menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Smart Pro Journal က ဖော်ပြတဲ့ အသုံးဝင် Samsung Code များကို ထပ်ဆင့် ဖော်ပြ လိုက်ရ ပါတယ်။
Photo: Samsung ပရိသတ်တွေအတွက် လျို့ဝှက်အညွှန်းကုဒ်များ
**************************************

Aung Heine ( www.smart.com.mm )
အခု ခေတ်မှာ ဖုန်းဆိုင်တွေများပြားစွာ ပေါ်ပေါက်နေတာဖြစ်လို့အရည်အသွေးအနေနဲ့
သံသယမဖြစ်ရအောင် ဖော်ပြပေးလိုက်ပါတယ်။
ပုံမှန်ထက် ဈေးသက်သာလို့ ဈေးကြီးလို့  စိတ်ထဲတစ်မျိုး ဖြစ်နေရင် ဒီကုဒ်လေးတွေနဲ့ စစ်ဆေးကြည့်လိုက်ပေါ့
ကိုယ်ရဲ့ ဖုန်းဟာ ဘယ်လိုအရည်အသွေး၊ ဘယ်လိုစွမ်းဆောင်ရည်ရှိတယ်ဆိုတာ လူတိုင်းသိချင်ကြမှာပဲလေ ။

ကောင်းပါပြီ။ အောက်မှာ ကြည့်လိုက်ပါဦး

ဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေ အတွက်     *#*#4636#*#*  ကိုနှိပ်ပါ။
သင့်သိချင်တဲ့  IMEI ကုတ်၊ မိမိရဲ့ဖုန်းနက်ဝမ်၊ ဖုန်းဝန်ဆောင်မူထဲမှာ ရှိမရှိသိရှိစေမှာ ဖြစ်ပါတယ်။
ဘတ္တရီနဲ့  ပတ်သက်တဲ့ အချက်တွေ အပြင် ဖုန်းမှာ သုံးထားတဲ့ ကိန်းဂဏန်းဇယားတွေကိုဖော်ပြပေးမှာ ဖြစ်ပါတယ်။

Touch Screen စမ်းသပ်ရန်အတွက်
 ဒီစမ်းသပ်ချက်လေးက ဖုန်းမ၀ယ်ခင်လေးမှာ တော်တော် အသုံးဝင်ပါလိမ့်မယ်။
ဖုန်းတစ်လုံးရဲ့ Touch Screen အရည်အသွေးကို သိရှိစေနိင်ပါတယ်။
ဒီအတွက် *#*#2664#*#*  ကိုနှိပ်ပါ ဗျာ ။

touch screen version အတွက်ကတော့
*#*#2663#*#*  ကိုနှိပ်ပါ။

ဖုန်းခေါ်လိုက်တာနဲ့ လက်နဲ့ပွတ်စရာမလိုပဲ နားနဲ့ကပ်ရုံနဲ့ ဖြေကြားနိင်တဲ့  proximity sensor ကိုစမ်းသပ်ဖို့အတွက်
*#*#0588#*#* ကိုနှိပ်ပါ။

ဖုန်းတစ်လုံးမှာ RAMက လည်းအရေးကြီးပါတယ်။ တစ်ချို့ဖုန်းတွေက အပြင်မှာ RAM ဘယ်လောက်ဘယ်လောက်ဆိုပြီး ရေးထားပေမဲ့လို့
တစ်ကယ်တမ်း တရားဝင်မဟုတ်တဲ့ ဖုန်းတွေဖြစ်နေတတ်ပါတယ်။ ကဲ ကိုယ်ဖုန်းက အတုလား အစစ်လားဆိုတာ 
RAM အတွက်  *#*#3264#*#*  ကိုနှိပ်လိုက်ပါဦး။ Null ဆိုရင်တော့ တရားမ၀င်လို့ဖော်ပြထားတာဖြစ်ပါတယ်။

မြူးဇစ် ကြိုက်တဲ့ ကိုကို မမများ  ဖုန်းရဲ့ အသံပိုင်းဆိုင်ရာ မယ်လိုဒီ စမ်းသပ်ဖို့အတွက်ကတော့ *#*#0673#*#* ကိုနှိပ်ကာ စမ်းကြည့်ပါ။

တုန်ခါမူ Vibration အတွက် *#*#0842#*#*  ကိုနှိပ်ကာ စမ်းပါ။

ဖုန်းတစ်လုံးရဲ့ အရောင်ကာလာကောင်းမွန်မူ၊ အာရုံခံ  Accelerometer တွေကောင်းမကောင်း၊ စပီကာကောင်းမကောင်း၊ ကင်မရာကြည်မကြည်ဆိုတာတွေ
အားလုံးအတွက်   lcd  စမ်းသပ်မူလိုခေါ်တဲ့ ဒီနံပါတ်ကိုနှိပ်ကာ  *#*#0*#*#*  စမ်းပါဗျို့

အဆင်ပြေချောမွေ့ကာ စိတ်ချမ်းသာကျန်းမာ ကြပါစေဗျာSamsung...ပရိသတ်တွေအတွက် လျို့ဝှက်အညွှန်းကုဒ်များ

အဆင်ပြေချောမွေ့ကာ စိတ်ချမ်းသာကျန်းမာ ကြပါစေဗျာ

No comments:

Post a Comment

မင်္ဂလာပါ..