အပြင်ကို တစ်ယောက်တည်းသွားမယ်.....ဘာဖြစ်လဲ...
မွေးလာကတည်းက
တစ်ယောက်တည်း။ ခုထိ....အဖော်မရှိပြန်တော့လည်း တစ်ယောက်တည်း။
စိတ်ကြိုက်သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူတို့ကိုရှာမတွေ့သေးသရွေ့လည်း
တစ်ယောက်တည်းဘ၀ကို ဖြတ်သန်းရမှာပါပဲ။ အမှန်တကယ်တော့ တစ်ယောက်တည်းဘ၀မှာ အားငယ်နေစရာဆိုလို့ တစိုးတစိမှမရှိ ပါဘူး။ ဘာကိုတွေးပြီး အားငယ်နေမှာလည်း။ နေတတ် ရင် ကျေနပ်စရာတွေအများကြီးပါ။
တစ်ယောက်တည်းဘ၀ကို ဖြတ်သန်းရမှာပါပဲ။ အမှန်တကယ်တော့ တစ်ယောက်တည်းဘ၀မှာ အားငယ်နေစရာဆိုလို့ တစိုးတစိမှမရှိ ပါဘူး။ ဘာကိုတွေးပြီး အားငယ်နေမှာလည်း။ နေတတ် ရင် ကျေနပ်စရာတွေအများကြီးပါ။
တစ်ယောက်တည်းသမားတွေမှာ
လုပ်ချင်ရာကိုစိတ်ကြိုက်လုပ်ခွင့်ရှိတယ်။ ဘေးကလူကို အားနာစရာမလိုဘူး။
စိတ်ပူနေ စရာမလိုဘူး။ စားချင်တာစား သွားချင်ရာသွားခွင့်ရှိတယ်။ ၂၄နာရီလုံး
တစ်ဦးပိုင်အချိန်တွေချည်းပဲ။ အချိန်တွေဝေမျှ ပေး စရာမလိုဘူး။
လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ရှိတဲ့ဘ၀ကြီးမှာမှ ပတ်ဝန်းကျင်ရဲ့
မျက်လုံးပေါင်းများစွာအောက် ကြောက် စိတ်တွေဝင်လာခဲ့ရင်တော့
နည်းလေးတွေပေးချင်တယ်။ မိတ်ဆုံစားပွဲတွေသွားရာမှာလည်း တစ်ယောက်တည်းသွားဖို့
တွန့်ဆုတ်ကြောက်လန့်နေပါသလား။ ဘ၀အဖော်မွန်ကောင်းနဲ့တွေ့လို့
ခြိမ့်ခြိမ့်သည်းမင်္ဂလာပွဲကျင်းပနေတဲ့ မိတ်ဆွေ
သူငယ်ချင်းတွေရဲ့ပွဲကိုတက်ဖို့ အားငယ်မိနေသလား။ ကဲ....လာပါပြီ
နည်းလမ်းအသွယ်သွယ်...မိတ်ဆွေလည်းတိုး ဘ၀ရသတွေလည်း အဖိုးထိုက်ဖို့ ဒီနေရာက
အကြံပေးလိုက်ပါတယ်။
ရုပ်ရှင်ရုံကိုသွားမယ်
ရုပ်ရှင်သွားကြည့်တယ်ဆိုတာက
နှစ်ယောက်ဖြစ်နေစရာမလိုဘဲ တစ်ယောက်တည်း ပေါ့ပေါ့ပါးပါးလေးသွားနိုင်တဲ့နေရာ
မျိုးပါ။ ရာပေါင်းများစွာ များပြားတဲ့လူတွေက သင်တစ်ယောက်တည်းဆိုတာကို
သတိထားမိကြမှာမဟုတ်ပါဘူး။ တကယ် လို့ လူများတဲ့အချိန်သွားဖို့
မ၀ံ့မရဲဖြစ်နေမယ်ဆိုရင် လူရှင်းတဲ့အချိန်သွား။ ဒါမှမဟုတ် ရုပ်ရှင်ရုံထဲမှာ
မီးတွေအားလုံး အမှောင်ချထားတဲ့အချိန်သွားနိုင်ပါတယ်။ ပြီးရင်တော့ အရင်က
