menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone နားကြပ်နှင့် လူသိနည်းသော လုပ်ဆောင်ချက်များ


iPhone နားကြပ်ကို အသံ အတိုးအချဲ့လုပ်ဆောင်ဖို့ရန်အတွက်ပဲအသုံးပြုနိုင်တာ မဟုတ်ပါဘူး။ အောက်တွင်ဖော်ပြထားတဲ့ အချက်တွေလည်းလုပ်ဆောင်နိုင်ပါတယ်။


၁။ သီချင်းနားထောင်နေစဉ်မှာ နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကိုနှိပ်ပြီး ခေတ္တရပ်နားခြင်း သို့မဟုတ် ဆက်လက်နားထောင်ခြင်းပြုလုပ်နိုင်ပါသည်။

၂။ သီချင်းကို ရှေ့သို့အမြန်ကျော်လိုလျှင် နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကို ၂ချက်နှိပ်ပါ။ ဒုတိယမြောက်တစ်ချက်ကို အနည်းကြာအောင်ဖိနှိပ်ထားပါ။

၃။ သီချင်းကို အနောက်သို့ပြန်ရစ်လိုလျှင် နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကို ၃ချက်နှိပ်ပါ။ တတိယမြောက်တစ်ချက်ကို အနည်းငယ်ကြာအောင်ဖိနှိပ်ထားပါ။

၄။ သီချင်းကျော်လိုလျှင် နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကို ၂ချက်နှိပ်ပါ။
၅။ သီချင်းအနောက်တစ်ပုဒ်ကို ပြန်သွားလိုလျှင် နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကို ၃ချက်နှိပ်ပါ။

၆။ ဖုန်းအဝင် call လာပါက နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကို ၁ချက်နှိပ်၍ဖြေဆိုနိုင်ပြီး နောက်၁ချက်နှိပ်ရုံဖြင့်ဖုန်းပြန်ချနိုင်ပါသည်။

၇။ ဖုန်းအဝင် call ကိုလက်ခံပြီးမဖြေကြားချင်လျှင် နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကို ကြာကြာဖိနှိပ်ထားပါ။

၈။ အကယ်၍ဖုန်းလက်ခံပြောနေစဉ်မှာ ဖုန်းနောက်တစ် call (second call) ဝင်လာလျှင် နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကို နှိပ်ပြီး second call ကိုလက်ခံဖြေကြားနိုင်ပြီး ထို call ကို အဆုံးသတ်လိုလျှင် အလယ်ခလုတ်ကို ၂စက္ကန့်ဖိနှိပ်ထားပါ။

၉။ iPhone အသံအတိုးအချဲ့ လုပ်တဲ့ ခလုတ်မှ အသံချဲ့ ခလုတ်ကိုနှိပ်၍လည်း ဓာတ်ပုံရိုက်နိုင်ပါတယ်။

၁၀။ iPhone 4s နှင့် iPhone 5 အသုံးပြုသူတွေကတော့ ဖုန်းမှ အလယ်ခလုတ်ကို ကြာကြာဖိနှိပ်ထားခြင်းဖြင့် Siri သို့တိုက်ရိုက်သွားရောက်နိုင်ပါတယ်။

No comments:

Post a Comment

မင်္ဂလာပါ..