IT နည်းပညာများ အလွယ်တကူ လေ့လာနိုင်မယ့် Website Link များ
IT နည်းပညာများ စမ်းသပ်လိုသူများအတွက် စာဖတ်ပြီး လိုက်လုပ်ရတာထက် ဓာတ်ပုံများမှတဆင့် ဖော်ပြထားတဲ့အတိုင်း လိုက်လုပ်ရတာ ပိုပြီး လွယ်ကူပါတယ်။
ဒီလိုပဲ ဓာတ်ပုံများကို ကြည့်ရတာ အားမရသူများအတွက် ဗီဒီယိုကတဆင့် Tutorial များ လေ့လာလိုသူတွေ အဆင်ပြေစေမယ့် Website Link တချို့ကို ဝေမျှလိုက်ပါတယ်။
၁။ Videojug
ဒီ Website မှာ အခြေခံနည်းပညာ အချက်အလက်တွေ ကို လေ့လာနိုင်ပါတယ်။ ဥပမာ - သင့်ရဲ့ ကွန်ပျူတာနဲ့ တီဗီကို ဘယ်လိုချိတ်မလဲဆိုတာမျိုးတွေကို ဗီဒီယိုနဲ့တကွ သေချာရှင်းပြထားပါတယ်။
သူ့ရဲ့ Link က http://www.videojug.com/ ဖြစ်ပါတယ်။ အဲဒီမှာ (Laptop) ကို ဘယ်လို သန့်ရှင်းရေး လုပ်မလဲ၊ (Memory) ပိုများအောင် ဘယ်ဟာတွေ ကို (Install) လုပ်ရမလဲ စသဖြင့် အခြေခံ နည်းပညာများကို လေ့လာနိုင် ပါတယ်။
၂။ PC World
ဒီ Website ကိုတော့ လူအတော်များများ သိကြပြီးဖြစ်မှာပါ။ ဒါပေမယ့် ယူကေက PC World Store နဲ့ ရောနေတတ်ပါတယ်။ PC World ဝက်ဘ် ဆိုက်က သက်သက်ဖြစ်ပါတယ်။ သူ့ရဲ့ Link က http://www.pcworld.com/ ဖြစ်ပါတယ်။
အဲဒီမှာတော့ နည်းပညာအခက်အခဲတွေကို ဖြေရှင်းတဲ့ နည်းလမ်းပေါင်း များစွာ ရှိပါတယ်။ ကျွန်တော်တို့ အတွက် အသုံးတည့်မယ့် ဗီဒီယိုတွေလည်း ရှိပါတယ်။ ဥပမာ - ကင်မရာထဲက ပုံတွေကို မှားဖြတ်လိုက်မိတာ ဘယ်လို ပြန်ယူရမလဲဆိုတဲ့ နည်းလမ်းလေးတွေလည်း တွေ့ရပါတယ်။ သွားရောက် လေ့လာသင့်တဲ့ Link တစ်ခု ဖြစ်ပါတယ်။
၃။ Howcast
ဒီ Website ကတော့ Network သမားတွေအတွက် အသုံးတည့်ပါတယ်။ ဒါ့အပြင် သာမန်လူတွေအတွက် အိမ်မှာ Wireless Network ဘယ်လို တပ်ဆင်မလဲဆိုတာမျိုးလေးတွေလည်း ဗီဒီယိုနဲ့ ရှင်းလင်းထားတာကို http://www.howcast.com/ မှာ သွားရောက် ရှာဖွေလေ့လာနိုင် မှာ ဖြစ်ပါတယ်။
၄။ Adobe TV
Adobe TV မှာ Photoshop နဲ့ ပုံတွေ ဖန်တီးတာမျိုး၊ Flash သုံးပြီး Animation တွေ၊ Game တွေ ဖန်တီးတာမျိုးတွေကို ဗီဒီယိုနဲ့ တင်ထားပေးပါ တယ်။ Graphic သမားတွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။
၅။ Ideal Programmer
Ideal Programmer ကတော့ Stanford Collection တွေ စုစည်းထားတဲ့ နေရာလို့ ပြောလို့ ရနိုင်ပါတယ်။ သူ့မှာ C++ နဲ့ ပတ်သက်ပြီး လေ့လာစရာ အခြေခံတွေရှိတဲ့အပြင် တခြား Programmer တွေအတွက် အသုံးတည့်မယ့် လေ့လာစရာများစွာကို စုစည်းပေးထားပါတယ်။ http://idealprogrammer.com/ မှာ ဗီဒီယို အများစုကို Free ကြည့်နိုင်ပေမယ့် တချို့ ဗီဒီယိုတွေက ပိုက်ဆံပေးရပါတယ်။
copy ;;;
မြန်မာ့ဇွဲမာန် - www.myanmarzweman.com
No comments:
Post a Comment
မင်္ဂလာပါ..