menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ပျော်ရွှင်စွာ ပြီးဆုံးခြင်း



မိမိချစ်ရတဲ့ လင်ယောက်ကျားဟာ တခြားမိန်းခလေးတယောက်နဲ့  ချစ်ကြိုက်နေတယ်လို့  သံသယ ၀င်နေပြီး မိမိကိုယ်မိမိ တံတားပေါ်က နေခုံချ သတ်သေဘို့  ပြင်နေတဲ့ အမျိုး သမီးတဦးကို လူထုနဲ့  ကယ်ဆယ်ဝင်ထမ်းတွေက အောက်ကနေ ဘယ်လိုပင်ဖြောင့်ဖျ တားနေကြသော်လည်း အရူးတယောက်လို့  ငိုယိုရင်း သူဘ၀ အဆုံးသတ်ပါတော့မယ်လို့ ဘဲ ပြောနေတယ်။

နောက်ဆုံးတော့ သူယောက်ကျားရှိနေနေရာကို အမြန်သွားခေါ်လာပြီး အောက်နေပြောခိုင်းတော့ လင်မယားနှစ်ယောက် ပြသနာတွေ အော်ပြောကြပါတယ်။
ယောက်ကျားဖြစ်သူ လက်ထဲမှာ (၃)လသား ခလေးငယ်လေးကိုပွေ့ ထားပါတယ်။
"ရှင်ခုမှဘာလို့ လိုက်လာရတာလဲ အိမ်မှာတုံးက သေချင်လည်းသွားသေဆို"
"မဟုတ်ဘဲ နင်အထင်နဲ့ စွပ်စွဲနေတာကို စိတ်ဆိုးပြီးပြောလိုက်တာပါ"
ယောက်ကျားဖြစ်သူက လော်စပီကာနဲ့ အော်ပြောနေပါတယ်၊သူ့ အလုပ်ဆိုက်က ကောင်းမလေး တယောက်နဲ့ တွဲနေတာ သူငယ်ချင်းကမြင်ခဲ့တယ်ဆိုတာ မဟုတ်ကြောင်းဂှင်းပြနေပါတယ်။
ခလေးမှာလည်း နေပူတာကြောင့် အော်ငိုနေတဲ့အခါ နောက်ဆုံး အဖေဖြစ်သူက ဘာမှမပြောဘဲ ခလေးကိုဘဲ မြောက်ပြထားလိုက်ပါတယ်။
Min Burma's photo.
မိခင်ဆိုတာ သားသမီးငိုနေတာမြင်ရတဲ့အခါ စိတ်ပြောင်းသွားပြီး တံတားသဘောင်ကနေ သူ့ ခ လေးကို သူဆီပို့ ဘို့  တောင်းဆိုပါတယ်။
နောက်ဆုံးတော့ ယောက်ကျားရောခလေးရော အနားရောက်လာတော့ နှစ်ယောက်သား ဖက်ငိုလိုက်ကြတာကို အောက်ကကြည့်နေတဲ့လူထုကြီးက ဟေးလို့ အော်ဟစ် လက်ခုတ်တီး လိုက်ကြပါတယ် ကယ်ဆယ်ရေးဝမ်ထမ်းတွေမှာလည်း သက်ပြင်းချနိုင်ခဲတယ်။
အမျိုးသမီးခုံချမယ့်နေရာဟာ ကားတွေသွားလာနေတဲ့ လမ်းမကြီးဖြစ်လို့  ခုံချတဲ့အခါမှာ အောက်ကခံ ပေးဘို့  အသက်ကယ်ဘောကြီး ရောက်မလာသေးတာကိုလည်း စိုးရိမ်နေရတာပါ။
တမ္ဘာလုံးတွင် တနှစ်လျှင် လူပေါင်း တသန်းကျော် မိမိကိုမိမိသိတ်သေခဲ့ကြပြီး ၄၀ စက္ကန့် လျှင်တဦးနုံး သေကြောင်းကြံ၍ သေဆုံးနေပါတယ်၊ထိုင်းနိုင်ငံတွင်းမှာတော့ တနာရီနှစ် ယောက်နုံးလောက် မိမိကိုမိသေကြောင်းကြံသည့် အမှူများဖြစ်ပွားနေရာမှာ အမျိုးသမီးဦးရေ သုံးပုံတပုံပါဝင်နေပါတယ်။
အဓိက အကြောင်းရင်းများမှာ အမွေဆိုင်-စီးပွားရေး အရင်းပြုတ်-လင်မယားပြသနာ အများ ဆုံးဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာလည်း မိမိကိုမိမိသတ်သေတဲ့ဖြစ်ရပ်တွေ ပိုများလာပေမယ့် အတိကျမှတ်တမ်းတင်ထားခြင်းမ၇ှိသေးပါ။။။။။။။။။။။။ minburma

No comments:

Post a Comment

မင်္ဂလာပါ..