အကြိမ်ပေါင်းများစွာလုပ်ခဲ့ဖူးတဲ့ပုံစံအတိုင်း ရုပ်တည်လေး
နဲ့ဝင်ထိုင်ရုံပေါ့။ ဘေးကလူ ဘယ်သူပဲဖြစ်နေနေ ဘာအရေးလဲ။ သူ့မျက်နှာလည်း
သည်းသည်းကွဲကွဲကိုယ်မမြင်ရ၊ ကိုယ့် မျက်နှာလည်း
သည်းသည်းကွဲကွဲသူမမြင်ရဘူးလေ။ ကိုယ့်နေရာကိုယ်ထိုင်
ကိုယ့်မုန့်ကိုယ်စားပြီး ဒူးနှံ့ပြီးတောင်နေနိုင်ပါ သေးတယ်။
စကားဖြတ်ပြောမယ့်သူမရှိဘဲ ရုပ်ရှင်ကို တ၀ကြီးအေးအေးဆေးဆေးကြည့်နိုင်ပါတယ်။
တခြားလူတွေကများ ငါ့ကို တစ်ယောက်တည်းဖြစ်လို့ ကြည့်နေကြမလားဆိုတဲ့
စိတ်ကိုဖျောက်ပြစ်ပါ။ ရုပ်ရှင်ကြည့်ပရိတ်သတ်တော်တော်များ များအတွက်
ပြောင်းဖူးပေါက်ပေါက်တွေ အာလူးကြော်တွေနဲ့ နေကြာစေ့သံတညံညံကသာ
စိတ်ဝင်စားစရာအကောင်း ဆုံးပါ။ ဒါကြောင့် သင်တစ်ယောက်တည်းလာပြီး
အမှောင်ထဲမှာပျောက်နေတာကို သတိထားမိမှာမဟုတ်ပါဘူး။
မင်္ဂလာဆောင်ပွဲမယ်
မင်္ဂလာပွဲကို
တစ်ယောက်တည်းသွားဖို့တွေးကြောက်နေလား။ သတ္တိကြောင်နေလား၊ မသွားတော့ပါဘူးလေ
တစ်ယောက် တည်းကတော့ လန့်စရာကြီးပါလို့တွေးနေလား။ အခုချက်ချင်း
အဲဒီအတွေးတွေကို ရပ်တန့်ဖြတ်တောက်လိုက်ပါ။ ပွဲကို
အတော်ကြီးနောက်ကျမှသွားမယ်။ နောက်နားမှာထိုင်ပြီး ခိုးကြောင်ခိုးဝှက်နဲ့
တစ်ယောက်တည်း လူမသိသူမသိပြန်သွားဖို့ မစဉ်းစားပါနဲ့။ မင်္ဂလာပွဲတွေကို
တော်တန်ရုံလောက်ဆိုပြီး ကိုယ့်ဖာသာအဆင့်မခွဲခြားပါနဲ့။ အ၀တ်အစားကို
လိုက်ဖက်ညီ ညီနဲ့ တောက်တောက်ကြွကြွလေးရွေးပါ။ ဘေးကလူကိုမသိပေမယ့်လည်း
ကိုယ့်ဖာသာကိုယ် အသိနည်းနည်းရှိတဲ့ ၀ိုင်းနား ပြေးကပ်ပြီး ကိုယ့်ကိုယ်ကို
အရင်စမိတ်ဆက်ပါ။ ရောက်တာနဲ့ ကြွကြွရွရွလေး ရှေ့ဆုံးထိလျှောက်လှမ်းပြီး
အသိမိတ်ဆွေ တစ်ဦး တစ်ယောက်များတွေ့လို့ကတော့ အပြုံးတွေပစ်ကျွေးပြီး
နှုတ်ဆက်လိုက်ပါ။ ပြီးရင်သင့်တော်ရာနေရာယူပြီး ဘေး နားကလူနဲ့ စတင်မိတ်ဆက်ပါ။
ပြောစရာစကားလမ်းစရှာမရဘူးဆိုရင်တောင် အဲဒီမင်္ဂလာပွဲရဲ့ပေါ်ပြူလာအဖြစ်ဆုံး
လူနှစ် ယောက်ဖြစ်တဲ့ သတို့သားနဲ့သတို့သမီးအကြောင်းတွေပြောကြည့်ပါ။
ဘယ်လောက်လှကြောင်း၊ ဘေးကလူနဲ့ ဘယ်တုန်း ကစသိခဲ့တာလဲ စသဖြင့်
စကားတွေဖောင်ဖွဲ့ကြည့်ပါ။ တိတ်တိတ်ကလေးခြောက်ခြောက်ချားချားဖြစ်နေမယ့်အစား
