari အိတ် အစရှိတဲ့ Search result ပေါင်း သောင်းခြောက်ထောင်ထဲကနေပြီး သင်ပြိုင်ကားစိတ်ဝင်စားမှန်းသိတဲ့ Google က ပြိုင်ကားကို ထိပ်ဆုံးမှာပြပေးပါလိမ့်မယ်။ အဲ့ဒီလိုနည်း နဲ့ Google ဟာ ကျွန်တော်တို့ လိုချင်တဲ့ အရာတွေကို မြန်မြန်ဆန်ဆန်နဲ့ မှန်နှန်ကန်ကန်ရှာဖွေပေးနိုင်တာဖြစ်ပါတယ်။ Google search engine ကိုအထောက်အကူပြုပေးတဲ့ AI စနစ်က ဟိုးအောက်ခြေ AIအဆင့်ပဲရှိပါသေးတယ်။အခု ၂၀၁၇ ထွက် Smart phone တွေမှာသုံးနေတဲ့ Face recognizing လို့ခေါ်တဲ့ အလိုအလျောက်မျက်နှာမှတ်မိစနစ်များ ( Facebook နှင့် Google photos တွေမှာအသုံးပြု ခြင်း၊ ထောက်လှမ်းရေး အေဂျင်စီများတွင် ဓာတ်ပုံမှတဆင့် အလိုရှိသောသူကိုရှာဖွေရာတွင် သုံးပြုခြင်း) ၊ လူတွေရဲ့အသံနဲ့ အမိန့်ပေးစေခိုင်းနိုင်သော Software များ ( Siri နှင့် Bixby) ၊ ဆေးကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်းများ စသည်တို့ဟာ AI ရဲ့ အခြေခံတွေဖြစ်ပါတယ်။


 zawgyi font
AI ဆိုတာဘာလဲ
++++++
Artificial Intelligence ( AI ) ဆိုတာအလိုအေလ်ာက္ သင္ယူေလ့လာႏိုင္ေအာင္ေရးဆြဲထားေသာ ကြန္ပ်ဴတာ program တစ္ခုျဖစ္တယ္။ AI ကို Machine learning Algorithm ေတြသံုးၿပီး Deep Learning စနစ္နဲ႔ သင္ယူႏိုင္ေအာင္ေရးဆြဲထားတယ္လို႔ အၾကမ္းသေဘာေျပာႏိုင္ပါတယ္။ လူသားေတြမွာ စဥ္းစားေတြးေခၚႏိုင္တဲ့ ဦးေႏွာက္႐ွိသလို AI ကိုလည္း Computer brain လို႔ပဲေျပာရမွာပါ။ AI က အလိုအေလ်ာက္ သင္ယူႏိုင္တယ္ဆိုေပမယ့္ အခ်ိဳ ့အရာေတြ ( ဥပမာ စစ္တုရင္ကစားျခင္း၊ ဂိမ္းကစားျခင္း) စတဲ့အရာေတြကို လူသားေတြက ေလ့က်င့္ေပးရပါေသးတယ္။ ဒါေပမယ့္ AI ကိုေလ့က်င့္သင္ၾကားၿပီးသြားရင္ေတာ့ လူသားေတြလုပ္ထာထက္ အလြန္ေကာင္းမြန္တဲ့ရလဒ္ေကာင္းေတြကို ထုတ္ေပးနိုင္္ပါတယ္။ AI ရဲ႕ အလုပ္လုပ္ပံုက အလြန္႐ႈပ္ေထြးၿပီး နားလည္ရခက္ပါတယ္။
Ai ကိုဘယ္ေနရာေတြမွာ အသံုးျပဳသလဲ
အခုေခတ္မွာေတာ့ AI ကိုေနရာေတာ္ေတာ္မ်ားမ်ား အထူးသျဖင့္ နည္းပညာပိုင္းေတြမွာ အသံုးျပဳလာၾကပါတယ္။ေနာက္ပိုင္းထြက္႐ွိလာတဲ့ Electronic device ေတာ္ေတာ္မ်ားမ်ားမွာ AI ကေနရာယူထားၿပီးျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔နဲ႔ အနီးစပ္ဆံုး AI အသံုးျပဳမႈကေတာ့ Google ပဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Google ကုမၸဏီဟာ သူ႔ ရဲ႕Software အကုန္လံုးလိုလိုမွာ AI ကို အသံုးျပဳထားပါတယ္။ ဥပမာ သင္ကၿပိဳင္ကားေတြကိုစိတ္ဝင္စားတဲ့သူဆိုပါေတာ့။ သင္က Google search engine ကိုသံုးၿပီး ၿပိဳင္ကားေတြကို ၾကည့္႐ႈေလ့႐ွိသူပါ။ သင္ၿပိဳင္ကားေတြအေၾကာင္းမၾကာခဏ႐ွာေဖြတဲ့အခါ သင့္ဖုန္း သို႔မဟုတ္ ကြန္ပ်ဴ တာမွာ႐ွိတဲ့ Google ကသင္ၿပိဳင္ကားေတြကိုစိတ္ဝင္စားေၾကာင္းမွတ္္သားထားလိုက္ၿပီျဖစ္ပါတယ္။ တကယ္လို႔သင္ဟာ Ferrari ၿပိဳင္ကားအေၾကာင္း ႐ွာလိုကိၿပီဆိုရင္ Ferrari ေရေမႊး Ferrari အိတ္ အစ႐ွိတဲ့ Search result ေပါင္း ေသာင္းေျခာက္ေထာင္ထဲကေနၿပီး သင္ၿပိဳင္ကားစိတ္ဝင္စားမွန္းသိတဲ့ Google က ၿပိဳင္ကားကို ထိပ္ဆံုးမွာျပေပးပါလိမ့္မယ္။ အဲ့ဒီလိုနည္း နဲ႔ Google ဟာ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ အရာေတြကို ျမန္ျမန္ဆန္ဆန္နဲ႔ မွန္ႏွန္ကန္ကန္႐ွာေဖြေပးႏိုင္တာျဖစ္ပါတယ္။ Google search engine ကိုအေထာက္အကူျပဳေပးတဲ့ AI စနစ္က ဟိုးေအာက္ေျခ AIအဆင့္ပဲ႐ွိပါေသးတယ္။အခု ၂၀၁၇ ထြက္ Smart phone ေတြမွာသံုးေနတဲ့ Face recognizing လို႔ေခၚတဲ့ အလိုအေလ်ာက္မ်က္ႏွာမွတ္မိစနစ္မ်ား ( Facebook ႏွင့္ Google photos ေတြမွာအသံုးျပဳ ျခင္း၊ ေထာက္လွမ္းေရး ေအဂ်င္စီမ်ားတြင္ ဓာတ္ပံုမွတဆင့္ အလို႐ွိေသာသူကို႐ွာေဖြရာတြင္ သံုးျပဳျခင္း) ၊ လူေတြရ႔ဲအသံနဲ႔ အမိန္႔ေပးေစခိုင္းႏိုင္ေသာ Software မ်ား ( Siri ႏွင့္ Bixby) ၊ ေဆးကုသမႈဆိုင္ရာ ဆံုးျဖတ္ခ်က္ခ်ျခင္းမ်ား စသည္တို႔ဟာ AI ရဲ႕ အေျခခံေတြျဖစ္ပါတယ္။

No comments:

Post a Comment

မင်္ဂလာပါ..