မိတ်ဆွေတိုးအောင်ဖန်တီးပါ။ သတို့သမီး၊ သတို့သားနဲ့ ပတ်သက်ပြီး မှတ်မိသမျှ
ရှေးဟောင်းနှောင်းဖြစ် ပျော်စရာလေး တွေကို မျှဝေကြည့်ပါ။ သင့်အတွက်
ကြောက်စိတ်တွေလွင့်ပြီး ပျော်စရာပွဲလေးတစ်ခုဖြစ်လာပါလိမ့်မယ်။
စားသောက်ဆိုင်ကိုသွားတဲ့အခါ
အစားအသောက်တွေကို
တစ်ယောက်တည်းစိတ်ရှိတိုင်းသွားစားဖို့တောင် စိတ်ဖိစီးပြီး
ညစ်နေတယ်ဆိုပါတော့...။ အမှန် တော့လည်း မိတ်ဆွေသူငယ်ချင်းတွေနဲ့
အစားလေးစားရင်း စကားလေးပြောရင်းနဲ့ အချိန်တွေကုန်မှန်းမသိကုန်တတ်တာ သဘာဝပါ။
ဒါပေမယ့် သူများနဲ့မတူဘဲ တစ်ယောက်တည်းဖြစ်နေလို့
ပိုက်ဆံရှိရက်နဲ့စားရမှာတောင် ၀န်လေးနေလား။ စိတ်မပူပါနဲ့ သင်ကဆိုင်မှာ
အလကားစားမှာမှမဟုတ်တာ။ ပိုက်ဆံတော့ အလုံအလောက်ယူသွားရမှာပေါ့။ ပိုက်ဆံမ
လောက်အောင်တော့ မမှာမိစေနဲ့။ ကူမယ့်သူမပါဘူးလေ။
ထားပါတော့....စားသောက်ဆိုင်ကို စရွေးကတည်းက အေး ဆေးတဲ့ဆိုင်ဆိုရင်
တစ်ယောက်တည်းသမားတွေနဲ့ ပိုသင့်တော်ပါတယ်။ ပြီးလို့
ဆိုင်ကိုရောက်ပြီဆိုရင်လည်း မြင်ကွင်း ကောင်းတဲ့နေရာလေးမှာရွေးထိုင်ပါ။
ဟော..စားပွဲထိုးလေးကရောက်လာပြီ တစ်ယောက်တည်းလား ဘာမှာမလည်းမေးတဲ့ အခါ
မျက်နှာပျက်မသွားပါနဲ့၊ ဒေါသထွက်မသွားပါနဲ့၊ သူတို့ကလည်း ၀တ္တရားအရမေးတာလေ။
ဒီတော့ အပြုံးတစ်ပွင့် အမြန်ပစ်ပေးလိုက် (လှစ်ခနဲ)။ ပြီးရင် တစ်ယောက်စာပဲ
မှာထားလိုက်မယ်လေဆိုတဲ့အသံကို ပြုံးပြုံးလေးနဲ့ ပျော်တဲ့ဘက် ရောက်တဲ့
အသံလေးနဲ့ပြောလိုက်ပါ။ တစ်ယောက်တည်းဖြစ်လို့ စိတ်ပျက်အားငယ်နေတဲ့
စတိုင်လ်မလုပ်ပါနဲ့။ တကယ် လို့မှ စိတ်ကသိကအောက် ဖြစ်နေသေးတယ်ဆိုရင်တော့
Menuကိုယူ ဟိုကြည့် ဒီကြည့်နဲ့ စိတ်ကြည်လင်လာတဲ့အထိ အချိန်စွဲထားပါ။
ပတ်ဝန်းကျင်ကလူတွေ ဘာမှာစားကြသလဲဆိုတဲ့ ပုံစံမျိုးရအောင် ပတ်ဝန်းကျင်ကို
ဟိုကြည့်ဒီကြည့်နဲ့ အကြည့်လွှဲပါ။ တစ်ယောက်တည်း
သီးသန့်လေးစားချင်တဲ့သူတွေကို ဘယ်သူကမှ လှောင်ဖို့ဆန္ဒမရှိပါဘူး။
သူတို့အရှေ့ မှာရှိတဲ့ အစား အသောက်တွေကို သင့်ထက်ပိုစိတ်ဝင်စားပါတယ်။
ပါတီတက်မယ်
ပါတီပွဲတစ်ခုသွားဖို့
အကြောင်းဖန်လာရင်လည်း တစ်ယောက်တည်းသွားရတော့မယ်ဆိုတဲ့စိတ်နဲ့ လန့်မ
နေပါနဲ့။ သင်မသိ သေးတဲ့လူတွေနဲ့တွေ့ဖို့ကို တွေးပြီးကြောက်မနေပါနဲ့။
ပါတီလည်းတက်ချင်ရဲ့ စိတ်ကလည်း မ၀ံ့မရဲဖြစ်မနေပါနဲ့။ မသိတဲ့ လူတွေနဲ့တွေ့ရင်
ငါဘာလုပ်ရမှာလဲဆိုတဲ့....မေးခွန်းတွေနဲ့ ကိုယ့် ကိုယ်ကို
စစ်မရောက်ခင်ကတည်းက မြှားကုန်မနေ ပါနဲ့။ ဒါကြောင့် ပွဲတစ်ပွဲကို
တစ်ယောက်တည်းတက်ဖို့ အားငယ်နေသူတွေအတွက် အကြံလေးတွေ ပေးချင်ပါတယ်။
(၁) သင့်ကိုမြင်လိုက်တာနဲ့
ကျော့ရှင်းလှပနေတယ် သပ်ရပ်ခန့်ငြားနေတယ်၊ ချစ်စရာကောင်းလိုက်တာ ကြည့်လို့
အဆင်ပြေလိုက်တာဆိုတဲ့ ချီးကျူးသံတွေထွက်လာစေတဲ့ အ၀တ်အစားမျိုးဆိုရင်
ဘာကိုမှ ရှိုးတိုးရှန့်တန့်မဖြစ်ဘဲ ရဲရဲသာ ၀တ်ပါ။ သက်တောင့်သက်သာမရှိဘဲ
ကိုယ်တိုင်လည်း စိတ်ရှုပ်စေတဲ့ အ၀တ်အစားမျိုးကိုရှောင်ပါ။
(၂) သင်ရောက်တဲ့အချိန်မှာ
လူတွေအတော်စုံနေပြီဆိုရင်တော့ သူများနှုတ်ဆက်တာကို မျှော်လင့်စောင့်
စားနေမယ့် အစား သင်က အရင်လိုက်နှုတ်ဆက်သင့်ပါတယ်။
(၃) စိတ်ကိုလျော့ထားပါ။
မျက်နှာက်ု သကာရည်လောင်းထားပါ။ လူတွေများများရှိတဲ့နေရာမှာနေပါ။
လှပပြီးဆွဲ ဆောင်မှုရှိတဲ့စကားလုံးလှလှလေးတွေနဲ့ ထိန်းထားပါ။ ဒါမှသင်ဟာ
တစ်ယောက် တည်းအားငယ်မနေတာကို ချီးကျူး ပါလိမ့်မယ်။
သင့်ရဲ့တော်ကီတွေမှာမျောပြီး ခင်ချစ်စိတ်တွေ တဖွားဖွားပေါ်လာပါလိမ့်မယ်။
(၄) လူတွေနဲ့စကားပြောတဲ့အခါ
ဘယ်အကြောင်းအရာတွေကို စီကာပတ်ကုံးနဲ့ စိတ်ဝင်စားအောင် ပြောရင် ကောင်း
မလဲဆိုတာ စဉ်းစားထားပါ။ ကြည့်တာနဲ့ စိတ်ပျက်စေတဲ့ အူကြောင်ကြောင်ငြိမ
နေမယ်ဆိုတဲ့ အတွေးတွေရှိရင် အမြန် ဖျက်စီးလိုက်ပါ။ ဒါ
ငါ့ပွဲဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့သွားကြည့် ပါ။
ကဲ...ဒီလောက်ဆိုရင်တော့
ဘယ်နေရာ သွားသွား နေရာတိုင်းမှာ အံဝင်ခွင်ကျဖြစ်နိုင်လောက်ပြီလို့ထင်ပါ
တယ်။ တစ်ယောက်တည်းဆိုတာ ဘေးလူကိုအားနာစရာမလိုဘဲ စိတ်ကြိုက်စိတ်ရှိတိုင်း
လုပ်ချင်ရာလုပ် ခွင့်ရှိတဲ့ဘ၀မို့ ပူဆွေးမနေဘဲ တစ်ယောက်တည်း
ခပ်မိုက်မိုက်ပဲလွင့်ကြည့်လိုက်ပါ။
Ref: www.people.com.mm
No comments:
Post a Comment
မင်္ဂလာပါ..